ကလေး နို့ဖြတ်တဲ့အချိန် နို့တွေ အရမ်းတင်းနေရင်
|ဂေါ်ဖီထုပ်အရွက် ကို နို့ပေါ်မှာ အုပ်လို့ရပါတယ်။ Research လုပ်ထားတာ နည်းနည်းပဲရှိသေးပေမယ့် နို့တွေတင်းတာ တကယ်သက်သာတယ်လို့ ပြောကြပါတယ်။
ကလေးမွေးကင်းစ မှာနို့တင်းတာတွေလဲ သက်သာစေပါတယ်။ ဒါပေမယ့် ဂေါ်ဖီထုပ် အဖတ်ကပ်တာက နို့ရည်ထွက်နှုန်းကို လျော့ကျစေလို့ ကလေးနို့ဆက်တိုက်ဖို့ အစီအစဉ်ရှိသေးရင်တော့ သတိထားပါ။ တစ်ခါအုပ် ရင် မိနစ် ၂၀ နဲ့ တနေ့ကို ၃ ခါထက် မပိုပါစေနဲ့။
ဘယ်လိုသုံးရမလဲ ဆိုရင်
– ဂေါ်ဖီထုပ်ကို ရေခဲသေတ္တာထဲ ဖြစ်ဖြစ် ခဏထည့်ထားပါ။
– ပြီးရင် ဂေါ်ဖီရွက်ကို ယူပြီးနို့ပေါ်မှာအုပ်ပါ။
– ဂေါ်ဖီအရွက်ညိုး သွားတဲ့အထိ (or) မိနစ် ၂၀ လောက်အထိ အုပ်ထားပါ။
– ကလေးနို့ဖြတ်တဲ့ မိခင်များအနေနဲ့ လိုအပ်သေးရင် ညိုးသွားတဲ့ အရွက်နေရာမှာ အရွက်အသစ် ထပ်အုပ်ပါ။
Source : Jessica Mozart (A Cool Mom)
Ref: Kellymom