ဂေါ်ရခါးသီး ကြက်သား ငုံးဥပေါင်း

ဂေါ်ရခါးသီး  ၁/၅ လုံး
ကြက်သား တောက်တောက် စားပွဲဇွန်း ၁ ဇွန်း
ငုံးဥ ၂ လုံး
ပြောင်း ကော်မှုန့် လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ဆား အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်

ဂေါ်ရခါးသီးကို အခွံခွှာ ဆားရည်စိပ်ထားပြီး ရေသေချာဆေးကာ တောက်တောက်ဆင်းပါ။
ပန်းကန် တစ်ခုထဲမှာ ငုံးဥ ၂လုံးဖောက်ထည့်ကာ ခလောက်ပါ။
ပြီးလျှင် ကြက်သား ဂေါ်ရခါးသီး ပြောင်းကော်မှုန့် ဆား ငရုတ်ကောင်း ထည့်ကာ သမအောင်မွှေပါ။
ပေါင်းမယ့် ပန်းကန် အတွင်းဘက်ကို ဆီသုတ်ပါ။
ထို့နောက် ရောနယ်ထားတဲ့ အရာတွေကို ပန်းကန်ထဲ ထည့်ကာ ရေနွေးငွေ့ပေါင်းအိုးမှာ ၁၀ မိနစ် မှ ၁၅မိနသ်ထိပေါင်းပါ။
အတွင်းသားတွေ ကျက်မကျက်သိရအောင် ခရင်းနဲ့ထိုးကြည့်ပါ။
ဘာမှကပ်မပါလာလျှင် ကျက်ပါပြီ။
ကလေးကို မကျွေးခင် ကြက်သားကျက်မကျက် အရင်မြည်းကြည့်ပါ။
သေချာ မကျက်သေးလျှင် ကျက်တဲ့အထိပြန်ပေါင်းပါ။

 

Source : Kit Kit’s Mom Yummy House