ကြက်ဥ လိပ်

တခါတလေ ကလေးတွေဟာ ချက်ကျွေးတဲ့ ဟင်းတွေကို ရိုးသွာတတ်ပါတယ်။ မေမေတွေက အသီးအရွက်လည်း စားစေချင်တယ်။ ကလေးက မစားချင်ဘူးဖြစ်တတ်ပါတယ်။
အဲ့ဒီခါကျရင် ရိုးရှင်းတဲ့ ကြက်ဥလိပ်ကလေး လုပ်ကျွေးလိုက်ပါနော်။ အသီးအရွက်လည်း ပါတော့ အဟာရပြည့်ပါတယ်။

ကြက်ဥ ၃ လုံး
ပဲသီး ၂တောင့်
ဥနီ ၁တောင့် ( အခွံ့တွေ ခြစ်ထုတ်ထားပါ)
ဂေါ်ဖီ ၂ရွက် (မာတဲ့နေရာတွေဖယ်ထားပါ)
ကြက်သွန်နီ ၁လုံး
ဆား အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
ဆီ စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်နီက လွဲလို့ ကျန်တာတွေကို ဆားရေစိမ်ထားပါ။
၁၀မိနစ်လောက် စိမ်ထားပြီး ရေစင်အောင်ဆေးကာ အားလုံးကို တောက်တောင်စင်းထားလိုက်ပါ။ ကြက်သွန်နီကို လည်း တောက်တောက် စင်းထားပါ။ ရေနွေးငွေ့ ပေါင်းအိုးထဲမှာ ၅မိနစ်လောက်ပေါင်းလိုက်ပါ။
ကြက်ဥကို ခလောက်ထားပါ။ ဆားနှင့် ငရုတ်ကောင်းထည့်ပါ။
ပြီးလျှင် အသီးအရွက်တွေ အားလုံးထည့်ကာ သမအောင် ခလောက်ပါ။
မကပ်တဲ့ဒယ်ကို သုံးမှ အပြားလေးကြော် လို့ရမှာပါ။မကပ်တဲ့ဒယ်ပြားထဲမှာ ဆီ စားပွဲဇွန်း ၁ ဇွန်းထည့်ကာ ဒယ် နှံ့သွားအောင် ဟိုဘက်စောင်း ဒီဘက်စောင်း လုပ်ပေးပါ။
ပြီးလျှင် ကြက်ဥ စားပွဲဇွန်း ၅ဇွန်း လောက်ခပ်ထည့်ကာ ဒယ် အနှံ့ဖြန့်ပေးပါ ။
နောက်တဖက် ကို မလှန်ဘဲ ကြက်ဥ အရည်ခဲ လာလျှင် စလိပ်ပါ။
၃ခါလောက်လိပ်ပြီးလျှင် ဒယ်တဖက်ကို ကြက်ဥလိပ်ကိုကပ်လိုက်ပြီး လွတ်သွားတဲ့ဒယ်နေရာမှာ ကြက်ဥအရည်တွေထပ်ဖြည့်ပါ။ လိပ်ထားတဲ့ ကြက်ဥနဲ့ တဆက်တည်း ဖြစ်သွားတဲ့ အထိထည့်ပါ။ ပြီးလျှင် ဆက်လိပ်သွားပါ။ ကြက်ဥအလိပ်လေ့း ဖြစ်သွားလျှင် ဒယ်ထဲမှာ ခဏထားပြီး ပန်းကန်တစ်ခုထဲပြောင်းထည့်ပါ။ အေးသွာလျှင် လှီးပြီးကလေးကို ကျွေးပါနော်။

အစားရွေးတဲ့ ကျွန်မတူမလေးဆို အရမ်းကြိုက်လို့ ကြော်နေရင်းတောင် စားချင်လို့ ပူဆာနေပါတယ်။

 

Source : Kit Kit’s Mom Yummy House