ဝင်္ကပါ
|အေးရိပ်သာတဲ့ ပညောင်ညို
ဥသြတွန်သံချို။
တိုးလျှို (ဒိုးယို) စီးတဲ့ နဒီတွင်း
သမင် ရေသောက်ဆင်း
မြက်ခင်းလဲ့လဲ့ မြေညီညီ
ကံ့ကော်ဝတ်မှုန်ဆီ။
ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း
လူလေးသွားချင်စမ်း။ ။
ရေးသားသူ – ကလေးကဗျာ-မင်းသုဝဏ်
Source : ရှေးမြန်မာရိုးရာကဗျာများ – ရွှေအိမ်စည်