ကလေးငယ်တို့ ဖြည့်စွက်စာ( solid food ) စားနိုင်ဖို့ အဆင်သင့် ဖြစ်တယ်လို့ ယူဆနို်င်သော လက္ခဏာများ

? ၄ လ ကနေ ၆ လ အရွယ်မှာ ကလေးဟာ ခေါင်းကောင်းကောင်းထောင်နိုင်ရပါမယ်။

? ကလေးဟာ ကောင်းကောင်း မထိုင်နိုင်သေးဘူး ဆိုရင်တောင် ခုံမှာ/ ပေါင်ပေါ်မှာ အမှီတစ်ခုခုနဲ့ ပေးထိုင်ရင် ကောင်းကောင်း ထိုင်နိုင်သင့်ပါတယ်။ ဒါမှ ကလေး မျိုချရာမှာ အခက်အခဲ မရှိဖြစ်မှာပါ။

? သူတို့ရဲ့ ပါးစပ်လေးကို ဝါးနေတဲ့ ပုံစံ လုပ်နေတတ်ရင်( ကလေးရဲ့ ပါးစပ်နဲ့ လျှာဟာ သူ့ရဲ့အစာချေဖျက်နိုင်မှုနဲ့ တပြိုင်တည်း ဖွံ့ဖြိုးတာပါ။ ဖြည့်စွက်စာ စားနိုင်ဖို့အတွက် ကလေးဟာ အစာကို ဘယ်လို မျိုချရမလဲ ဆိုတာ ကောင်းစွာ သင်ယူပြီးတဲ့ အချိန် ဖြစ်ဖို့ လိုပါတယ်။)

? ကိုယ် အလေးချိန် သိသိသာသာ တက်လာရင် ( ၁၅ ပေါင်ခန့် (သို့) မွေးစ ကိုယ်အလေးချိန်ရဲ့ နှစ်ဆ ဖြစ်လာရင်)၊

? လူကြီး စားသမျှကို လိုက်ကြည့်ပြီး အစာကို စိတ်ဝင်စားပုံပြရင်၊

? ဇွန်းနဲ့ ခွံရင် ပါးစပ်ပြန်ပိတ်နိုင်ရင်၊ အစာကို ပါးစပ် ရှေ့မှ နောက်သို့ ရွှေ့နိုင်ရင်၊လျှာကို ရှေ့မှ နောက်သို့ ပို့နိုင်ရင် (ဒါပေမဲ့ လျှာနဲ့ တွန်းထုတ်သလို အနည်းငယ်တော့ ဖြစ်နေတတ်ပါသေးတယ်၊)

? အစာစားချင်စိတ်တွေ များလာနေပြီး နို့ စို့ ပြီးရင်လည်း ဆာနေသလို ထင်ရရင်၊

ကလေးငယ်တို့ကို ဖြည့်စွက်စာ( solid food ) ကျွေးလို့ရပါပြီ။

ဒီလို ကလေးကလည်း solid food စားနိုင်မယ့် development ရောက်နေမှ ကျွေးမယ့် အစာကလည်း ကလေးအတွက် နှစ်သက်စရာကောင်းမှ ကလေး ထမင်းကျွေးချိန်ဟာ ပျော်ရွှင်စရာကောင်းမှာပါ။

ကလေးတိုင်း ကျန်းမာပျော်ရွှင်နိုင်ကြပါစေရှင်။

Source : ?ယုငယ်( နီတိုးလေးမေမေ)