မိဘများ လက်ကိုင်ဖုန်း သုံးတာများရင် ကလေးတွေ ဘယ်လို ခံစားရသလဲ။

မိဘများလက်ကိုင်ဖုန်းသုံးတာများရင် ကလေးတွေ ဘယ်လိုခံစားရသလဲ။
*********************************************************

တစ်ကမ္ဘာလုံး ဆိုင်ရာ လေ့လာ တွေ့ရှိချက်များ အရ၊ မိဘများ လက်ကိုင်ဖုန်း များကို အလွန်အကျွံ စွဲလမ်းစွာ အသုံးပြုနေကြလျှင် ကလေးများဟာ သူတို့ကိုယ်သူတို့ အရေးမပါ သူများ အဖြစ် ခံစားရပါတယ် လို့ ဆိုပါတယ်။ကလေး သုံးပုံတစ်ပုံ နီးပါးလောက်က သူတို့မိဘတွေ ထမင်းစားချိန်၊ စကားပြောချိန်၊ TV ကြည့်နေချိန်၊ အပြင်မှာ အတူကစားနေချိန် တွေမှာ ဖုန်းကြည့်နေရင် သူတို့ကိုယ်သူတို့ အရေးပါဘူးလို့ ခံစားရပါတယ်။

Brazil, Australia, Canada, France, The United Kingdom, Germany, The Czech Republic and the United States စတဲ့ နိုင်ငံတွေက အသက် ၈-နှစ်ကနေ ၁၃- နှစ်ကြား ကလေး ၆၀၀၀ ကျော်ကို AVG Technologies က မေးမြန်း စစ်တမ်းကောက်ယူ ထားတယ်လို့ ဆိုပါတယ်။

စစ်တမ်းရဲ့ ရလဒ်အရ ကလေး၅၂% ဟာ သူတို့ မိဘတွေ လက်ကိုင်ဖုန်း ကို အလွန်အကျွံ သုံးစွဲနေတယ်လို့ ထင်ကြပါတယ်။ ၅၄% မိဘများက ဒါကို လက်ခံသဘောတူပြီး သူတို့ကိုယ်တိုင်က ဥပမာဆိုးတွေ လုပ်ပြနေမိတယ်လို့ စိုးရိမ်နေကြပါတယ်။ သူတို့ဟာ မိဘတွေရဲ့ ဂရုစိုက်မှုကိုရဖို့ နည်းပညာတွေနဲ့ ပြိုင်ဆိုင်နေရပါတယ် လို့ ကလေးတွေက ပြောပါတယ်။

“အလုပ်နဲ့ အဆက်မပြတ်စေဖို့ ဖုန်းအသုံးပြုရတာနဲ့ ကလေးတွေအတွက် အချိန်ပေးရတာကြား အချိုးညီဖို့ ရာ ကြိုးစားရာမှာ တခါတလေ မညီမျှပဲခက်ခဲပါတယ်” လို့ စစ်တမ်းထဲက မိဘတစ်ဦးက ဆိုပါတယ်။

” ကလေးတွေ ဖုန်းကို စပြီး အသုံးပြုလာတဲ့ အရွယ်က တဖြည်းဖြည်းပိုပြီး ငယ်လာနေပါတယ်။ ဒါကြောင့် အိမ်တွင်းမှာ အကျင့်ကောင်းများကို ဖြစ်လာအောင် စောစီးစွာပြု လုပ်ပေးနိုင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်” လို့ AVG Technologiesရဲ့ senior security evangelist Tony Anscombe က ဆိုပါတယ်။

ကလေးတွေဟာ ကျွန်မတို့ မိဘတွေ လုပ်သမျှနီးပါး အတုခိုးပြီးလုပ်ကြတာပါ။ ဒါကြောင့် phones, electronic devices တွေနဲ့ ပတ်သက်ရင်လဲ မိဘတွေ ကို အတုခိုးပြီး သုံးချင်တာ မဆန်းပါဘူး။ မိဘ တွေဟာ အိမ်မှာ အလုပ်နဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ဖျော်ဖြေရေးအတွက်ပဲဖြစ်ဖြစ် ဒီ devices တွေနဲ့ ဝေးဝေးနေဖို့ ခက်နေပါလိမ့်မယ်။ ဒါပေမယ့် မိဘ လေးပုံတစ်ပုံ လောက်က သူတို့ရဲ့ကလေးတွေ electronic devices တွေသုံးတာကို လျော့ချစေချင်ကြပါတယ်လို့ AVG Technologies ကို ပြောပါတယ်။

**မိဘများအနေနဲ့ ကလေးတွေကို ဥပမာကောင်းများပြသဖို့လိုပါတယ်။ မိဘများရဲ့ အပြုအမူက ကလေးတွေကို ဘယ်လိုခံစားရစေတယ်ဆိုတာ မိဘများ အနေနဲ့ သေချာစဉ်းစားဖို့ လိုပါတယ်။

ကျွန်မတို့တတွေ ဟာ phone calls, emails, Internet တွေ ကိုယ့်နဲ့အနီးဆုံး အိတ်တွေ၊ ပိုက်ဆံအိတ်တွေ ကနေပြီး 24/7 ဆက်သွယ်အသုံးပြုလို့ရနေတဲ့ ပထမဆုံးမျိုးဆက်ပါ။ ** လက်ရှိခဏတာ ကာလတွေမှာ ကျွန်မတို့နဲ့ အတူရှိနေတဲ့ ကျွန်မတို့ချစ်တဲ့သူတွေနဲ့ ထိတွေ့ဆက်ဆံနေတာကို ဒီ နည်းပညာ ကမ္ဘာကြီးက စောင့်နိုင်ပါတယ်။

ကျွန်မတို့ ဖေဖေ မေမေတွေအနေနဲ့ လက်ကိုင်ဖုန်းတွေကို ခဏချထားပြီး ကျွန်မတို့ရဲ့ ကလေးတွေကို ပိုပြီး အာရုံစိုက် အချိန်ပေးသင့်ပါတယ်။ ကလေးတွေဟာ အလုပ်ရဲ့နောက်ဆုံးemail ၊ Facebook ရဲ့ ပေါ်ပြူလာ status တွေထက် ပိုအရေးကြီးပါတယ်ရှင်။

ဒါကို ကလေးတွေသိအောင် ၊ သူတို့လေးတွေဟာ အားလုံးထက် အရေးပါတယ်ဆိုတာ ကလေးတွေသိအောင် ဖေဖေ၊မေမေတို့ လုပ်ရမှာပါ။

Source : နီတိုးလေးမေမေ။

Ref;
July 2, 2015. “Kids Feel Unimportant to Cell Phone-Addicted Parents”. parenting.comJuly 1, 2015. “Children Say They Feel Unimportant When Parents Spend Too Much Time Using Smartphones”. ischoolguide.comJune 29, 2015. “Kids Feel Unimportant when Parents are Distracted by Technology”.