ရွှေဖရုံသီး ထမင်း

သမီးလေး ၁၀လကျော်မှ ထမင်းကို ချေကျွေးတာပါ။
၁၀လမပြည့်ခင်က Blender ထဲမှာထည့်ကြိတ်ပြီးမှကျွေးတာပါ။
ရွှေဖရုံသီးထမင်းကို မကြိတ်ပဲ စကျွေးဖြစ်ပါတယ်။

ရွှေဖရုံသီး ၁စိတ်လောက်ကို အပြင်အခွံ့တွေခွာ မာတဲ့အပိုင်းတွေဖယ်ထုတ်ပါ။
အစေ့တွေ အမျှင်တွေဖယ်ကာ ရေ၃ခါလောက်သေချာဆေးပါ။
ပြီးလျှင် ရေနွေးငွေ့ပေါင်းအိုးမှာ ၁၀ မိနစ်လောက်ထည့်ပေါင်းပါ။

ကြက်သား ကြိုက်သဆလာက်ထည့်ပါ ကလေးစားနိုငမလောက်တဲ့ပမာဏသာထည့်ပါ
ကြက်သားကို ရေသေချာဆေးကာ အတုံးသေးလေးတွေတုံးကာပြုတ်ပါ။
နူးလာလျှင် တောက်တောက်စင်းထားပါ။
ကြက်ပြုတ်ရေကျန်သေးလျှင် ကြက်ပြုတ်ရည် ကျက်ပြီးသားထမင်း စားပွဲဇွန်း ၂ဇွန်းလောက်ကို အိုးတစ်လုံးထဲမှာထည့်ကာ မီးအရှိန် အနေတော်နဲ့တည်ပါ
ရေခမ်းခါနီးလျှင် ထမင်းပွမလာသေးလျှင် ရေအနည်းငယ်ထည့်ကာထပ်တည်ပါ။
ပြီးလျှင် ပေါင်းထားတဲ့ ဖရုံသီး နဲ့ ကြက်သားတွေကိုထည့်ပါ၊
ထမင်းပျော့ပြဲလာလျှင် ဇွန်းကြီးကြီး သို့မဟုတ် ဆန်ပြုတ်ချေတဲ့ စပရိန်နှင့် ခြေပါ။
ကလေးက စားနိုင်တဲ့ အပြစ် အကျဲပေါ်မှာမူတည်ပြီး မီးဖိုပေါ်မှချပါ။

 

 

Source : Kit Kit’s Mom Yummy House