ကျွန်မ ကလေးက အရမ်းသိ၊ အရမ်းတတ်တာ ဖုန်းဆိုလည်း သူ့ဟာသူ ဖွင့်တတ်တယ်ဆိုပြီး ဂုဏ်ယူနေတဲ့ မေမေတွေအတွက်ပါ

ကလေးကို ဖုန်းပေးကိုင်တော့မယ်ဆိုရင်

တလောက တူလေး နေမကောင်းတာနဲ့ ကျောင်းလည်း မတက်ရတော့ အခွင့်အရေးယူပြီး ဖုန်းနဲ့ ဂိမ်းဆော့တယ်။ အဲဒီမှာ သိသာတာက မျက်လုံးတစ်ဖက်က သူ တစ်ခုခုကို အာရုံစိုက်နေချိန်ဆို နည်းနည်းစွေချင်သလိုလေး ဖြစ်သွားတယ်။ ဒါတောင် သူ ဖျားတဲ့၂ ရက်အတွင်းနော်။ နောက်ပိုင်း ဖုန်းမသုံးရ၊ အိုက်ပက်မကိုင်ရနဲ့ ဟန့်လိုက်မှ ပုံမှန်ပြန်ဖြစ်သွားတာ။

မနေ့က freedytv.com သတင်းမှာ ကလေး ၂နှစ်မှာ ဖုန်းပေးသုံးခဲ့မိလို့ နောင်တရကြောင်း ဖခင်တစ်ဦးက သူ့အတွေ့အကြုံကို မျှဝေသတိပေးထားပါတယ်။

b2

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

သူ့သမီးလေးက အသက် နှစ်နှစ်ကတည်းက စမတ်ဖုန်း သုံးခဲ့တာတဲ့။ တဖြည်းဖြည်းနဲ့ သမီးလေးဟာ ဖုန်းစွဲလမ်းတဲ့ လက္ခဏာတွေ ပြလာပြီး ဖခင်ဟာ သမီးလက်ထဲက ဖုန်းကို ယူလိုက်ရင် ဒေါသကြီးလာခဲ့ပါသတဲ့။

ဒီလိုနဲ့ မျက်စိအမြင်အာရုံပြဿနာပြလာပါလေရော။ သမီးကို မျက်မှန်တပ်ပေးခဲ့ပေမယ့် အသက် ၄ နှစ်အရွယ် ရောက်တော့ မျက်စိဆရာဝန်က သမီးလေးမှာ ”ပျင်းတွဲမျက်စိ”လို့ခေါ်တဲ့ မျက်လုံးတစ်ဖက်ပဲ အလုပ်လုပ်ပြီး နောက်တစ်ဖက် အလုပ်မလုပ်တဲ့ အမြင်အာရုံ ထိခိုက်မှုဖြစ်နေတယ်၊ ခွဲစိတ်ရမယ်လို့ ပြောခဲ့တယ်။

သမီးလေးဟာ ဖုန်းအသုံးများတဲ့ ရလဒ်အဖြစ်နဲ့ အမြင်အာရုံ ထိခိုက်ရုံသာမက မျက်စိစွေနေခဲ့ပြီ။

b3

 

 

 

 

 

 

 

 

 

 

 

 

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ တုန်းက မျက်စိခွဲစိတ်လိုက်ရတဲ့ သမီးလေးအဖြစ်အပျက်ကို ပြပြီး ဖခင်ဖြစ်သူက ”ကလေးတွေကို ဖုန်း၊ အိုင်ပက်၊ ကွန်ပျူတာ သုံးခွင့်မပြုဖို့”တခြားမိဘတွေကို အသိပေး ထားပါတယ်။ ကလေးမိဘအားလုံး ဆင်ခြင်နိုင်အောင် မျှဝေပေးလိုက်ပါတယ်ရှင့်

(ပုံတွေကလည်း အဲဒီသတင်းက ပုံတွေပါ-credit) ZKO-၂၄-၁၁-၂၀၁၈

Crediy: Zun Khaing Oo