ပေါင်မုန့် ခွက်ကလေး

ဒီတခါတော့ ပေါင်မုန့်ကို ခွက်ပုံစံ လုပ်ပြီးတော့ အထဲကနေ အသား ချိစ် ပြောင်းဖူးစေ့ ကြက်ဥလေးတွေ ထည့်ပြီး မီးကင်ထားပါတယ်။

လိုအပ်တာ လေးတွေကို အရင် ပြောပြမယ်နော်

ပေါင်မုန့် ၃ချပ်
ဝက်သားပြား ၂ချပ်                                                                                                                                                                                                                                                     ပြောင်းဖူးစေ့ စားပွဲဇွန်း တဝက်
ကြက်ဥ ၁လုံး
Emborg Pizza Topping Shredded Cheese စားပွဲဇွန်း တဝက်
နံနံပင် အနည်းငယ် (မထည့်လည်းရ)

ဝက်သား ပြားကို ဆီအနည်းငယ်နဲ့ ကြော်ပါ။
ဝက်သားပြား တွေကို သေးသေးလေးတွေ ညှပ်ပါ။
ပြောင်းဖူးစေ့ တွေကို ရေသေချာ ဆေးကာ ပေါင်း (သို) ပြုတ်ပါ။
ကြက်ဥ ၁လုံးကို ဆားအနည်းငယ် ထည့်ကာ ခလောက်ထားပါ။

Ovenကို ၁၅၀°C နဲ့ ကြို အပူပေးထားပါ။

ပထမဆုံး ပေါင်မုန့်တွေကို ဒလိမ့်တုံးနဲ့ ပြားချပ်နေအောင်လှိမ့်ပါ။
မုန့်ဖုတ် မယ့် ပုံစံခွက်ေ လေးတွေမှာ ပေါင်မုန့်တွေကို ခွက်ပုံစံလေး အတိုင်းထည့်ပါ။
ပိုနေတဲ့ ဘေးသားတွေကို ကပ်ကြေးနဲ့ လိုက်ညှပ်ပါ။

ကြက်ဥထဲကို ဝက်သားပြား ပြောင်းဖူးစေ့ တွေထည့်ကာ မွှေပေးပါ။

ပေါင်မုန့်ခွက် ကလေးတွေထဲကို ကြက်ဥအရည် ထည့်ပါ။ ခွက်ရဲ့ ၄ပုံ ၃ပုံပဲ ထည့်ပါ။
အပေါ်မှ ချိစ်ဖြူးပါ။ အပေါ်မှ နံနံပင်လေးတွေ နည်းနည်း တင်လိုက်ပါ။

၁၀ မိနစ် မှ ၁၅မိနစ်ခန့်ဖုတ်ပါ။
စားလို့ အရမ်းကောင်းလို့ မေမေတို့လည်းလုပ်ကျွေးကြည့်ပါဦးနော်။

Oven မရှိတဲ့သူတွေ အတွက်တော့ ပေါင်းလိုက်ရင်လည်း အဆင်ပြေမှာပါ။