နှံကောင်လေး မောင်ညို နဲ့ ပုရွက်ဆိတ်လေး မောင်နီ

သားသားမီးမီးတို့ရေ… ဟိုးရှေးရှေးတုန်း ကပေါ့ကွယ် သစ်ပင်တွေ အုပ်ဆိုင်းပြီး လှပတဲ့ တောအုပ်လေး အတွင်းမှာ မောင်နီလိုခေါ်တဲ့ ပုရွက်ဆိတ် ကလေးနဲ့ မောင်ညိုလို့ခေါ်တဲ့ နှံကောင်လေး တို့ဟာ မိတ်ဆွေဖွဲ့ နေကြသတဲ့။ တစ်နေ့မှာ မောင်နီက အစာရှာထွက်လာချိန် လမ်းမှာ မောင် ညှိနဲ့  တွေ့ကြတဲ့အခါ မောင်နီက နှုတ်ဆက်ရင်း မေးလိုက်တယ်။ “သူငယ်ချင်း မောင်ညို ဘာတွေလုပ်နေတာလဲ”။ မောင်ညိုက ပြန်ဖြေတယ်။ “သူငယ်ချင်းရေ တစ်နှစ်တာ လိုအပ်တဲ့ အစာအာဟာရအတွက် စုဆောင်းနေတာပါ”။ မောင်နီက စိတ်ဝင်စားခြင်း မရှိဘဲ “သူငယ်ချင်းရာ ဒါတွေဟာ အပိုအလုပ်တွေပါ… အစားအစာ ဆိုတာ အချိန်မရွေး ရှာဖွေလို့ ရပါတယ်… အေးအေး ဆေးဆေး အနားယူပါကွာ”။ မောင်ညိုကေ တာ့ မောင်နီ ဘယ်လိုပဲပြောပြော သူလုပ်စရာရှိတာ ဆက်လုပ်ရင်း တစ်နှစ်တာ အတွက် သူလိုအပ်တဲ့ အစာအာဟာရ ဖြည်းတင်းတာ ပြီးသွားတာပေါ့ကွယ်။

အချိန်တွေက တဖြည်းဖြည်း ကြာလာပြီး ဆောင်းရာသီကို ရောက်လာတဲ့အခါ မောင်နီရော မောင်ညိုရော တွင်းအောင်းပြီးစုဆောင်းထားသမျှကိုသာ စားသောက်ရတာပေါ့။ အစာအာဟာရ အပြည့်အစုံ ရှိတဲ့ မောင်ညိုဟာ အေးဆေးဆေးဆေး နေနိုင်ပေမယ့် မောင်နီတစ်ယောက်တော့ အစာအာဟာရ မပြည့်စုံတော့ စိတ်ညစ်နေတာပေါ့ကွယ်။ မောင်နီက မောင်ညိုဆီမှာ အကူအညီသွားတောင်းပြီး “သူငယ်ချင်းရယ် ငါတော့ နောင်တရပါပြီ မင်းလိုမျိုး အစာအာဟာရကိုသာ ကြိုတင် ရှာဖွေထားရင် အခုလို စိတ်ညစ်ရမှာ မဟုတ်ပါဘူး”။ မောင်ညိုက သူမှာရှိတဲ့ အစာအာဟာရတစ်ဝက်ကို မောင်နီကို ခွဲဝေပေးပြီး “သူငယ်ချင်းရေ ခဏတာ အချိန်ကလေးကိုကြည့်ပြီး ပျော်ပါးမနေသင့်ပါဘူး နောင်ရေးအတွက် သေချာစဉ်းစားပြီး တစ်နေ့တာ လုပ်သင့်သမျှကို လုပ်ဆောင်နေသင့်ပါတယ်” လို့ ပြောသတဲ့။ သားသားမီးမီးတို့လည်း မောင်နီလို ခဏတာ ပျော်ရွှင်ရတဲ့ ကစားတာကို မခုံမင်ဘဲ မောင်ညိုကိုသာ အတုယူပြီး နောင်ရေးအတွက် ကျောင်းစာကို သေချာလုပ်ရမယ်နော်။