ကညွှတ် ငါးလက်ချောင်းကြော် နှင့် ခရမ်းချဉ်သီးဆော့

ကညွှတ် ၂ချောင်း ( နုတဲ့ နေရာသာသုံးပါမည်။ အောက်ပိုင်းတွေက ရင့်လို့မထည့်ပါ။)
ငါးရံ ၁တုံး ( အရွယ် အနေတော် တုံးထားတဲ့ ငါးရံကို ပြုတ်ပြီး အရိုးတွေနွှင်ထားပါ။)
ပြောင်းကော်မှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆီ ၅ကျပ်သား

ကညွှတ်တွေ ကို နုတဲ့ အပိုင်းလေးတွေ ဖြတ်ကာ ရေနွေးခဏ စိမ်ထားပါ။
ပြီးလျှင် ကညွှတ်ကို ကြနေအောင် ထောင်းပါ။
ကညွှတ် ငါး ကော်မှုန့် ဆားအနည်းငယ် ထည့်ကာ နယ်ပါ။
အလုံးအရှည်လေးတွေလုံးကာ ဆီပူပူမှာ ခဏကြော်ပါ။
ပြီးလျှင် ဆယ်ကာ ဆီစစ်ထားပါ။

ခရမ်းချဉ်သီးဆော့ အတွက် ခရမ်းချဉ်သီး တစ်လုံးကို အစေ့ထုတ်ပြုတ်ကာ အခွံ့ခွာထားပါ။
ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ခရမ်းချဉ်သီးတွေကို ကြိတ်စက်မှာထည့်ကြိတ်ပါ။
ဒယ်အိုးတစ်လုံးကို အပူပေးထားပါ။
ခရမ်းချည်သီးအရည်တွေကို စကာနှင့်စစ်ကာ အပူပေးထားတဲ့ဒယ်ထဲမှာ ထည့်တည်ပါ။
အဖတ်တွေမပါဘဲ အရည်သာလိုချင်လို့ စကာနဲ့စစ်တာပါ။
ပြီးလျှင် မီးအေးအေးနှင့် မွှေပေးပါ။ သကြား ဆား နှင့် သစ်ဂျပိုးမှုန့်ထည့်ကာ သမအောင်မွှေပါ။
အရည်မကျန်တော့ပဲ ပြစ်လာလျှင် မီးဖိုပေါ်က ချကာ အအေးခံထားပါ။ သန့်ရှင်းတဲ့ လက်ဆတ်တဲ့ အိမ်လုပ် ခရမ်းချဉ်သီးဆော့လေးရပါပြီနော်။

 

Source : Kit Kit’s Mom Yummy House