Quality time ဖြစ်အောင် သုံးကြစို့ …

ဖေဖေ မေမေ တို့ ရေ …. ဒီတပတ် (၁၆၈ နာရီရှိတဲ့ အထဲမှာ) သားသမီး အတွက် ဘယ်နှစ်နာရီ အချိန် ပေးပြီးကြပြီလဲ ဟင်?

ကလေးရှေ့ ရေးအတွက် အလုပ်လုပ်နေရလို့ တနေ့ ကို ၃-၅ နာရီ လောက် ပဲ ပေးနိုင်လို့  စိတ်မကောင်း ဖြစ်နေသလား ? ?

ဒါမှမဟုတ် အဝေးမှာ အလုပ်သွားလုပ်နေရလို့ နေ့ တိုင်းတောင် မတွေ့ နိုင်ဘူးလား။

မိဘတွေဟာ ကိုယ့် သားသမီးနဲ့ ပတ်သက်လာရင် တတ်နိုင်တာထက် ပို ပေးချင်ကြသူတွေပါ။
ငွေရှာထွက်နေရလို့ ကလေး မထိန်းနိုင်တဲ့ မိဘတွေ က စိတ်ထဲမှာ အပြစ်ရှိသလို ခံစားရသလို၊ အိမ်မှာနေပြီး ကလေးထိန်းနေရတဲ့ မိခင်တွေ ကလဲ သားသမီးရှေ့ ရေးအတွက် ငွေမရှာနိုင်လို့ နောင်တတွေနဲ့  နေနေကြရတယ်။ ငပိရည်နဲ့ အတို့ မြို့ မခွဲနိုင်သလို .. သားသမီး တွေ အပေါ် ထားရတဲ့ ချစ်ခြင်းနဲ့  ပူပင်ကြောင့်ကြခြင်း အတွဲ ကလဲ သေရာပါပဲ ထင်ပါရဲ့ နော်။

ဒါဖြင့် သားသမီး အတွက် တနေ့ ကို အချိန် ဘယ်လောက် ပေးသင့်သလဲ .. စပ်စုကြည့်ရအောင်။

သုတေသနပြုစုမှုတွေ အရရော၊ The Washington Post သတင်းစာမှာ ပါတဲ့ Making time for kids? Study says quality trumps quantity ဆိုတဲ့ ဆောင်းပါး မှာရော.. မိဘတွေ က သားသမီး ကိုအချိန်ပေး ရာမှာ quantity time (နာရီ အရေအတွက်) ထက် quality time (အရည်သွေးပြည့်တဲ့ နာရီ အရေအတွက်) က ပိုပြီး အရေးကြီးတယ်လို့ ဆိုပါတယ်။

ဥပမာ.. ကလေးနားမှာ တနေ့ ကို နာရီပေါင်းများစွာနေပေမယ့်လဲ ကလးကို တီဗီဖွင့်ထားပေးပြီး ကိုယ်က ဖုန်းပွတ်နေမယ်၊ ပုတီးလေး ဂျောက်ဂျက်နဲ့ (ဒါမှမဟုတ်) တခြား အိမ်အလုပ်တွေ လုပ်နေမယ် ဆိုရင် ဒါကို quantity time လို့ ပဲ သတ်မှတ်ပါတယ်။

ကလေးထိန်းနေပေမယ့် တခြား ပူပင်သောကတွေ များပြီး ကလေးကို အော်ငေါက်လိုက်၊ ရိုက်နှက်လိုက် လုပ်တာမျိုး၊ မိဘရဲ့ ဒေါသနဲ့ သောကတွေ ကို ကလေး က ကူးစက် ခံစားနေရတာမျိုး ဆိုရင်တော့ နာရီတွေ ဘယ်လောက် များများ၊ ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ပို ဖြစ်စေပါတယ်။

သောကပွေ၊ အိပ်ရေးမ၀ စိတ်ဖိစီးမှုတွေနဲ့ ကလေးထိန်းနေတဲ့ မေမေတွေ ကြောင့် ကလေးရဲ့ စိတ်ခံစားမှု၊ ဖွံ့  ဖြိုးတိုးတက်မှု၊ အမူအကျင့် အပြင် သချာင်္ရမှတ်တွေ ကို ပါ ထိခိုက်တဲ့ အကြောင်း တွေ့ ရှိထားတဲ့ သုတေသနတွေ အများကြီးပါ။

ကလေး ကို တနေ့ ၁ နာရီ ပဲ ထိန်းတယ်၊ ဒါပေမယ့် ဖုန်းတွေ ပိတ်ထားပြီး အဲဒီ တစ်နာရီဟာ ကလေး ကို ၁၀၀% အာရုံစူးစိုက်မှုပေးမယ်။ ကလေးနဲ့ တက်တက်ကြွကြွ ကစားပေးပြီး ကလေးရဲ့ အမူအကျင့်တွေ၊ အားနည်းချက် အားသာချက် တွေကို အတူ လေ့လာခွင့်ရမယ်။ ကလေးဟာ မိဘအတွက် အရေးပါတယ်ဆိုတဲ့ အသိနဲ့  ခံစားမှုကို ပေးနိုင်တယ် ဆိုရင်တော့ … အဲဒီ တစ်နာရီဟာ quality time ပါ။

ကလေးငယ်လေးတွေ အတွက် တနေ့ ကို ဘယ်နှစ်နာရီ အချိန်ပေးရမယ် လို့ တိတိကျကျ ဖြေထားတဲ့ သုတေသနတွေ မရှိပါဘူး။ ဆယ်ကျော်သက် အရွယ်မှာတော့ တပတ်ကို quality time ၆ နာရီ လောက် အချိန်ပေးသင့်တယ်လို့  အကြံပြုထားပါတယ်။

 

သားသမီးတွေ အတွက် အချိန်ပေးဖို့  ဘာလို့ အရေးကြီးသလဲ။

သုတေသနပြုမှုတွေ အရ ….
မိဘ၊ မိသားစုနဲ့ အတူ လက်ပွန်းတသီးနေထိုင်ခွင့်ရခြင်းဟာ မိသားစုဝင်တွေ အကြား နှောင်ဖွဲ့ မှု၊ ချစ်ခင်မှုတွေကို တိုးပွားစေတယ်။v
ကျောင်းတွေမှာ ပညာထူးချွန်ကြတဲ့ ကလေးများဟာ သူတို့ ငယ်ရွယ်စဉ်ကv သိချင်တာတွေ၊ မေးမြန်းတာတွေကို မိခင်တွေက စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့ကြတာနဲ့ ဆက်နွယ်နေတာကို တွေ့  ရတယ်။
ဖခင်တွေနဲ့ အတူv ကစားခွင့်ရတဲ့ ကလေးတွေ ဟာ ကျောင်းတွေမှာ ထူးချွန်ကြပြီး၊ ဖခင်နဲ့ သိပ်ပြီး အတူ ကစားခွင့် မရတဲ့ ကလေးတွေက သာမာန်ရမှတ်တွေ ပဲ ရတာကို တွေ့ ရပါသတဲ့။
တပတ်ကို မိသားစုနဲ့ ညစာ စားချိန် အနည်းဆုံး ၅ ကြိမ် လို့ သတ်မှတ်ပြီး၊ လေ့လာမှုပြုရာမှာ တပတ်ကို ၂ ကြိမ်ထက်နည်းပြီး မိသားစုနဲ့ အတူ ညစာစားကြတဲ့ ဆယ်ကျော်သက်တွေက ညစာ၅ကြိမ်လောက် စားတဲ့ ကလေးတွေနဲ့ စာရင် မူးယစ်ဆေးဝါးသုံးစွဲမှုနှုန်းပို မြင့်တာကို တွေ့  ရတယ် (အရက်သုံးစွဲနှုန်း ၂ ဆ၊ စီးကရက်သောက်နှုန်း ၂.၅ ဆ၊ အရက် ၁.၅နှုန်း၊ နဲ့  မူးယစ်ဆေးစွဲတာက ၃ ဆပါ)
သားသမီးတွေက မိဘတွေ ဘာဝယ်ပေးသလဲ ဆိုတာထက် မိဘတွေနဲ့ ဘယ်လို ကစားခဲ့၊ ခရီးသွားခဲ့ကြသလဲ ဆိုတာကို ပို အမှတ်ရတယ်။
အချိန်ပေးခြင်းဖြင့် သားသမီးများကို အကောင်းဆုံးလက်ဆောင်ပေးရာ ရောက်တယ်။v
စသဖြင့် နဲ့ တခြား တခြားသော ကောင်းကျိုးတွေ အများကြီးကို ဖြစ်စေပါတယ်။

တကယ်တမ်း စဉ်းစားကြည့်တော့ ကျွန်မတို့ တွေ ကလေးတွေနဲ့ အတူနေခွင့် က သိပ်ကို တိုတောင်းလှပါတယ်။ သားသမီးနဲ့ မိဘကြား ၂ ဘက်စလုံးက ၁၀၀% အာရုံစိုက်မှုပေးပြီး အတူတူ နေရတဲ့ အချိန်က ရှားပါး လွန်းလှတယ်။
အမေရိကန်ပြည်ထောင်စု က မိဘတွေ ဟာ သားသမီးတွေ အတွက် အချိန်အများကြီး ပေးကြသူများ လို့  သတ်မှတ်ခံထားရသူတွေပါ။ ၁၉၆၅ခုနှစ် ကနေ ၂၀၁၀ အတွင်း ကလေးအတွက် .. အမေ က တပတ်ကို ဗျမ်းမျှ ၁၀.၅ နာရီ ကနေ ၁၃.၇ နာရီ၊ အဖေကို ၂.၆ နာရီ ကနေ ၇ နာရီဖြစ်လာလို့ ၊ အဖေတွေ က သားသမီးတွေ အတွက် အချိန်ပေးမှုက ၃ ဆလောက်တက်လာတာကို တွေ့ ရတယ်။

အမေတွေ ဘက်မှာ နာရီ သိပ်မတိုးလာရတဲ့ အကြောင်းရင်းက မိခင်တွေ အလုပ်ထွက်လုပ် ကြတဲ့ နှုန်း တိုးလာလို့ ပါ။ ၁၉၆၅ ကနေ ၂၀၁၄ ခု အတွင်း အသက် ၁၈နှစ်အောက် ကလေး ရှိပြီး အလုပ်လုပ်ကြတဲ့ မိခင် ရာခိုင်နှုန်း ၄၁ ကနေ ၇၁ ဖြစ်လာတယ်။ အလုပ်တဘက်နဲ့ တောင်မှ ခေတ်သစ် မိခင်တွေ ဟာ ယခင် အလုပ် မလုပ်ပဲ အိမ်မှာနေ ကလေးထိန်းတဲ့ မိခင်တွေနဲ့ နာရီအားဖြင့် မကွာလှတာကို တွေ့ ရပါသတဲ့။ (တို့ မိန်းမတွေ က အာဂ တွေ နော်း)

ဒီမှာတော့ အများအားဖြင့် ကလေးကို ၂ နှစ်လောက် အထိ ပဲ ထိန်းကြပြီး၊ မူကြိုပို့ ကြတယ်။ ကလေးတွေ ကျောင်းစတက်ပြီ ဆိုတာနဲ့ သူတို့ မှာလဲ အိမ်စာတွေ၊ သင်တန်းတွေ စသဖြင့် လုပ်စရာတွေ များလာကြပြီ၊ မိဘတွေ ကလဲ အလုပ်ကနေ ပြန်လာတော့ ပင်ပန်းလို့ ၊ ခနတွေ့ ရတဲ့ အချိန်လေးမှာ နားချင်နေပြီ။ ဒီလိုနဲ့ သူတို့ လေးတွေ အသက် ၁၈ နှစ်လောက်မှာ မိဘ အရိပ်အောက်က ခွာကြပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ဖို့ အိမ်ကနေ ခွာကြပြီ။

ဒီတော့ .. သားသမီးနဲ့ နေရတဲ့ အချိန်လေးများ ကို အဖိုးတန် အကျိုးရှိအောင် ….

** ဖုန်းတွေ ခနပိတ်ထားလိုက်ပါ။

** ဦးစားပေးရွေးချယ်မှု မှန်ပါစေ။ တခုခု မလုပ်ခင် ဒီဟာ ကို ငါ အခုလုပ်ဖို့ တကယ်လို အပ်သလား၊ ကလေးနဲ့ ကစားတာက ပို လုပ်သင့်သလား လို့ အရင်မေးပါ။ မမေးမိရင် အီးမေလ်းစစ်ဖို့ တို့ ဘာတို့ အရေးကြီးတယ် လို့ တွေးမိပြီး၊ တကယ်အရေးမကြီးတာတွေ က ကလေး ရဲ့ အချိန် ကို လုယူ သွားတတ်လို့ ။

** လူငှားခေါ်သင့်ရင် ခေါ်လိုက်ပါ။ အဲဒီ ငွေတွေ ဟာ သင့် အတွက် အသုံးပြုသင့်တဲ့ငွေပါ။ ငွေက ပြန်ရှာလို့  ရတယ်။ ကလေးနဲ့ အချိန်က ပြန်မရလို့ ။

** အိမ်သန့် ရှင်းရေး လုပ်ဖို့ ငါ ငွေ ဘယ်လောက် ကုန်သွားပြီ လို့ မတွေးပဲ ငါ့မိသားစုနဲ့ အတူနေဖို့ အချိန် ၃ နာရီထွက်လာပြီ လို့ တွေးပါ။

** ကလေးတွေနဲ့ အတူ ကျန်းမာရေးလိုက်စားပါ။ ကစားတာ၊ လမ်းလျှောက်တာ၊ ပြေးတာ၊ ဒါတွေဟာ မသိလိုက် မသိဘာသာနဲ့ သူတို့ ကို လေ့ကျင့်ခန်းလုပ်ပေးရာေ၇ာက်ပါတယ်။

** ရူးသွပ်စွာ ပေါတောတော စွာ ကခုန်လိုက်ပါ။ အဲဒါတွေ ဟာ သင့်ကလေးရဲ့ တသက်တာ အမှတ်တရ အဖြစ်လေးတွေ အနေနဲ့ ပါသွားမှာမို့ ပါ။

**တောအုပ်လေးထဲ ပြေးလွှားကစား လိုက်ပါ။ လိပ်ပြာလေးတွေ ဟာ ပန်းဝတ်မှုံတွေ ကူးစက်ပေးခြင်း အားဖြင့် ဘယ်လို သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနိုင်တယ် ဆိုတာ ကို ရှင်းပြလိုက်ပါ။ အဲဒါတွေ လုပ်ဖို့  နာရီဝက်လောက်ပဲ ကြာရင် ကြာလိမ့်မယ်။ ဒါဟာ သင့်ကလေးကို သဘာဝတရားပေါ် ချစ်မြတ်နိုးစိတ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အရေးပါပုံ စတာတွေ ကို သိနားလည်ပြီး ကမ္ဘာမြေ အကျိုးကို သယ်ပိုးလိုတဲ့ စိတ်တွေ ၀င်သွားတဲ့ အထိ အကျိုများသွားစေပါလိ့မ်မယ်။

** အိမ်အလုပ်တွေ လုပ်ရမယ့် အခါ၊ ကလေးကို အတူပါနိုင်အောင် ဖန်တီးပါ။ ဥပမာ အတူ ဈေးဝယ်ထွက်တာ မျိုး၊ အမေ ဒီမှာ အရွက်တွေ ရေဆေးနေတုန်း သမီးက လိမ်မ္မော်သီး ဘယ်နှစ်လုံးလဲ ဆိုတာ ရေပေးပါဦး ဆိုပြီး ကူညီခိုင်းသလို မျိုးနဲ့ ခိုင်းပါ။

ရှောင်ရန်။
************
မိဘက ချည်းပဲ ဦးဆောင်မှု မပေးပါနဲ့ ။ ကလေးအကြိုက် ကစားနည်းတွေ သူ့ ဘာသာ ရွေးချယ်ပါစေ။ ဒါမှ သူ့ မှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင် တွေးခေါ်နိုင်တဲ့ အကျင့်ရှိလာမယ်။

နေရာတကာ ၀င်ပြော၊ ၀င်လုပ်ပေးတာမျိုး ရှောင်ပါ။ ကစားပြီးလို့ သူ့ အရုပ်တွေ သူပြန်သိမ်းခိုင်းတာမျိုး ..သူလုပ်နိုင်တာတွေ ကို ခွဲဝေမျှပေးပါ။

ကလေး ကို တယောက်တည်း ထားရင် ပျင်းမှာ ငြီးငွေ့ မှာ စိုးတဲ့ စိတ်နဲ့ တနေကုန်လုံး ကစားနည်းတွေ တစ်ခုပြီး တစ်ခုပြောင်း ပေးတာမျိုး ရှောင်ပါ။ အဲဒီ နည်းက over stimulation လို့ ခေါ်တဲ့ နိုးဆွမှုတွေ များလွန်းပြီး ကလေး ကို ထိခိုက်စေပါတယ်။
သုတေသန တစ်ခုမှာ ကလေးကို အမြဲတမ်း တစ်ခုပြီး တစ်ခု ကစားခိုင်း၊ မပျင်းအောင် ဖန်တီးပေးနေတဲ့ အခါ ကလေးက တခြားကလေးကို အနိုင်ကျင့်တတ်တာမျိုး၊ အငြိမ်မနေနိုင်ပဲ တက်ကြွလွန် (hyperactive) ဖြစ်သွားတာမျိုး နဲ့ အမူအကျင့် ပိုင်းဆိုင်ရာမှာ ထိခိုက်တာတွေ ရှိတာ တွေ့  ရပါသတဲ့။

ကလေးက သူပျင်းနေရင်၊ သူ့ ဘာသာ မပျင်းအောင် နည်းလမ်းရှာခြင်း အားဖြင့် တီထွင်ကြံဆမှုတွေ တိုးလာစေလို့ တခါလေလဲ သူ့ ဘာသာ လွတ်ထားပေးရပါမယ်။

ကလေးတစ်ယောက်နဲ့ တစ်ယောက်က အမူကျင့်လေးတွေ၊ အကြိုက်လေးတွေ မတူလို့ ကလေးတစ်ဦး ချင်းစီ လိုက်ပြီး အလိုက်ထိုက် ပြောင်းလဲမှုတွေ နဲ့ ထိန်းသွားရပါမယ်။

အချုပ်အားဖြင့် ပြောရရင် .. လူ့ ဘ၀သက်တမ်းဟာ တိုတောင်းလှတယ်။ ပြန် အစားထိုးယူလို့ မရနိုင်တဲ့ အဖိုးတန် ရတနာထဲမှာ “အချိန်” ပါတယ်။ ဒါကြောင့် အဲဒီ အဖိုးတန်ပစ္စည်းကို ကိုယ်တန်ဖိုးထားသူတွေ အတွက် ပဲ ပေးသင့်ပါတယ်။

နာရီလက်သံ ချက်ချက်ညံ … အချိန်ကုန်နေတာ ခပ်မြန်မြန်။
ဖြတ်သန်းသွားတဲ့ စက္ထန့် ဟာ… ပြန်လဲမရနိုင်ပါ။
ရှားပါးလွန်းတဲ့ လက်ဆောင်လေး … သားသမီး ကို ပေး။
ပေးရကျိုးလေး နပ်စေဖို့ .. နည်းလမ်းမှန်စွာ သုံးကြစို့ ။
Source : မစုဥာဏ် (N&N Myanmar Online Shop)