ကိုးလ နှင့် အထက် ကလေးများအတွက် ကစားနည်းများ။

 

 

9momth

 

 

 

 

 

 

 

 

 

 

 

                      

 

  စီးကြမယ်..ပျော်စရာ..( ရွေ့လျားမှုကို စူးစမ်းလေ့လာခြင်း)
***********************************************

တခါတလေတော့လည်း ဘယ်အချိန်မှာ ဘယ်လို ကစားစရာကို စတင်မိတ်ဆက်ရမလဲဆိုတာ ဆုံးဖြတ်ဖို့ရာ ခက်နေတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကစားစရာအသစ်တစ်ခုကို အသုံးပြုနိုင်ဖို့ ကလေးတို့ရဲ့ ကျွမ်းကျင်မှု ဘယ်လောက်လိုအပ်တယ်ဆိုတာ မသိနိုင်ပဲ ဖြစ်တတ်လို့ပါ။

ဒါပေမယ့် လမ်းကောင်းကောင်းမလျှောက်နိုင်သော ကလေးငယ်ကို စီးလို့ရသော ကစားစရာကို အသုံးပြုစေနိုင်ပါပြီ။ ကလေးငယ်ရဲ့ ခြေထောက်ကတော့ ကြမ်းပြင်ကို ထိနိုင်နေလျှင် ပိုပြီး လုံခြုံစိတ်ချရပါတယ်။ ဥပမာ-အရမ်းကြီး ကြီးနေသော ကားမျိုးတော့ မဖြစ်သင့်ပါဘူး။

ကလေးငယ်ကို ကားပေါ်တွင် ထိုင်စေပြီး အနည်းငယ်တွန်းပြီး အတူတူ ကစားပြပေးသင့်ပါတယ်။ မကြာခင်မှာပင် ကလေးဟာ သူ့ဖာသာ ဘယ်လိုတွန်းရတယ်ဆိုတာကို နားလည်သွားပြီး အခန်းတွင်း ဟိုဟိုဒီဒီ ပျော်ရွှင်စွာ လိုက်ကစားနိုင်လာပါလိမ့်မယ်။

အကျိုးကျေးဇူး
************
ကလေးအများစုဟာ အသက်နှစ်နှစ်ထဲကို မရောက်ခင်မှာ စီးလို့ရတဲ့ ကစားစရာများကို သူတို့ဖာသာ မတွန်းတတ်ပဲ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ကစားစရာပေါ်ထိုင်ပြီး ရှေ့နောက် ခြေထောက်နှစ်ဘက်နဲ့ တွန်းရင်း သူတို့ရဲ့ခြေထောက်လေးတွေ သန်မာလာကြပါတယ်။ ခန္ဓာကိုယ် balance ကိုလည်း ထိန်းနို်င်လာပါတယ်။

* ခန္ဓာကိုယ်ဟန်ချက်( Balance )
* ခြေလက်ကြွက်သားကြီးတို့ရဲ့ ဖွံ့ဖြိုးမှု ( Gross Motor Skills)
* ခန္ဓာကိုယ် အောက်ပိုင်းကြံ့ခိုင်မှု(Lower Body Strength )

တို့ကိုတိုးတက်ကောင်းမွန်စေပါတယ်။

( ပုံစာ- ကလေးရဲ့ ပထမဆုံး စီးရတဲ့ ကစားစရာဟာ သူမကို ကိုယ့်ဘာသာရွေ့လျားနိုင်တယ်ဆိုတဲ့ ပျော်ရွှင်မှုကို ပေးနိုင်ပြီး ကောင်းမွန်သော လေ့ကျင့်ခန်းလည်း ဖြစ်ပါတယ်)

9month 1

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အသံလေးတွေ နားထောင်တာ လေ့ကျင့်မယ်…
***************************************
ကလေးနဲ့ အတူတူရှိနေချိန်တွေ အားလုံးဟာ စာဖတ်ပြတာ၊ ကစားတာ၊ စကားပြောတာတွေချည်းပဲ ဖြစ်နေစရာမလိုပါဘူး။ ကလေးငယ်ရဲ့ စိတ်အစဉ်ကိုနှိုးကြားပေးနိုင်ဖို့ရာ ဒီအတိုင်းလေး ငြိမ်ငြိမ်ထိုင်ပြီး ပတ်ဝန်းကျင်မှ အသံများကို စူးစမ်းလေ့လာနားထောင်ပေးတာမျိုးလည်း ပြုလုပ်ပေးနိုင်ပါတယ်။

အိမ်တွင်းတွင် ရေခဲသေတ္တာမှ တဂျစ်ဂျစ်မြည်သံ၊ တယ်လီဖုန်း မြည်သံ၊ ခွေးကလေးရဲ့ ကြမ်းပြင်ပေါ်လမ်းလျှောက်သွားသံ ၊ အိမ်ရှေ့မှ ကား ဖြတ်မောင်းသွားသံ စသည်တို့ကို နားထောင်စေလို့ရပါတယ်။ အိမ်ပြင်မှာဆိုရင် ငှက်သံလေးတွေ၊ လေတိုက်ပြီးသစ်ရွက် တိုက်သံလေးတွေ၊ခေါင်းလောင်းသံလေးတွေ၊ ကောင်းကင်မှ လေယာဉ်ပျံသံလေးတွေ စသဖြင့် နားထောင်စေလို့ ရပါတယ်။
အသံလာရာဘက်ကို ကလေးအား ပြောပြပြီးစိတ်ဝင်စားအောင် လုပ်နိုင်ပါတယ်။ ဒါဟာ ဘာသံလဲဆိုတာကိုလည်း ပြောပြပေးရပါမယ်။ ခေါင်းလောင်းလေးတွေကို ကလေးငယ်အား ထိတိုက်စေပြီး အသံပြုလုပ်လို့ရတယ်ဆိုတာကို ကလေးငယ်အား သင်ပြပေးရပါမယ်။ ငှက်သံ၊ ကားသံ စတာတွေကိုလည်း ပါးစပ်မှ အသံတုပြုလုပ်ပြပြီး ကလေးရဲ့ စိတ်ဝင်စားမှုကို တိုးစေနို်င်ပါတယ်။

အကျိုးကျေးဇူး
************
အာရုံစိုက်နားထောင်ခြင်းဟာ ကလေးငယ်ရဲ့ ဘာသာစကားဖွံ့ဖြိုးမှု အခြေခံကို တည်ဆောက်ပေးပါတယ်။ ဒီလို နားထောင်ပေးခြင်းဖြင့် ကလေးငယ်ဟာ အသံရဲ့ တည်ရှိရာနဲ့ ဘာအသံလဲ ဆိုတာကို ခွဲခြားသိနိုင်လာပါတယ်။ ဒီ အရည်အသွေးဟာ တခြားသော အတွေ့အကြုံများနဲ့ပေါင်းစပ်ပြီး ကလေးရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေပါတယ်။

* ဘာသာစကားဖွံ့ဖြိုးမှု ( Language development)
* နားထောင်နို်င်စွမ်းရည်။ ( Listening)
* အာရုံခံစနစ် ဖွံ့ဖြိုးမှု ( Sensory development)
* လူမှုရေးစွမ်းရည် ( Social Skills)

တို့ကို တိုးတက်ကောင်းမွန်စေပါတယ်။

 

Source : ယုငယ်