ခရမ်းချဉ်သီးဆော့ ( Homemade Tomato Sauce)

Ready made sauce တွေမှာ တာရှည်ခံတွေပါပါတယ်
Website တစ်ခု ထဲမှာ ခရမ်းချဉ်သီးဆော့ ကို ခရမ်းချဉ်သီး အပြင် တခြား မစားသင့်တဲ့အရာတွေ ထည့်လုပ်တယ်လို့ ဖတ်မိလို့ အိမ်မှာပဲ စမ်းလုပ်ကြည့်ပါတယ်။
ပထမ တခါတော့ မအောင်မြင်ပဲ သမီးကလည်းမစားတာကြောင့် ပစ်လိုက်ရပါတယ်။
ဒီတခါတော့ အောင်မြင်စွာ လုပ်နိုင်လို့ လုပ်နည်းလေး မျှဝေလိုက်ပါတယ်နော်။

ခရမ်းချဉ်သီး အလုံးကြီး ၁လုံး
သကြား လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆား အနည်းငယ်
ကြက်သွန်ဖြူ ၅မွှာ
သစ်ဂျပိုးမှုန့် အနည်းငယ်

ပထမဆုံး ခရမ်းချဉ်သီးကို ၆စိပ် စိပ်ကာ ပေါင်းပါ။
ပြုတ်လည်းရပါတယ်။
ခရမ်းချဉ်းသီးတွေ အိ(နပ်) လျှင် အစေ့တွေ ထုတ်ကာ Blender ထဲမှာ အပေါ်က ပါဝင်ပစ္စည်းအားလုံး နှင့် ရေနွေးအနည်းငယ် ကြေအောင်ကြိတ်ပါ။
ပြီးလျှင် ခရမ်းချဉ်သီး အနှစ်တွေကို စကာထဲထည့်ကာ အရည်စစ်ပါ။
အရည်တွေကို ဒယ်တစ်လုံးထဲ ထည့်ကာ မီးအရှိန် အလ်အလတ်နဲ့ ပြစ်လာတဲ့အထိတည်ပါ။
ရေခမ်းကာ အနှစ်ဖြစ်ပြီး ပြစ်လာလျှင် မီးဖိုပေါ်မှချပါ။
အရသာကို ကလေး ကြိုက်နှစ်သက်သလို ညှိပါ။