ဂျပန်မုန့် Dorayaki (japanese)

ကလေးရောလူကြီးရော ကြိုက်ပြီးအာဟာရပြည့် သန့်ရှင်းတဲ့မုန့်လေးကို အိမ်မှာလုပ်စားကြရအောင်

ကြည့်ရင် ပန်ကိတ်နဲ့တူပေမဲ့ လုပ်နည်းမတူတဲ့ ဂျပန်ကမုန့်တစ်မျိုးပါ အထဲကပဲလေးနဲ့စားရတာမို့ အရမ်းစားကောင်းပါတယ် ဂျပန်မှာနေတုန်း ကတော့ ရထား ဘူတာရုံအောက်မှာ အလွယ်တကူ ဝယ်စားလို့ရတာမို့ လုပ်ဖို့ စိတ်မဝင်စားခဲ့ဘူး အလွယ်တကူ မရနိုင်တဲ့နေရာ ရောက်တော့ စားချင်စိတ်ကို မထိမ်းနိုင်တာမို့ ကြိုးစား အားထုတ်ရပြန်ရော။

မုန့် ဆယ့်ခြောက်ခုစာပါနော်

1.all purpose flour (1 1/3 cup)
2.baking powder 1tsp
3.4 egg
4.sugar 2/3 cup
5.honey 2 tbsp
6.water 1 tbsp
7.vegetable oil 1tsp
8.sweet red been paste

ကြက်ဥလေးလုံးကို နာနာခေါက်ပြီး နံပါတ် 4,5 ကိုရောပြီး မွှေတံနဲ့ သကြားကြေအောင် မွှေပေးပါ။

နံပါတ် 1,2 ကို ဇကာချပြီး ကြက်ဥအရောထဲထည့် နာနာမွှေတံနှင့်မွှေပါ။

၁၅ မိနစ်ခန့် နှပ်ထားပြီး အချိန်ပြည့်လျှင် နံပါတ်6 ရေကို ထည့်ပြီး နာနာမွှေပေးပါ

မကပ်တဲ့အိုးမှာ 1tsp ဆီကို တစ်ရှူးနဲ့သုတ်ပြီး နောက်တစ်ခါ ဆီမပါသောတစ်ရှူးဖြင့် ဆီတစ်စက်မှမကျန်အောင် ပြန်သုတ်ပေးပါ (ဆီစက်ကျန်လျှင် အရောင်မလှ ဖြစ်တတ်ပါသည်)

3tbs စာလောက် မုန့်နှစ်ကိုခတ်ပြီး ပုံမှာပြထားသည့် အတိုင်း အဝိုင်းလေးဖြစ်အောင် ထည့်ပါ မီးအေးအေးဖြင့်သာ မုန့်ကိုလုပ်ရန် သတိပြုပါ။ မျက်နှာပြင်မှာအပေါက်ကလေးတွေဖြစ်လာလျှင် မုန့်သားကျက်ပြီမို့ တဖက်လှည့်ပေးပါ။ သုံးစက္ကန့်လောက် နေရင် မုန့်ကျက်ပါပြီ။

ပဲယိုလေးနဲ့ညှပ်ပြီး စားလို့ရသလို ဒီတိုင်းစားလို့လည်းရပါတယ် ချောကလက်ယိုလေးနဲ့လည်း စားလို့ရပါသေးတယ်နော်။ ဂျပန်မှာတော့ ပဲယိုလေးနဲ့စားကြတာပါ။ (လုပ်နည်းရေးပေးပါအုံးမည်)

 

Source : May’s Healthy Food