ကော်ရည် ခေါက်ဆွဲ

အရမ်းလွယ်ပြီး ရိုးရှင်းစွာပဲ ချက်ထားတာပါ ကလေးတို့ နှစ်သက်မယ် ထင်ပါတယ် ထမင်းမစားတဲ့အခါ အပြောင်းအလဲလေး အဖြစ် ကော်ရည်ခေါက်ဆွဲလေး ပြင်ပေးရအောင်နော်။

ကြက်သား ၁၅ကျပ်သား
ကန်စွန်းရွက် အနည်းငယ်ကို သေးသေး လှီးပေးပါ
ပဲပင်ပေါက် အနည်းငယ်ကို သေးသေး လှီးပေးပါ်
ငုံးဥ ၅လုံး
ခေါက်ဆွဲ
သကြား
ဆား
ပဲငံပြာရည်အနောက်
တရုတ်မဆလာ
ငရုတ်ကောင်း
ကော်မှုန့်

ကြက်သားကို ရေဆေးပြီး ရေတစ်လီတာ လောက်ထည့်ကာ တနာရီလောက် မီးမျှင်းမျှင်းနဲ့  ပြုတ်ပါ
(အဲဒီအချိန် အတွင်း ခေါက်ဆွဲပြုတ်ထား လို့ရပါတယ် ကန်စွန်းရွက်နဲ့ ပဲပင်ပေါက်ကို ရေစင်စင် ဆေးကာ ပါးပါးလှီးထား နိုင်ပါတယ် )
ရေဆူုဆူထဲ ဆားနည်းနည်းထည့်ကာ ကန်စွန်းရွက်နဲ့ ပဲပင်ပေါက် ထည့်ပြုတ်ပါ
လိုချင်တဲ့ အနေအထားလောက် နူးလာရင် ရေအေးအေးထဲ ခဏစိမ်ကာ ဇကာနဲ့ ရေစစ်ထားပါ
ကြက်သားကို အအေးခံပြီး အသားနွှင် ယူထားပါ
ကော်မှုန့် လဘက်ရည်ဇွန်း ၂ဇွန်းစာကို ရေအေးနဲ့ဖျော်ထားပါ
ငုံးကို ၅လုံးကို အကာသပ်သပ် ဖယ်ယူကာ ခေါက်ထားပါ

အသားနွှာယူထားတဲ့ ကြက်သားကို ကြက်ပြုတ်ရည် ထဲပြန်ထည့်ပါ ပွက်ပွက်ဆူလာရင် အရသာအတွက် ဆား သကြား
ပဲငံပြာရည်အနောက် တို့ထည့်ပါ
ဖျော်ထားတဲ့ ကော်မှုန့် အရည်ထည့်ပါ (ပိုပျစ်ချင်ရင်တော့ ကော်မှုန့်များများထည့်နိုင်ပါတယ်)
ခေါက်ထားတဲ့ ငုံးဥအကာကို ဖြေးဖြေးချင်း ထည့်ပေးပြီး တဖက်ကလဲ မွှေပေးပါ
အရသာ အနေတော်ပြီ ဆိုရင်တော့ တရုတ်မဆလာ နည်းနည်းထည့်ပေးပါ

စားတော့မယ် ဆိုရင် ပန်းကန်ထဲခေါက်ဆွဲထည့်
ကန်စွန်းရွက်နဲ့ ပဲပင်ပေါက်ပြုတ် ထည့်ကာ ကော်ရည်ဟင်းရည် ထည့်ပြီး ငရုတ်ကောင်းဖြူးပေးပါ

(တနှစ်ကျော် ကလေးတွေအတွက်သာ ပိုသင့်တော်ပါလိမ့်မယ်)

 

Source : မေမေ့သားသား စားဖွယ်ရာ