ဘယ်သန် လေးလား ညာသန် လေးလား!!!
| ညာသန် ကလေးများသည် ကလေး အားလုံး၏ ၉၀ ရာခိုင်နှုန်း ခန့်ရှိပြီး ဘယ်သန် ကလေးများသည် ၁၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု လေ့လာချက် များက ဆိုသည်။
နှစ်ဘက် သန်သော ကလေးများ သည် ၁ရာခိုင်နှုန်း ပင် မပြည့် ဟုဆ
ညာသန် များအတွက် ဟုဆိုရ လောက်သော ကမ္ဘာတွင် ဘယ်သန်များ အဖို့နေရသည်မှာ သိပ် အဆင်မပြေလှပေ။ ကျောင်းနေကလေးများ အဖို့ စာရေးစာပွဲခုံ အချို့ သည် စာရေး လက်တင် ပြုရန် အတွက် ဖြစ်ရာ ဘယ်နှင့်ရေးသော ကလေးများမှာ အဆင်မပြေလှပေ။
ဘယ် သန်ဖြစ်တိုင်း အားငယ် စရာတော့ မဟုတ်။ ဘယ်သန်များ သည် ညာသန်များ ထက် ဥာဏ်ရည် ဥာဏ်သွေး ကြွယ်ဝကြောင်း သက်သေပြချက် အများအပြား ရှိနေပြီးဖြစ်သည်
ဘယ်သန် ကလေးများ အတွက်ပို၍ သက်သောင့် သက်သာ ဖြစ်စေ သော ပတ်ဝန်းကျင်အား ဝိုင်းဝန်း ဖန်တီးပေးခြင်း ဖြင့် လက်တွဲ ခေါ်ယူကြပါစို့။
၁။ ဘယ်သန် ကလေးကို စာရေးခုံတန်း၏ ဘယ်ဘက်အစွန်မှာ ပေးထိုင်ပါ။
၂။ ဘယ်သန် ကလေး များကိုလည်း ခဲတံကိုင်ပုံ စာရေးပုံ အနေအထားများကို သင်ပြပေးပါ။
၃။ ဖြစ်နိုင်လျှင် ဘယ်သန် အဖေ အမေ သို့မဟုတ် ဘယ်သန် ဆရာ ဆရာမ တစ်ဦးဦး က စာရေးပုံကို စတင် သင်ကြားပေးပါ။
အဆင်ပြေသွားမှာပါ။
Credit : အောင်ငြိမ်းဝင်း (Child Health Myanmar Page)
Picture – Credits to Google.