ငါး အသားကြော်
|ငါးရံ ၂၅ကျပ်သား
ကြက်ဥ ၂လုံး ( ကြက်ဥ ၁လုံးအပြည့် နဲ့ အနှစ် ၁လုံးကို သုံးမှာပါ။ ကျန်တဲ့ ကြက်ဥအကာကို မသုံးပါဘူး။)
တန်ပူရာမှုန့် စားပွဲဇွန်း ၂ ဇွန်း
ပေါင်မုန့်ခြောက်(Bread Crumbs) စားပွဲဇွန်း ၁ဇွန်းခွဲ
ဆား အနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
ဆီ ၂၀ကျပ်သားခန့်
ငါးရံ ကို သေချာ ဆေးကြော သန့်ရှင်းကာ ရေအနည်းငယ် ထည့်ပြီး ရေခမ်းအပြီး ငါးနူးတဲ့ ထိပြုတ်ပါ။
အအေးခံ ထားပြီး အေးလာရင် အရိုး တွေထုတ်ပါ။
ငါးရံ အသားတွေကို ကြက်ဥ တစ်လုံး နဲ့ ကြက်ဥ အနှစ် တစ်လုံး ထည့်ကာ နယ်ပါ။
ဆား တန်ပူရာမှုန့် ပေါင်မုန့်ခြောက် ငရုတ်ကောင်း ထည့်ကာ သမအောင်နယ်ပါ။
ဆီကို မီးအရှိန် အလယ်အလတ် လောက်နဲ့တ
ဆီပူ လာလျှင် ငါးအသားတွေကို ကြိုက်နှစ်သက်ရာ ပုံစံပြုလုပ်ပြီးကြော်ပါ။
ရဲရဲလေး ဖြစ်လာလျှင် ဆယ်ကာ ဆီစစ်ထားပါ။
ရွရွလေး နဲ့ အရမ်း စားလို့ကောင်းလို့ ဘေဘီလေးတွေ အကြိုက်တွေ့မယ် ထင်ပါတယ်နော်
Credit : KitKit’s Mom Yummy House