၆-၈ လသား ကလေး များကို ဖြည့်စွက်စာ အဖြစ် ကျွေးနိုင်သော အစားအစာများ။

အသီး အနှံများ။
**************
ပန်းသီး၊ ထောပတ်သီး၊ တရုတ်ဆီးသီး၊ ငှက်ပျောသီး၊ မက်မွန်သီး၊ သင်္ဘောသီး၊ သစ်တော်သီး၊ ရွှေဖရုံသီး ၊။

ဟင်းသီး ဟင်းရွက်များ။
******************
ပဲသီးစိမ်း၊ မုန်လာဥနီ၊ ပဲတောင့်ရှည်၊ကန်စွန်းဥ။

အနှံများ (grains)
**************
ဆန်၊ oatmeal ၊ မုယောစပါး ( barley)

ကလေးများကို ၆-လသား အရွယ်ကစပြီး ဖြည့်စွက်စာ ကျွေးလို့ရပါပြီ။ တချို့ကို တော့ ၄ လ-ကစကျွေးလို့ရတတ်ပါတယ်။

Baby cereal နဲ့ ချက်ထားသော အသီးအနှံ ဟင်းသီးဟင်းရွက် purée ကျဲကျဲလေးတွေဟာ ကလေးတို့ ပထမဆုံး ထိတွေ့ရမယ့် အစာပဲ ဖြစ်သင့်ပါတယ်။ တခါကျွေးရင် အသီးပဲ ဖြစ်ဖြစ် ၊ ဟင်းသီးဟင်းရွက်ပဲဖြစ်ဖြစ် တစ်မျိုးကို လေးရက်လောက် ကျွေးသင့်ပါတယ်။ allergy ဖြစ်တာ မတည့်တာတွေကို သိနိုင်ဖို့ တစ်မျိုးကို ၄- ရက်လောက် စမ်းကျွေးသင့်ပါတယ်။ အစာအိမ် သေးသေးလေးတွေ အစာကို ချေနိုင်စေဖို့ ဒီ ၆ လ မှာ စကျွေးတဲ့ ဖြည့်စွက် စာတွေဟာ သေချာချေထားတဲ့ ခပ်ကျဲကျဲ မွှေရ ခပ်သွက်သွက် အစားအစာတွေ ဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။

ပထမဆုံး စကျွေးတော့မယ့်နေ့မှာ ထောပတ်သီး(သို့ )ကန်စွန်းဥ (သို့) ရွှေဖရုံသီးချေထားကို ခပ်ကျဲကျဲလေး စကျွေးသင့်ပါတယ်။ တစ်မျိုးပဲ ကျွေးရမှာပါ။ ကလေးနဲ့ တည့်ပြီး အဆင်ပြေလားဆိုတာကို လေးရက်လောက် ကျွေးကြည့်ပြီးမှ နောက်တစ်မျိုး ပြောင်းကျွေးသင့်ပါတယ်။
နို့ပဲစို့ လာရာကနေ ခုမှ အစာမာကို မိတ်ဆက်တာ ဖြစ်တဲ့အတွက် အစားအစာများကို သေချာချေထားဖို့ လိုအပ်ပါတယ်။ ကလေးမြိုချရ မခက်အောင် ရေကျက်အေးလေး ရောပြီးပဲဖြစ်ဖြစ် ခပ်ကျဲကျဲကစဖို့လိုပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး ။တချို့က မြိုချရတာလွယ်တဲ့ အတွက် တစ်ပတ်နှစ်ပတ်ဆို ခပ်ပျစ်ပျစ်လေး ပြောင်းကျွေးနိုင်ပါပြီ။ စတီးဇွန်း တစ်ဇွန်းစာလောက် တစ်နေ့ တစ်ကြိမ်က စကျွေးသင့်ပါတယ်။ မြိုချရ နည်းနည်း ခက်သေးတဲ့ ကလေးဆိုရင်လည်း စိတ်မလောပဲ ခပ်ကျဲကျဲသာ ကျင့်ကျွေးပေးနိုင်ပါတယ်။

ဆန်မှုန့် ( rice cereal ) ( ၆-လ နဲ့ အထက် ကျွေးနိုင်ပါတယ် )
************************************************
ဆန်ညိုကို ကြိတ်စက်နဲ့ ကြိတ်ပြီးပဲ ဖြစ်ဖြစ် ၊ရယ်ဒီမိတ် ဆန်မှုန့်ပဲ ဖြစ်ဖြစ်သုံးနိုင်ပါတယ်။
– အိုးထဲကို ရေထည့်ပြီး ဆူလာအောင် တည်ပါ။ ဆူရင် မိမိ လိုသလောက်ဆန်မှုန့်ကို ထည့်ပြီး မွှေပေးပါ။
– ၁၀မိနစ်- ၁၅ မိနစ်ခန့် ချက်လို့ ကျက်သွားရင် နွေးနွေးလေး ကျွေးပေးနိုင်ပါပြီး။
– မိခင်နို့(သို့) နို့မှုန့် ( သို့) သစ်သီး purée တစ်မျိုးမျိုးနဲ့ ဆန္ဒရှိသလို ရောကျွေးနိုင်ပါတယ်။

Oatmeal Cereal (၆-လ နဲ့အထက် ကျွေးနိုင်ပါတယ်)
*******************************************
– အဆင်သင့်သောက်လို့ရတဲ့ instant Quaker မျိုးကို သုံးရမှာ မဟုတ်ပါဘူး။
– Baby oatmeal ( ground oatmeal) ကို ရေနွေးနဲ့ ကျိုရမှာပါ။
– ၁၀မိနစ်- ၁၅ မိနစ်ခန့် ချက်လို့ ကျက်သွားရင် နွေးနွေးလေး ကျွေးပေးနိုင်ပါပြီး။
– မိခင်နို့ (သို့) နို့မှုန့် ( သို့) သစ်သီး purée တစ်မျိုးမျိုးနဲ့ ဆန္ဒရှိသလို ရောကျွေးနိုင်ပါတယ်။

ထောပတ်သီး purée (၆- လ နဲ့ အထက် ကျွေးနိုင်ပါတယ်)
************************************************
ပါဝင်သော အာဟာရတန်ဖိုး>>Vitamins A,C, Niacin, Folate , Minerals: Potassium, Phosphorus, Iron, Magnesium, Calcium
– မှည့်နေတဲ့ ထောပတ်သီးကို အခွံခွာပြီး အသားကို ထုတ်လိုက်ပါ။ ချက်ရန်မလိုပါဘူး။
– ထောပတ်သီး အသားများကို လှီးလိုက်ပြီး ခရင်းနဲ့ ချေလိုက်ပါ။
– ထောပတ်သီးဟာ ပျော့ပျောင်းနေတဲ့ အတွက် စက်နဲ့ ချေစရာမလိုပါဘူး။ ချက်စရာလည်းမလိုပါဘူး။ ဒီအတိုင်းကျွေးနိုင်ပါတယ်။

ငှက်ပျောသီး (၆-လ နဲ့ အထက် ကျွေးနိုင်ပါတယ်)
****************************************
ပါဝင်သော အာဟာရတန်ဖိုး>>> Vitamins: A, C, FolateMinerals: Potassium, Phosphorus, Selenium, Magnesium, Calcium
– ငှက်ပျောသီး တစ်လုံး (သို့ ) ကလေးစားနိုင်သလောက် ကို ကျွေးနိုင်ပါတယ်။
– မှည့်နေသော ငှက်ပျောသီး ကို ချက်စရာမလိုပဲ ဒီအတိုင်းကျွေးနိုင်ပါတယ်။
– ငှက်ပျောသီး ကို blender နဲ့ ချေပြီးဖြစ်ဖြစ်၊ဇွန်းနဲ့ချေပြီးဖြစ်ဖြစ် purée လုပ်နိုင်ပါတယ်။
– ငှက်ပျောသီးကို microwave နဲ့၂၅စက္ကန့်လောက်(သို့) မီးဖိုပေါ်မှာ ခဏ အပူပေးလိုက်ရင် ပိုပြီး နူးညံ့သွားတာမို့ အပူအနည်းငယ် ပေးပြီးလည်း ကျွေးနိုင်ပါတယ်။
– စစချင်းကျွေးတဲ့ ကလေးကိုတော့ ကျဲကျဲလေး ဖြစ်စေရန် မိခင်နို့( သို့) နို့မှုန့် အနည်းငယ်ရောပြီး ကျွေးနိုင်ပါတယ်။
– ၈လ- အထက် ( သို့) ကလေးက စားလို့ ပို အဆင်ပြေလာရင်တော့ cereal နဲ့ ရောပြီး ပိုပျစ်အောင်လုပ်ပြီး ကျွေးရင်လည်း အရသာကောင်းလှပါတယ်။

သရက်သီး (၆-လ နဲ့ အထက် ကျွေးနိုင်ပါတယ်)
**************************************

ပါဝင်သော အာဟာရတန်ဖိုး>>>>Vitamins: A (1262 IU in one cup), C, E, K, FolateMinerals: Potassium, Phosphorus, Magnesium, Calcium, Sodium
– မှည့်နေသော သရက်သီးတစ်လုံး
– သရက်သီးကို အခွံနွှာ ၊ အစေ့ဖယ်။ အသားလွှာပြီး blender ထဲ ထည့်ကြိတ်ပါ။ ဇွန်းနဲ့ ညက်နေအောင် ချေလည်းရပါတယ်။
– မိခင်နို့( သို့) နို့မှုန့် (သို့) ရေကျက်အေး အနည်းကို မိမိ ကလေးနှစ်သက်ပြီး စားလို့ လွယ်ကူမယ့် အနေအထား ဖြစ်အောင် ရောပေးပြီး ကျွေးရပါမယ်။
– သရက်သီးကို ကလေးတို့ အသီးအစိမ်းကို လက်ခံ စားသုံးနိုင်သော အသက်အရွယ်မှာ မိတ်ဆက်တာဖြစ်လို့ ချက်စရာ မလိုပဲ ဒီအတိုင်းကျွေးနိုင်ပါတယ်။ ပိုပြီးနူးညံ့စေချင်ရင်တော့ ခဏကြာ ရေနွေးငွေ့နဲ့ ပေါင်းလိုက်လို့ရပါတယ်။
– ၁၀လ အထက် ကလေးများကိုတော့ လက်နဲ့ ကိုင်စားလို့ရအောင် အတုံးလေးတွေလုပ်ပေးနိုင်ပါတယ်။

သဘောင်္သီး (၆-လ နဲ့ အထက် ကျွေးနိုင်ပါတယ်)
**************************************

ပါဝင်သော အာဟာရတန်ဖိုး>>>> Vitamins: A, C, Folate
Minerals: Potassium

– သင်္ဘောသီး အမှည့်ကို သုံးရမှာပါ။
– သင်္ဘောသီးကို အခွံခွာ၊ အစေ့ဖယ်ပြီး အတုံးလေးတွေ လုပ်ရပါမယ်။
– ပြီးတော့ ကြိတ်စက်နဲ့ကြိတ်ပါ။ ခရင်းနဲ့ ညက်နေအောင်ချေလည်းရပါတယ်။
– မိခင်နို့( သို့) နို့မှုန့် (သို့) ရေကျက်အေး အနည်းကို မိမိ ကလေးနှစ်သက်ပြီး စားလို့ လွယ်ကူမယ့် အနေအထားဖြစ်အောင် ရောပေးပြီး ကျွေးရပါမယ်။
– အချို့ ကလေးတွေဟာ အစာခြေရခက်တဲ့ အခက်အခဲရှိရင်ပြီး ပျို့အန်တာတွေ ဖြစ်တတ်ရင် သင်္ဘောသီးကို ရေနွေးငွေ့နဲ့ ၅-၁၀ မိနစ်ပေါင်းလိုက်ပြီး သင်္ဘောသီး မှာပါတဲ့ အချိုဓါတ်နဲ့ အမျှင်ဓါတ်ကို လျော့ချပေးလို့ရပါတယ်။ ဒါဆို ကလေးအစာကြေလွယ်ပါတယ်။

ပန်းသီး ၊သစ်တော်သီး၊ မက်မွန်သီး ( peaches) (၆-လ နဲ့ အထက် ကျွေးနိုင်ပါတယ်)
********************************************************************

ပါဝင်သော အာဟာရတန်ဖိုး>>>> Vitamins: A, C, Folate
Minerals: Potassium, Phosphorus, Magnesium, Calcium

– ပန်းသီး ၊ သစ်တော်သီး၊ မက်မွန်သီးကို အခွံနွှာ၊ အလယ်အူတိုင်နားကို ရှောင်ပြီး အသားချည်းပဲ အတုံးလေးတွေ ပြုလုပ်ပါ။
– ရေနွေးငွေ့နဲ့ ပျော့ပျောင်းသွားအောင် ပေါင်းပါ။( တစ်နည်း) ဒယ်အိုးထဲ အသီးတုံးလေးများ မြုပ်ရုံ ရေထည့်ပြီးလည်း အသီးတုံးလေးများ ပျော့အိလာအောင် ချက်ပေးနိုင်ပါတယ် ။ ကျန်တဲ့ ရေကိုလည်း purée မှာ ထည့်သုံးလို့ ရပါသေးတယ်။
– ကြိတ်စက်နဲ့ ကြိတ်ပြီးပဲ ဖြစ်ဖြစ်။ ခရင်းနဲ့ ချေပြီးပဲ ဖြစ်ဖြစ် purée လုပ်ပြီး သူချည်းပဲ ကျွေးနိုင်ပါတယ်။
– ကလေးက ၇-၈- လ အထက် ဖြည့်စွက် စာစားတာ ကျင့်သားရလာပြီဆိုရင် ဆန်မှုန့်၊ cereal စတာတို့နဲ့ လည်း သစ်တော်သီး purée ရောပြီး ကို ကျွေးနိုင်ပါတယ်။

ရွှေဖရုံသီး ( ၆-လ နဲ့ အထက် ကျွေးနိုင်ပါတယ်)
**************************************

ပါဝင်သော အာဟာရတန်ဖိုး>>>>
Vitamins: A (12230 IU in 1 cup.), C, K, Folate, NiacinMinerals: Potassium, Phosphorus, Magnesium, Calcium, Iron
– ရွှေဖရုံသီး ကို အခွံနွှာပြီး အတုံးလေးတွေ တုံးပြီး ရေနွေးငွေ့နဲ့ ပေါင်းတာပဲဖြစ်ဖြစ် ၊ရေအနည်းငယ်နဲ့ ချက်တာပဲဖြစ်ဖြစ် ပြုလုပ်ပြီး နူးအိနေအောင်ချက်ပါ။
– ပြီးရင် ကြိတ်စက်နဲ့ပဲဖြစ်ဖြစ်၊ခရင်းနဲ့ပဲ ဖြစ်ဖြစ်ချေပြီး ကျွေးနိုင်ပါတယ်။
– ကျွေးချင်တဲ့ အပျစ်အကျဲရအောင် ရေရောပေးနိုင်ပါတယ်။

Green beans , peas (၆-လ နဲ့ အထက် ကျွေးနိုင်ပါတယ်)
********************************************************************

ပါဝင်သော အာဟာရတန်ဖိုး>>>>
Vitamins A, C, K, Niacin, Folate
Minerals:Potassium, Sodium,Phosphorus, Iron, Magnesium, Calcium
– ပဲစိမ်းကို ရေသေချာစွာဆေးပြီး ရေနွေးငွေ့နဲ့ ပေါင်းတာပဲဖြစ်ဖြစ် ၊ရေအနည်းငယ်နဲ့ ချက်တာပဲဖြစ်ဖြစ် ပြုလုပ်ပြီး နူးအိနေအောင်ချက်ပါ။
– ကြိတ်စက်နဲ့ ကျေညက်အောင် ချေပြီး ကျွေးနိုင်ပါတယ်။ ပဲသီးရဲ့ အခွံလေးတွေကိုတော့ ဖယ်ပေးရပါမယ်။
– ကျွေးချင်တဲ့ အပျစ်အကျဲရအောင် ရေရောပေးနိုင်ပါတယ်။

မုန်လာဥနီ ( ၆-လ နဲ့ အထက် ကျွေးနိုင်ပါတယ်)
********************************************************************

ပါဝင်သော အာဟာရတန်ဖိုး>>>>
C, Folate
Minerals:Potassium, Sodium, Phosphorous, Iron, Magnesium, Calcium
– မုန်လာဥနီကို အခွံနွှာပြီး အတုံးလေးတွေ တုံးပါ။
– ရေနွေးငွေ့နဲ့ ပေါင်းတာပဲဖြစ်ဖြစ် ၊ရေအနည်းငယ်နဲ့ ချက်တာပဲဖြစ်ဖြစ် ပြုလုပ်ပြီး နူးအိနေအောင်ချက်ပါ။
– ကြိတ်စက်နဲ့ ကျေညက်အောင် ခြေပြီး ကျွေးနိုင်ပါတယ်။
– ကျွေးချင်တဲ့ အပျစ်အကျဲရအောင် ရေရောပေးနိုင်ပါတယ်။

ကန်စွန်းဥ ( ၆-လ နဲ့ အထက်)
************************

ပါဝင်သော အာဟာရတန်ဖိုး>>>>Vitamins A (24,877 mg ), C, Folate
Minerals:Potassium, Sodium, Selenium, Phosphorous, Magnesium, Calcium

– ကန်စွန်းဥကို အခွံ့နွှာပြီး အတုံးလေးတွေ တုံးပြီး ရေနွေးငွေ့နဲ့ ပေါင်းတာပဲဖြစ်ဖြစ် ၊ရေအနည်းငယ်နဲ့ ချက်တာပဲဖြစ်ဖြစ် ပြုလုပ်ပြီး နူးအိနေအောင်းချက်ပါ။
– ပြီးရင် ကြိတ်စက်နဲ့ ပဲဖြစ်ဖြစ်၊ခရင်းနဲ့ပဲ  ဖြစ်ဖြစ်ခြေပြီး ကျွေးနိုင်ပါတယ်။
– ကျွေးချင်တဲ့ အပျစ်အကျဲရအောင် ရေရောပေးနိုင်ပါတယ်။

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ တစ်မျိုးအထက် ရောနှောကျွေးခြင်း ။ ( ၆-လ နဲ့ အထက်)
*****************************************************
အသီးအနှံ ၊ ဟင်းသီးဟင်းရွက်များ တစ်မျိုးချင်းစီကို တစ်မျိုးကို ၄-ရက် စမ်းသပ်ကျွေးပြီး မိတ်ဆက်ပြီးလို့ ကလေးရဲ့ တုံ့ပြန်မှုကို မှတ်သားထားရပါမယ်။ ကလေးဟာ အစာမကျေတာ။ ဓါတ်မတည့်တာ၊ ဝမ်းသွားတာ။ ဗိုက်နာတာမျိုး ဖြစ်တဲ့ အစားအစာများက်ု မှတ်သားထားရပါမယ်။
အဆင်ပြေတဲ့ အစာများကိုတော့ နှစ်မျိုးနဲ့ အထက် ရောပြီး စတင် မိတ်ဆက်ကျွေးကြည့်နိုင်ပါပြီ။
ဥပမာ – ပန်းသီးနဲ့ သစ်တော်သီး။ ရွှေဖရုံသီးနဲ့ မုန်လာဥ။ မုန်လာဥနီနဲ့ ဆန်မှုန့်။

***အထူးသတိထားရမှာက အစားအစာအားလုံးချက်ပြုတ်ရမှာ ဘာအရသာမှ မထည့်ပါဘူး။ အစားအစာရဲ့ သဲူချည်း အရသာ သက်သက်သာ ကျွေးရမှာပါ။ ဆီ၊ ဆား၊ သကြား ဘာဆိုဘာမှ လုံးဝမထည့်ရပါဘူး။***

 

Source : နီတိုးလေးမေမေ

Ref; wholesomebabyfood.momtastic.com
Photo; Internet