ဖေဖေတွေ ကလေးကူထိန်းပြီး အိမ်မှုကိစ္စတွေ မှာ ၀င်ကူသင့်သလား ???

နိုင်ငံတော်တော် များများမှာ ကလေးထိန်းတာ၊ အိမ်မှု ကိစ္စဆောင်ရွက်တာတွေကို အိမ်ရှင်မတွေရဲ့ တာဝန်ပဲလို့  သတ်မှတ်ကြပါတယ်။

အမေ၇ိကန် ပြည်ထောင်စုလို ကျား၊မ အခွင့်အရေး တန်းတူထားတဲ့ နိုင်ငံမှာတောင် အမျိုးသား အိမ်သာတွေ တော်တော်များများထဲ မှာ Diaper changing station ခေါ် ကလေးတွေကို အနှီးလဲပေးတဲ့ စင်လေးတွေ မထားပေးသေးတာကို ကြည့်ခြင်းအားဖြင့် ဒီမှာလဲ မေမေတွေက အဓိက ကလေးထိန်းသူတွေ လို့  ယူဆရပါတယ်။

အဖွားတို့ ခေတ်တုန်းက တော့ အိမ်ထောင်ဦးစီး တယောက်ရဲ့ ဝင်ငွေဟာ တအိမ်လုံးအတွက် ဖူလုံတာမို့  အမျိုးသားဆိုရင် ငွေရှာတဲ့ အလုပ်၊ အမျိုးသမီးတွေ ဆိုရင် အိမ်မှာနေ၊ ကလေးထိန်း တဲ့အလုပ်.. ဆိုပြီး နေနိုင်ခဲ့ပေမယ့် အခု ခေတ်မှာတော့ လင်မယား ၂ ယောက်စလုံး အလုပ်လုပ်တာတောင် လုံလောက်တဲ့ ၀င်ငွေရဖို့ အနိုင်နိုင်မို့  မေမေ အများစုဟာ (အချိန်ပိုင်းဖြစ်ဖြစ်) အလုပ်လုပ်ကြရတယ်။

*********************************************************************

ဒါဖြင့် အိမ်မှုကိစ္စတွေ၊ ကလေးထိန်းတာတွေ ကို ဖေဖေတွေ ၀င်မကူသင့်ဘူးလား??

၂၀၁၅ခုနှစ်၊ သြဂုတ်လ တုန်းက American Sociological Association အစည်းဝေးတစ်ခုမှာ တင်ပြခဲ့တဲ့ Georgia State University သုတေသနပြုစုချက်တစ်ခုအရ အိမ်ထောင် ဘက် အမျိုးသားတွေက အိမ်အလုပ်တွေ၊ ကလေးထိန်းတာတွေကို ၀င်ကူလုပ်တဲ့ အခါ ကောင်းကျိုးတွေ များစေတာကို တွေ့ ရပါသတဲ့။

အဆိုပါ သုတေသန မှာ.. ကလေးရှိပြီး ၀င်ငွေအားဖြင့် အနိမ့်ဆုံး နဲ့  အလယ်အလတ်တန်းစား ရှိသူ အိမ်ထောင်သည် ပေါင်း ၅၀၀ ကျော်ကို အင်တာဗျူး ပြီး၊ အမှတ်ပေးစနစ် တစ်ခုနဲ့  စစ်တမ်းကောက်ခဲ့တာဖြစ်ပါတယ်။

တာဝန်တွေကို ညီတူညီမျှ ခွဲဝေ ဆောင်ရွက်ကြတဲ့ စုံတွဲတွေမှာ အိမ်ထောင်ရေးသုခ ပိုမိုပြည့်စုံပြီး၊ စကားများ ရန်ဖြစ်တဲ့ နှူန်းက အနိမ့်ဆုံးဖြစ်လို့ နေတာကို တွေ့ ရပါသတဲ့။

အဲ…အိမ်မှုကိစ္စတွေ နဲ့ ကလေးထိန်းကိစ္စတွေ ကို ၆၀% ထက်ပိုပြီး အိမ်ရှင်မ တယောက်တည်း တာဝန်ယူရတဲ့ အိမ်ထောင်စုမှာတော့ အိမ်ထောင်ရေးသုခနဲ့ ပတ်သက်တဲ့ အမှတ်ပေးစနစ်မှာ အဆိုးဆုံးဖြစ်နေတာကို တွေ့  ရပါသတဲ့။ အဲဒီ စုံတွဲတွေဟာ သူတို့ ရဲ့ အိမ်ထောင်ရေးအပေါ်ကျေနပ်မှုနည်းပါးပြီး၊ လင်မယားခြင်း စကားများကြ ရန်ဖြစ်ကြတဲ့ နှူန်းက မြင့်နေတာကို တွေ့ ရတယ်။

သုတေသီတွေကတော့ .. တာဝန် ခွဲဝေယူတဲ့ စုံတွဲတွေမှာ .. ဘယ်သူက ဘာလုပ်မယ်၊ ကလေးကို ဘယ်လိုပုံစံနဲ့ စည်းကမ်းတွေ သတ်မှတ်ပြီး ထိန်းကျောင်းကြမလဲ ဆိုတာတွေ ကို..၂ ယောက်သဘောတူလုပ်ဖို့  စပြီး ဆွေးနွေးကြပြီ ဆိုကတည်းက အပေးယူတွေ၊ နားလည်မှတွေ၊ ညှိနှိုင်းရတာတွေ ပါလာပြီမို့  ပိုမိုခိုင်မြဲတဲ့ ဆက်ဆံရေးကို ဖြစ်စေတယ်လို့ .. ဆိုပါတယ်။

*********************************************************************

တာဝန်ခွဲဝေမှုရဲ့ ကောင်းကျိုးက အဲဒီထက်မက များပါသေးတယ်။

The United Nations Population Fund ကထုတ်ပြန်တဲ့ State of the World’s Fathers မှတ်တမ်း မှာ

သားသမီးတွေနဲ့ ပိုပြီး ထိထိတွေ့ တွေ့ နေတဲ့ ဖခင်တွေဟာ

• ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး သာမက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာရော ပိုမိုကျန်းမာပြီး၊ ပိုမိုပျော်ရွှင်တဲ့ ဘ၀တွေကို ပိုင်ဆိုင်ကြတာတွေ့ ရပြန်ပါတယ်။

• ကလေးတွေနဲ့ ရင်းရင်းနှီးနှီးနေကြတဲ့ အတွက် ဖခင်တွေမှာ ခက်ထန်မှုတွေ၊ ကြမ်းတမ်းမှုတွေ လျော့နည်းပြီး၊ ခိုက်ရန်ဖြစ်ပွားမှုတွေ၊ အရက်နဲ့  မူးယစ်ဆေးစွဲတဲ့ နှူန်းတွေ ပါ ကျဆင်ေးစပါသေးသတဲ့။

• ငွေလဲရှာ၊ သားသမီးတွေဆီက ချစ်ခြင်းမေတ္တာတွေနဲ့ အချိန်ကုန်ရတဲ့ အတွက် သူတို့ ရဲ့ ဘ၀ကို ကျေနပ် ဂုဏ်ယူကြသူတွေလဲ ဖြစ်ပါသတဲ့။

ကဲ..မေမေတို့ ရေ.. ဖေဖေတွေ အတွက် ကောင်းကျိုး တော်တော်များများကို ဖြစ်စေဖို့ .. သူတို့ တွေ ကို ကလေးကူထိန်းဖို့ ၊ အိမ်မှုကိစ္စတွေမှာ ၀င်ကူဖို့  တာဝန်တွေ ခွဲဝေပေးကြပါစို့ ရဲ့ ..နော်….

မေတ္တာဖြင့်
N&N မိသားစု

photo credit: Gettyimage