အဆုံး အမ
|လူခြေတိတ်လို့ အိပ်ယာဝင်
တို့မေမေကသင်
စကားဆိုလျှင် ချိုသာဖို့
ယဉ်ကျေးပါစေလို့။
နေခြည်ဝင်းလို့ မို့လင်းစဉ်
တို့ ဖေဖေကသင်
အရာရာတွင် ဖြောင့်မှန်ဖို့
ရဲစွမ်းပါစေလို့။
ခေါင်းလောင်းသာလို့ ကျောင်းမှာဝင်
တို့ဆရာကသင်
ပညာရေးတွင် ထူးချွန်ဖို့
ဇွဲကောင်းပါစေလို့ ။ ။
တင်မိုး
ထီးကလေးနဲ့ မနီကဗျာများ
Source : မြန်မာ့ရိုးရာရှေးကဗျာများ-ရွှေအိမ်စည်