သားသား မီးမီးတို့ကို ခံတွင်း သန့်ရှင်းရေး လုပ်ပေးကြ ရအာင်

မေး။ ။ သမီးလေးက အသက်တစ်နှစ်နဲ့ ခြောက်လရှိပါပီ ရှေ့သွားလေးတွေ ပိုးစားနေလို့ပါ တဖြေးဖြေး နဲ့ ကြွေကျလာလို့ ဆရာဝန် သွားပြကြည့်တာ သွားမှန်မှန် တိုက် ပေးဖို့ပဲ ပြောပါတယ် ခက်တာက သမီးလေးဆရာဝန်နဲ့ပြ ပီး  နောက်ပိုင်းသွား တိုက်မခံတော့တာပါ။ ကြောက်သွားတာထင်ပါတယ် ။အရင်ကတော့ ချော့ပြောရင်အတိုက်ခံပါတယ်။ တနေ့နှစ်ကြိမ်တိုက်ဖို့ပြောတာရေချိုးရင်းဆိုနဲနဲတော်သေးတယ်အိပ်ခါနီးတိုက်ပေးမယ်ဆိုရင်ပိုဆိုးရော ငိုတဲ့အဆင့် ကို ရောက်ရောပဲ အဲဒါသွားတိုက်ခံလာအောင်ဘယ်လိုလုပ်ရမလဲမသိလို့ပါ သူ့သွားလေးတွေ ကြွေလွှာလေးတွေတိုလာ တာတွေ့ရင် စိတ်မကောင်းလွန်း လို့ပါ ကျေးဇူးပြုပီးပြောပြပေးပါနော်။ သမီးလေးရှေ့မှာမေမေပါသွားတိုက်မယ်ဆိုပီးလဲတိုက်ပြဖူးပါတယ်။ ဒါပေမဲ့ခဏပဲရတယ် ပီးတော့ငို တာပါပဲ။  ဖြေပေးပါနော်။ ကျေးဇူးတင်ပါတယ်။

ဖြေ။ ။ သမီးရဲ့ မေးရိုးတစ်လျှောက်ကို လက်ချောင်းထိပ်နဲ့ စက်ဝိုင်းပုံစံ ရွေ့လျားမှု ပုံစံနဲ့ တစ်နေ့ နှစ်ကြိမ်လောက် နှိပ်နယ်ပေးပါ။ သူက သွားတိုက်ခံရမှာကို လန့်နေတဲ့ အတွက် သွားတိုက်တာက ဘာမှ မဖြစ်ဘူး ။ဖေဖေ မေမေတို့လဲ တိုက်တယ် ဆိုတာ ကို သူ့ရှေ့မှာတိုက်ပြပြီး အေးဆေးပဲ လွယ်လွယ်လေးပုံစံလုပ်ပြပါ။ ခု လောလော ဆယ်တော့ ည အိပ်ခါနီး မတိုက်ပါနဲ့ဦး။ သူပျော်မယ့် ရေချိုးချိန် ၊ကစားချိန် စသဖြင့် ဘယ်ချိန်မဆို တိုက်ပေးပါ။ ကလေးတွေ သွားတိုက်နေတဲ့ ပုံ၊ video စတာတွေ ပြပေးပါ။

သွားတိုက်ရင်း ” သွားကလေးကို တိုက်မယ် တိုက်မယ် တိုက်မယ် သွားကလေးကို တိုက်မယ်.., တိုက်… တိုက်..မယ် “ စသဖြင့် မေမေ က ပျော်ပျော်ရွှင် ကဗျာလေး အမူအယာနဲ့ ဆိုပြပြီး တိုက်ဖို့ ကြိုးစားပါ။ ဝေးသွား လိုက် နီးလာလိုက် သွားပွတ်တံနဲ့ ကစားပေးပါ။ သူပျော်ပြီး လေးငါးခေါက်ဆိုပြီးမှ တိုက်ပါ။ ” a, b,c” songs ” 1,2,3″ songs စသဖြင့် သူကြိုက်တာပေါ့။ သူပျော်တာပေါ့။ သွားပွတ်တံကို ထိပ်သေးသေး ပျော့ပျော့ အရင် သုံးပါ။ အခုက သူအတိုက်ခံဖို့ အဓိက ဖြစ်တာမို့ ပြောင်ဖို့ထက် အတိုက်ခံ ဖို့ အရင် ဦးစားပေးပါ။ ခဏ တစ်ချက် နှစ်ချက် စပေါ့ ။ နောက်တခါ နည်းနည်းတိုးပေါ့။ သွားပွတ်တံမှာ သူကြိုက်နိုင်မယ့် အရုပ်ပုံလေးတွေ ချည်ပြီး ကပ်ပြီးလဲ သူပျော်အောင် စိတ်ဝင်စားအောင် လုပ်ပေးလို့ရပါသေးတယ်။

ဥပမာ = သမီးက princess ကြိုက်တယ်ဆိုရင် princess ပုံကြမ်းလေးဆွဲ စက္ကူကို ညှပ်ပြီး သွားပွတ်တံမှာကပ်ချည် ပြီးရင် “princess လေး က သမီးလေးသွားလေးတွေ ဖြူပြီး လှ နေအောင် ကူညီပေးမလို့တဲ့.. ဟော.. လာပြီ…” သွားပွတ်တံလေးလာတဲ့ပုံ လုပ်ပြ ပြီးရင်” သမီးလေးရေ ငါကူညီချင်လို့ပါ။ သွားလေးတွေကလေ တိုက်လိုက်ရင် ဖြူသွားမှာ…. ပြီးရင် မွှေးလဲ မွှေးမှာ ရယ်လိုက်ရင် သိပ်ချစ်စရာကောင်းမှာ..တိုက်ပေးမယ်နော်” စသဖြင့် မျက်နှာအမူအယာ .. အသံနေအသံထားနဲ့ သူစိတ်ဝင်စားအောင်ပြောပါ.. ချက်ချင်းကြီး မတိုက်သေးပဲ ခဏ အဲလိုလေးဆော့ပြီးမှ တိုက်ဖို့ကြိုးစားပါ။ သူ spider man ကြိုက်ရင် spider man ပုံပေါ့။

မေမေ က ကိုယ့်ရဲ့ သွားပွတ်တံကို နာမည်ပေးထားပါ။ ” ဘုံဘုံ” ဆိုပါတော့ ။ သွားတိုက်တော့မယ်ဆိုရင် မေမေ က သမီးကို “ဘုံဘုံ နဲ့ သွားဆော့မလို့ သိလား သမီး” ဆိုပြီးပြောပြီးသွားပါ။ ပြီးတော့ သွားတိုက်တာကို အေးဆေးလေး ပျော်ပျော်ရွှင်ရွှ် လှုပ်ရွ ၊ ခါးလှုပ်ပြီး ကသင့်ရင်ကပါ။ ကလေးကို သွားတိုက် တာ ကြောက်စရာ၊ လန့်စရာမဟုတ်ဘူးဆိုတာကို ပြတဲ့သဘောပေါ့။

တစ်နေ့ တည်းနဲ့တော့ မရနိုင်ပါဘူး။ အချိန်ယူပြီး လေ့ကျင့်ပေးရပါမယ်။ နှိပ်ပေးတာလဲ အချိန်ယူပြီးနှိပ်ပေးပါ။
ဖေဖေ မေမေ အိမ်သားတွေနဲ့ အတူတူ ပျော်ပျော်ပါးပါးတိုက်ကြရင်လဲ ကလေးက ကြောက်စိတ်၊ စိုးရိမ်စိတ်တွေ မေ့ပြီး ပျော်လာတတ်ပါတယ်။ တူတူလဲ တိုက်ကြည့်စေလိုပါတယ်။

ဒီလိုပဲ ခက်တဲ့ ကလေးတွေရှိပါတယ်။ တနည်းနည်းနဲ့ အဆင်ပြေမယ်ထင်ပါတယ်။ အချိန်တော့ယူပြီးလေ့ကျင့် ပေးရပါမယ်။ နည်းနည်းပိုနားလည်လာရင် သွားဆိုတာ သန့်ရှင်းအောင်တိုက်ရတဲ့ အကြောင်း၊ သွားမတိုက်ရင် ပိုးတွေစားပြီးသွားမရှိတော့ပဲ ဖြစ်မယ့်အကြောင်း၊သွားက အစာကျေညက်ဖို့အတွက် လိုအပ်တဲ့အကြောင်း စသဖြင့် သူနားလည်မယ့် စကားလုံးလေးတွေနဲ့ပြောပြပေးရင် ကြီးလာရင် လွယ်လာမှာပါ။ အဆင်ပြေပါစေနော်။

Source : နီတိုးလေးမေမေ

Photo; from Internet