ကလေး များကို အလေးသွားရင် ပြော တတ်အာင် လေ့ကျင့် သင်ကြားပေး ရအောင်

ကလေးများကို အလေးသွားရင် ပြောတတ်အောင် လေ့ကျင့် သင်ကြားပေးတဲ့ နည်းမျိုးစုံ ရှိပါတယ်။ ဒီနည်းတွေထဲ ကနေမှ ကျွန်မအတွက် အလုပ်ဖြစ်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်ညွှန်ပေးလို့ ဖတ်ရတဲ့ နည်းလမ်းလေးကို အကြံပေးချင်ပါတယ်။
ကလေးတွေ ဟာ ၂နှစ်ခွဲ ၃-နှစ်ဆိုရင် နေ့လည်ဘက် ရှုးရှုးပေါက်တာကို ပိုသိလာ ထိန်းလာ နိုင်နေပါပြီ။ ဒီအရွယ် လောက်ကစပြီး လေ့ကျင့်ပေးချင်ရင်ရပါပြီ။ တချို့ကလေးတွေ့တော့ ၃-၄ နှစ်လောက်ထိကို potty train ကို စိတ်မဝင်စားပါဘူး။ လုပ်ရခက်ပါတယ်။
Diaper ဝတ်တဲ့ ကလေးဆိုရင် potty train တော့မယ်ဆိုရင် diaper လုံးဝ ချွတ်လိုက်သင့်ပါတယ်။ ဒါမှ ကလေးက ဇဝေဇဝါ မဖြစ်မှာပါ။ ဒီကြားထဲ မတော်တဆ ထွက်ကျ ပေကျံတာတွေလဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ပေးတော့မှာဖြစ်လို့ ဒီအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

လေ့ကျင့်နည်း
******************
မေမေတို့ ကိုယ်ကိုယ်တိုင် အလေးသွားချင် လာတဲ့အခါ ကလေးကို ” သားရေ မေမေ poo poo( အင်းအင်း… စသည် သင်ထားတဲ့အတိုင်း) လုပ်လိုက်ဦးမယ်နော်။ ဗိုက်နာလာလို့” ဆိုပြီး ဗိုက်ကို ပွတ်ပြပြီး အတည်ပြောပါတယ်။အဲဒီအချိန်မှာ အဖေပဲဖြစ်ဖြစ် အိမ်က တစ်ယောက်ယောက်ကလဲရှိနေစေပါတယ်။ ကြိုပြီးလဲ အချင်းချင်း တိုင်ပင်ဇာတ်တိုက် ထားပါတယ်။ အိမ်သာက ထွက်လာရင် အဖေ ဒါမှမဟုတ် အိမ်ရှိသူ တစ်ယောက်ယောက်က ” ဟာ .. မေမေ က လိမ္မာတယ် ၊ good job ၊ poo poo ကို toilet မှာလုပ်တယ် ၊ရေလဲဆွဲချတယ် ၊ ဗိုက်ထဲကနာလာရင် toilet သွားရတာပေါ့”  စသဖြင့် သူကိုမပြောပဲ သူ့ရှေ့မှာ ကိုယ်အချင်းချင်း ပြောပါတယ်။ အိမ်ကသူတွေ toilet သွားသမျှ အဲလို သူကြားအောင် ကိုယ့်အချင်းချင်း good job. Thumbs up လုပ်ကြပါတယ် ?။
ကလေးကိုတော့ တိုက်ရိုက်ကြီး မပြောမသင်ပါဘူး။ဒါပေမယ့် သူ့ရှေ့မှာ သူကြားအောင် ပြောနေတာက သူ့ကို သင်နေတာပါ။ အဲလိုနဲ့  ၄,၅ ရက်လောက် လုပ်ရင် သူနားလည် လာပြီဆိုရင် သူ့ကို စသင်လို့ ရပါပြီ။ ကလေးက ပြောလာပြီ ၊သူဖာသာသူ အိမ်သာကို သွားလာပြီဆိုရင်လဲ ချီးကျူးပေးပါ။

**ကလေးကို အလေးသွား ချင်လာရင် ဒီလို သွားရတယ်။ ဒီလို toilet မှာသွားတာကို လူတိုင်းလုပ်ကြတယ်။ ဒါဟာ လုပ်ရမယ့် အလုပ်၊ ဒီလိုလုပ်မှ မှန်တယ်။ အလေးသွားတာ ဘောင်းဘီ၊ diaper ထဲ၊ ဗိုက်နာလာရင် နာတဲ့နေရာမှာပဲ လုပ်ရမှာ မဟုတ်ဘူး။ toilet မှာ သွားကြတယ်ဆိုတာ သူ့ရဲ့ အသိဉာဏ်ထဲ အမူအရာနဲ့ သင်ပေးတာပါ။ သူသိလာတဲ့ အထိ သင်ရပါတယ်။ ( ကျန်းမာရေးချွတ်ယွင်းချက်ရှိလို့ မပြောနိုင်၊ မသွားနိုင်တဲ့ ကလေးကလွဲလို့ သင်လို့ရပါတယ်)

ဒါကတော့ နည်းပေါင်းစုံ သုံးပြီး နောက်ဆုံး အဆင်ပြေသွားတဲ့ လေ့ကျင့်နည်းပေါ့။ ကလေးတစ်ယောက် potty train ဖို့ အဆင်သင့်ဖြစ်နေရမယ့် သူရဲ့ ဖွံ့ဖြိုးမှု လိုအပ်ချက်တွေကတော့…….

ရုပ်ပိုင်းဆိုင်ရာလက္ခဏာ
*****************************
-လမ်းကောင်းကောင်းလျှောက်နိုင်ရပါမယ်။ အနည်းငယ် ပြေးနိုင်နေရပါမယ်။
-ရှုးရှုးပေါက်တာ တကြိမ်မှာ ပမာဏများများ ပေါက်နိုင်ရပါမယ်။ ( ဘေဘီတုန်းကလို နည်းနည်းစီ မဟုတ်တော့ပါ)
-အလေးသွား တာလည်း ပုံမှန် ခန့်မှန်းလို့ရတဲ့ အချိန်ဖြစ်လာနေရပါမယ်။( မနက်တိုင်းသွားတယ်။ ဝမ်းမှန်တယ် စသည်)
-အနည်းဆုံး ၂-နာရီ အပေါ့မသွားပဲ နေနိုင်နေပြီ။ နေ့လည် အိပ်ချိန်တွေမှာ အပေါ့မသွားတော့ဘူး။ အပေါ့သွားတာကို ထိန်းထားနိုင်လောက်အောင် ကြွက်သားများ ဖွံ့ဖြိုးရပါမယ်။

လေ့ကျင့်လို့ရနိုင်ပြီလို့ သိနိုင်တဲ့ လက္ခဏာများ
******************************************************
-တနေရာတည်းမှာ ငြိမ်ငြိမ်လေး ၂-၅ မိနစ်လောက် ထိုင်နိုင်နေပြီ။
-ဘောင်းဘီကို ဆွဲတင်ဆွဲချတာ လုပ်တတ်နေပြီ။
-ပေနေ၊စိုနေသော diaper များကို မကြိုက်တော့ဘူး။
-ရေချိုးခန်းအလေ့အကျင့်များကို စိတ်ဝင်စားလာတယ်။( မေမေ ရေချိုးခန်းသွားတာကို စိတ်ဝင်စားလိုက်ကြည့်ချင်လာမယ်၊ underwearဝတ်တာကို လိုက်ကြည့်တတ်လာမယ်)
-အလေးသွားချင်တာကို အမူအရာနဲ့ဖြစ်စေ၊ ပါးစပ်နဲ့ဖြစ်စေ ပြောပြနေပြီ။
-ကိုယ့်ဘာသာလုပ်ချင်တာတွေ ရှိလာနေပြီ။
-သူတခုခုလုပ်နိုင်တာကိုလဲ သူဖာသာသူကျေနပ်တတ်နေပြီ။
-toilet ဘယ်လိုသုံးရလဲဆိုတာ သင်ယူချင်စိတ်ရှိနေပြီ။
-သင်ပေးတာတွေကို လိုက်လုပ်ချင်စိတ်ရှိနေပါပြီ။

ကလေးရဲ့ နားလည်သိနိုင်စွမ်း
*********************************

*ရိုးရှင်းတဲ့ ညွှန်ကြားမှုကို နားလည် နိုင်စွမ်းရှိခြင်း။( ဥပမာ- အဲဒီအရုပ်လေး သွားယူခဲ့သား” )

*ပစ္စည်းများကို သူရှိရမယ့်နေရာမှာ ထားရတာကို နားလည်ခြင်း။ ( ဥပမာ- ပန်းကန်က ပန်းကန်စင်မှာထားရတယ်။ အင်္ကျီက ဗီဒိုထဲမှာ ထားရတယ်။ ခေါင်းအုံးက အိပ်ယာမှာ ထားရတယ်)

*ရှုးရှုး/ အိမ်သာ စတဲ့ စကားလုံး ကို ပြောတတ်ခြင်း။၊ပြောရင် နားလည်ခြင်း။

*ကလေးဟာ အလေးသွားချင်လာတယ်ဆိုတဲ့ ခံစားမှု လက္ခဏာတွေကို နားလည်နေတဲ့ အရွယ်ဖြစ်ပြီး သူအလေးအပေါ့ သွားချင်တာကို မထွက်ကျခင်ပြောနိုင်တဲ့ အနေအထားရှိရင်၊ အိမ်သာဆီမရောက်ခင် ထိန်းထားနိုင်ရင် လေ့ကျင့်သင်ပေးဖို့ လွယ်နေ၊ အဆင်သင့်ဖြစ်နေပါပြီ။( ဒီအချက်ကို လုပ်နိုင်နေပြီဆိုရင်တော့ ကလေးက လေ့ကျင့်ဖို့ တော်တော် လွယ်နေပါပြီ)

***အထက်ပါလက္ခဏာများကတော့ ကလေးရဲ့ နားလည်နိုင်စွမ်း၊ potty train ဖို့ ရုပ်ပိုင်းစိတ်ပိုင်း အဆင့်ဖြင့်နေပြီလား ချင့်ချိန်သိနိုင်ဖို့ guide ပါ။ ( physical signs ref; babycenter.com)
တချို့ကလေးတွေက ဒါတွေစောင့်စရာမလိုပဲ potty train လို့ရပါတယ်။ လွယ်ပါတယ်။ ဘယ်လိုလုပ်ရလဲ နည်းပေါင်းစုံရှိတဲ့ထဲက လုပ်ကြည့်ပြီး ကျွန်မအတွက် အလုပ်ဖြစ်ခဲ့တဲ့ လေ့ကျင့်နည်းကို share တာပါ။ တခြား ထပ်မေးရင် မဖြေတတ်တော့ပါ??။
Source : နီတိုးလေးမေမေ။

Photo; Internet.