ကလေးငယ် ၏ မိမိကိုယ်ကို စောင့်ရှောက်မှုပိုင်း ဆိုင်ရာ တိုးတက် လာပုံ အချိန်အချို့
|ပြုံးတတ် = ၁-လခွဲ
အမေကိုသိ = ၃-လ
လူစိမ်းကိုသိ = ၉-လ
လက်ချောင်း ဖြင့် အစာစားတတ် = ၁၀-လ
အင်္ကျီဝတ်ပေး လျှင် အလိုက်အထိုက် လိုက်ပြုပေး = ၁၂-လ
ဇွန်းကိုင်တတ်တာ = ၁၅-လ
ခြေစွပ် ချွတ်တတ်တာ = ၁၅-လ
ခက်ရင်းကိုင်နိုင်ရင် = ၂၁-လ
ကြယ်သီးဖြုတ်တတ်ဖို့ = ၂-နှစ်ခွဲ
ကြယ်သီး တပ်တတ် တာ = ၄-နှစ်
ရှူးဖိနပ် ကြိုးချီနိုင်တာ = ၅-နှစ်
အင်္ကျီဝတ်တတ်တာ = ၅-နှစ်သင့်ကလေး ဒါတွေလုပ်နေရင် ပုံမှန်ဖွံဖြိုးနေပါသည်။
လုပ်နေလျှင်လည်း ချီးကျူးပါ။ အားပေးပါ။ ကလေးအင်္ကျီဝတ်နေတာ ကြာ
နေတဲ့အချိန်မှာ- “ဟဲ့ နင်ဘယ်လို ဝတ်နေတာလဲ? ကြာလိုက်တာ। ငါဝတ်ပေးမယ် လာစမ်း” လို့အော်မဲ့အစား। “သားကဝတ်တတ်သားပဲ। မေမေကူပေးမယ် နော်လို့” ပြောလျှင် ပိုမကောင်းဘူးလားလို့ပါ။

Credit : ( Child Health Myanmar Page )