ကြက် စွပ်ပြုတ်

သမီးကို ခြောက်လကစပြီး ဖြည့်စွက်စာတွေ စကျွေးတော့ ကြက်စွပ်ပြုတ် ပြုတ်ပုံလေး ပြောပြချင်တယ်။
ဓာတ်ပုံကတော့မရိုက်နိုင် ကိုယ်ကလွဲလို့ နာက်တယောက်မရှိတော့ ပြေးပြေးလွှားလွှား လုပ်ရတော့ မရိုက်ထား လိုက်နိုင်ဘူး ။ သိမ်းနည်းလေးတော့ ပြောပြချင်တယ် ချက်နည်းလေးရောပေါ့။ ခုထိလည်း ကြက်စွပ်ပြုတ် က ပြုတ်နေရတုံးပါ။

ကြက်ရိုးဘဲဖြစ်ဖြစ် ဝက်ရိုးဘဲဖြစ်ဖြစ် ဆိတ်ရိုးဘဲဖြစ်ဖြစ် အမဲရိုးဘဲဖြစ်ဖြစ် စွတ်ပြုတ်ရေလည်း သန့်ပြီးကြည်နေဖို့ ညှီနံ့မရဖို့ ပထမဆုံးပြုတ်ရေ ကိုသွန်ရမှာပါ။
ကြက်ရိုးကို ရေစင်အောင်ဆေး အရေခွံနဲ့ အဆီတွေဖယ်
ရေနွေးဆူဆူမှာ ဆားတစ်ဇွန်းခတ် ဆယ်မိနစ်ပြုတ်ပါ
အချိန်ပြည့်ရင် ရေတွေသွန် အိုးဆေး ရေအသစ်ထည့်ပြီး ဆူအောင်တည်။
အရိုးတွေကိုလည်း ရေအေးနဲ့ဆေး
ရေနွေးဆူပြီ ဆို အရိုးတွေထည့်
ကြက်သွန်ဖြူ  ထည့်
မုန်လာဥနီ ထည့်
တခါတလေ အာလူးထည့်
မီးအေးအေးနဲ့ တည်
မုန်လာဥ အာလူးနူးပြီဆို ဇကာနဲ့အရည်စစ်
အအေးခံ
အောက်ကလို ရေခဲခွက်ထဲထည့် ဒါမှမဟုတ် ဗူးထဲထည့် အခဲခန်းထဲပြောင်းပြီး တပတ်စာကြိုလုပ်ထားတယ်။ မနက်ကျွေးမယ်ဆို ညဘက်ကတည်းက အခဲခန်းကနေ အောက်ဘက်ကိုေ ပြောင်းထည့်ထားတယ်။ အခဲတုံးကြီးကို ချက်ချင်းပူအောင် မလုပ်ရပါဘူး ပိုးမွှားတွေ ပေါက်ဖွားတတ်ပါတယ်။ ပူနေတာကိုလည်း ချက်ချင်းအအေးခန်းထဲ သို့မဟုတ်ရေခဲသ္တောထဲ မထည့်ရပါဘူး။ အပြင်မှာ အရင် အအေးခံရပါမယ်။ အခဲခန်းကနေ အပြင်ထုတ် ပြီးသားကိုလည်း မကုန်ရင်  ပြန်မခဲရပါဘူး။ အဲ့တာမို့တစ်ရက်စာ ဗူးလေးတွေနဲ့သိမ်းတာ အကောင်းဆုံးပါ။ ရခဲခွက်ထဲထည့်မယ်ဆို သန့်ရှင်းဖို့လိုပါတယ် ရေခဲခွက်ကိုလည်း ဖုံးအုပ်ပြီးသိမ်းပါ။ အခဲတုံးလေးတွေကို ခွက်တစ်ခုထဲထုတ် ကျန်တာချက်ချင်း ပြန်ထည့်ပါ။ အခဲတုံးအရည်ပျော်မှ မီးအပူပေး ဆူပွက်အောင် တည်ပါ။ အခဲတုံးအတိုင်း မီးအပူမပေးရပါ။
ခုနက စစ်ထားတဲ့ မုန်လာဥနီ အာလူး ကိုကြက်စွတ်ပြုတ် နည်းနည်းနဲ့ ထမင်းချက်ပြီးသား ဒါမှမဟုတ် တခါတလေ စပါကတီ ခေါက်ဆွဲပြုတ်ပြီး သားတွေကို ဖျော်စက်နဲ့ကြိတ်လိုက်တယ် ပြီးရင်သံလွင်ဆီလေး နည်းနည်းထည့်ပြီး ပြစ်အောင် ကျိုပြီးကျွေးတယ်။

(အာလူးတို့ မုန့်လာဥ ကြက်သွန်ဖြူမထည့်ဘဲလည်း သုံးလို့ရပါတယ်နော် ဒါကကလေးအတွက် ဆိုတော့ တခါတည်းပါအောင်ထည့်လိုက်တာပါ ကြက်ရိုးတွေချည်းကိုဘဲ လုပ်လို့ရတယ် အချိုမှုန့်အစားထိုးအတွက် ဟင်းချက်တဲ့အခါ ရေအစား ကြက်ရိုးပြုတ်ရည် ထည့်လိုက်ယုံပါဘဲ။

 

Source : May’s Healthy Food