ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လည်း မမေ့ပါနဲ
|ဘယ်သူမဆို ဖြစ်နိုင်တယ်…၂-၃ နှစ် နေပြီးမှလည်း ဖြစ်နိုင်တယ်တဲ့…..
ဖခင်တွေ ဖြစ်တတ်တဲ့ depression လည်း ရှိပါတယ်တဲ့…
ဒါတွေဟာ ကိုယ်လည်း ဖြစ်နေနိုင်တယ်… ကိုယ့် သူငယ်ချင်းလည်း ဖြစ်နေနိုင်တယ်။ ကိုယ့် အမေ/ အစ်မလည်း ဖြစ်နေနိုင်ပါတယ်။
ကုလို့ရတယ်…. မသိသာဘူး ဆိုပေမယ့် မသိလိုက်ရင် အသက်အန္တရာယ်ထိ ထိခိုက်နိုင်ပါတယ်။
အနည်းဆုံး မိသားစုရဲ့ အရေးကို ထိခိုက်မယ်။ အိမ်ထောင်ရေးကို ထိခိုက်မယ်။
အများအားဖြင့် လူတွေဟာ ကလေးမီးဖွားပြီးရင် ကလေးကိုပဲ ဝိုင်းဂရုစိုက်နေတတ်ကြပါတယ်
ကလေးပြုစုစောင့်ရှောက်ရမယ့်
ကလေးဖခင်တွေလည်း မိမိကိုယ်ကို ဂရုစိုက်သင့်လှပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့…..
မိမိကိုယ်တိုင်ကိုမှ စိတ်ကျန်းမာအောင် ပျော်ရွှင်အောင် မလုပ်ထားရင် နောက်ထပ် လူသားတစ်ယောက်ကို ဘယ်လိုမှ ပျိုးထောင်နိုင်မှာ မဟုတ်လို့ပါ။
မိမိကိုယ်တိုင် အာဟာရပြည့်အောင် စားသောက်နေထိုင်တတ်မှ၊ ကျန်းမာအောင် ရွေးချယ် နေထိုင်တတ်မှ၊ စိတ်ခံစားချက်တွေကို သိပြီး အပေါ်စီးကနေ မြင်နိုင် ထိန်းနိုင်မှ၊ မိမိလိုအပ်ချက်ကို သိပြီး အနားယူ အင်အားပြန်ဖြည့်တတ်မှ…. မိမိတို့ကနေ ဖြစ်လာမယ့် နောင်မျိုးဆက် ရင်သွေးလေးကို ကောင်းမွန်စွာ ပျိုးထောင်နိုင်မှာပါ။
ကိုယ်ကိုယ်တိုင်ကမှ လူကလည်း ပင်ပန်း၊ စိတ်ကလည်း ဘာလိုအပ်နေမှန်း မသိ… မပျော်ရွှင်ဖြစ်နေရင် ကလေးက ငိုရင် ချော့ရတယ်၊ ကလေးက အိပ်ချင်ရင် သိပ်ရမယ်၊ ကလေးက ကြောက်ရင် ချော့ရတယ် ဆိုတဲ့အခါတွေမှာ မိမိတို့ရဲ့ energy ဟာ ပြည့်မနေတဲ့အတွက် အကျိုးရှိတဲ့ နည်းလမ်းတွေနဲ့ ကလေးကို ဆက်ဆံဖို့ရာ ခက်ခဲသွားပါပြီ။
ဒီလို စိတ်ပျော်ရွှင်မှု၊ကျေနပ်မှု၊က
ဒါကြောင့် မိမိစိတ်ပျော်ရွှင်ရာ၊ စိတ်အင်အားဖြစ်စေရာ activities/ ဝါသနာ တစ်ခုခု ကို ရှာဖွေထားနိုင်ရင် အကောင်းဆုံးပါပဲ။
စိတ်ပင်ပန်းလာပြီဆိုရင် တစ်ယောက်တည်းစာအုပ်လေးတစ်အု
ဒီအတွက်လည်း မိခင်တွေဟာ အပြစ်ရှိသလို ခံစားစရာ မလိုပါဘူး။ မိမိကိုယ်ကို ဂရုစိုက်ခြင်းဟာ မိမိ မိသားစုကို ဂရုစိုက်တာနဲ့ အတူတူပါပဲ။ မိမိရဲ့ အိမ်ထောင်ဘက်၊ မိမိရဲ့ သားသမီးတွေဟာ မိမိရဲ့ positive energy ပြည့်ဝနေမှုကို ကျေးဇူးတင်မှာပါ။ ချစ်မှာပါ။
Source : ယုငယ်