ဖိုးဝလုံး
|ဖိုးဝလုံး
ဖိုးဝလုံး ဖိုးဝလုံး
ဘာလို့ဝသတုံး
ပြုံးပြုံးရွှင်ရွှင်နေလို့များ
ဝလုံး ၀လား
ဖိုးဝလုံး ဖိုးဝလုံး
ဘာလို့ဖြူသတုံး
စိတ်နှလုံးကောင်း ရှိလို့များ
ဝလုံးဖြူသလား။
ဖိုးဝလုံး ဖိုးဝလုံး။
ဘာလို့ဝိုင်းသတုံး
ဇွဲကိုသုံးကာကျင့်လို့များ
ဝလုံးဝိုင်းသလား။
တင်မိုး
အမေ့ကျောင်းကဗျာများ
Source : မြန်မာ့ရိုးရာရှေးကဗျာများ-ရွှေအိမ်စည်