ပူတင်းနဲ့ စတော်ဘယ်ရီ
|စတော်ဘယ်ရီကို ဆားရည်ဖြင့် ၅မိနစ်လောက်စိမ်ပြီးမှရေပြန်
ရေဆေးပြီး ကလေးစားနိုင်တဲ့ အရွယ်အစား အတုံးလေးတွေ လှီးထားပါ
ကြိုက်နှစ်သက်ရာ Cracker ; ဘီစကစ် ၂ချပ်ကို အိတ်သန့်သန့် ထဲထည့်ပြီး ထုချေထားပါ..
ကြက်ဥ ၂လုံး
ကြက်ဥကို အကာသက်သက် အနှစ်သက်သက်ခွဲထားပါ
အကာကိုမယူဘဲ အနှစ်အဝါကိုပဲ သုံးမှာပါနော်….
အနှစ်အဝါ ၂လုံးကို သကြား ထမင်းစားဇွန်း ၁ ဇွန်းထည့်ပြီး ခေါက်မွှေထားပါ
စတီးဇလုံ တစ်ခုထဲ ကျိုပြီးသားနွားနို့ထမင်းစားဇွန်း ၁၅ ဇွန်းကိုထည့်ပါ..
နွားနို့ဇလုံထဲကြက်ဥအနှစ်နှင့်သကြားရောထားတာကိုထည့်ပြီး ရောမွှေပေးပါ…..
အိုးအကြီးတစ်ခုထဲရေထည့်ပြီး မီးဖိုပေါ်တင်ပါ …
ရေထည့်ထားတဲ့အိုးအကြီးထဲ နွားနို့ကြက်ဥအနှစ်အရည်ဇလုံကို ထည့်ပါ
ဇလုံကိုကိုင်ပြီး အဆက်မပြတ်မွှေနေပေးပါ…..
ရေပူကိုအောက်ကခံပြီး ပူတင်းကျိုတာပါ
(မီးအရမ်းမပြင်းပါနဲ့နော် မီးပြင်းလို့ရေအရမ်းဆူပွက်လာရင်စင်ကုန်မှာစိုးလို့ပါ …
မွှေနေရင်းတဖြည်းဖြည်းပျစ်လာပါလိမ့်မယ်နော် ….
ခပ်ပျစ်ပျစ်လေးရလျှင် ပန်းကန်လုံးထဲထည့်ပြီးအအေးခံထားပါ …
ပန်းကန်ထဲချေထားတဲ့ဘီစကစ
ပူတင်းထည့် စတော်ဘယ်ရီအတုံးလေးတွေ
Source : Khaing Zin War