Cot Death(Cot= ပုခက်, Death=သေခြင်း= ပုခက်ထဲသေခြင်း)

-အနောက် နိုင်ငံက ဘာသာပြန် ဆောင်းပါးတွေကို ဖတ်ပြီး တချို့ မိဘများ စိတ်ပူလို့ မေးကြပါတယ်. ကျွန်မကလေး ပုခက်နဲ့ အိပ်လို့ရလား? တဲ့.

-Cot death ဆိုတာ ဘာရောဂါမှ မရှိတဲ့ ၁ နှစ်အောက် ကလေး အိပ်ပျော်ရင်း သေသွားတဲ့ ပြဿနာပါ. ***ပုခက်နဲ့သိပ်ရင် သေတယ်လို့ဘာသာပြန် ရေး သူတွေ ကြောင့် နားလည်မှုလွဲသူတွေ များနေပါတယ်***

-၆ လ အောက် ကလေးငယ်များ မှာ အဖြစ်များပြီး သေတဲ့ အကြောင်းရင်း ရှာမတွေ့ပါဘူး

-မိခင်နို့ တိုက်ကျွေးရင် ကာကွယ်နိုင်ပြီး မိဘ ဆေးလိပ်သောက်ခြင်း, အရက်သောက်ခြင်း, အဝလွန်ခြင်းနဲ့ စပ်ဆက်မှု ရှိကြောင်း တွေ့ရှိရပါတယ်

-ဘယ်လို ကာကွယ်မလဲဆိုတော့
*ကလေးနဲ့ တစ်ခန်းထဲအိပ်ပါ.
*တစ်အိပ်ရာထဲ တူတူမအိပ်ပါနဲ့.
*ခုတင်နဲ့ အိပ်ရင် တစ်ကုတင်ထဲ တူတူ မအိပ်ပဲ ဘေးမှာ သီးသန့် သိပ်ပါ.

*အိပ်နေသော ကလေးကို စောင် အနှီး အထူကြီး ပတ်ပေးတာ ရှောင်ပါ.
*အိပ်တဲ့ အခန်း လေဝင်လေထွက်ရှိပါစေ.

*ပက်လက်ကုလားထိုင်နဲ့ ဆိုဖာ ဆက်တီခုံများပေါ် အိပ်ပျော်နေသော ကလေးကို ဘယ်တော့မှ မချထားခဲ့ပါနဲ့.
*ကလေးအိပ်ရာထဲတွင် ကလေးကိုယ်ကို ဖိနိုင်သော နှာခေါင်းနှင့် ပါးစပ်ကို ပိတ်မိနိုင်သော အရုပ်ကြီးများ ထည့်မထားပါနဲ့.

*၆ လအောက် ကလေးများကို ပက်လက်ပဲ ပေးအိပ်ပါ. မှောက်သွားလျှင် သတိနှင့်ပြန်လှည့်ပေးပါ. မှောက်သွားလျှင် မျက်နှာ ဖိမိပြီး အသက်ရှူရပ်နိုင်ပါတယ်. ၆ လ ကျော် သော ကလေးများက ကိုယ်တိုင် လိမ့်တတ်ပြီဖြစ်၍ အသက်ရှူ မရတာနဲ့ သူတို့ ဦးနှောက်က ကိုယ်ခန္ဓာကို ပြန်လှည့်ဖို့ အလိုလို သတိပေးပါလိမ့်မယ်

•••••အာရှနိုင်ငံများတွင် မိဘနှင့် ကလေးငယ် တစ်ခန်းထဲ အိပ်သော ရိုးရာ အလေ့အထကြောင့် ဤ ပြဿသနာ အလွန်နည်းပါသည်။ စိတ်သိပ်မပူပါနှင့်။•••••

 


Credit : နေနေ မိုးဆွေ (Child Health Myanmar Page)