ကလေး နှာစီးလျှင်
|ကလေး နှာစီးလျှင်
(၁) အဖျားကြီးလား (၁၀၂ ကျော်)
(၂) နို့စို့လား/ စားဝင်လား
(၃) အန်လား
(၄) အသက်ရှူ မြန်လွန်းလား စစ်ပါ။
၁ မှ ၄ တစ်ခုခုရှိလျှင် ဆေးရုံ/ဆေးခန်း ခေါ်သွားပါ။
၁ မှ ၄ ဘာမှ မရှိလျှင် ဘာဆေးမှ မပေးပါနှင့်။ နှာစီးလို့မသေဘဲ ဆေးတိုက်ပြီး အခန့်မသင်လျှင် သေလျှင် သေနိုင်သည်။ နို့ပိုတိုက်ပါ။ ၆ လကျော် ကလေး ရေပိုတိုက်ပါ။ တစ်ပတ်ကြာရင် ပျောက်သွားမည်။
၁ မှ ၄ ဘာမှ မရှိသော်လည်း နှာခေါင်းပိတ်ရုံ ပိတ်သည်။ ဘာမှ မလုပ်ပါနှင့်။ နှာခေါင်းပိတ်၍ အသက်ရှူခက်လျှ
အဆင့် -၁
အိမ်တွင်း ဖြစ် (ရေနွေးနွေး ၅၀၀ ml တွင် ဆား လက်ဖက်ရည်ဇွန်း ရော) သို့မဟုတ် အသင့်ရောင်း ဆားရည် (saline)ကို နှာခေါင်းတစ်ဖက်စီ ၂-၃ စက် ထည့်ပါ။ ထည့်လျှင် နှာခေါင်းပေါက် တည့်တည့် နှင့် အတွင်း နံရံဘက်ကို မထည့်ဘဲ ဘေးပြင်ဘက်ကို ဦးတည် ထည့်ပါ။ စက္ကန့် ၂၀-၃၀ စောင့်ပါ။ နှာရည်များ ထွက်ကျ လာလိမ့်မည်။ နှာခေါင်း ရှင်းသွားလျှင် ထပ်ပေးစရာ မလိုပါ။ မရလျှင်
အဆင့်-၂
အိမ်တွင်း ဖြစ် ရေနွေးငွေ့ပေးပါ သို့မဟုတ် ပြည်ပမှ လာသော ရေနွေးငွေ့စက်များ humidifier သို့မဟုတ် vaporizer ဖွင့်ပေးပါ။ ပွင့်သွားလိမ့်မည်။ မရလျှင်
အဆင့်-၃
ကလေးအတွက် ထုတ်သော နှာရည် စုပ်ပြွန်လေးနှင့် စုပ်ပေးပါ။ စုပ်ပြွန် သုံးနည်းမှန်ပါစေ။
နှာစေး ပျောက်သွားသည်။ သို့သော် ခဏ ခဏ ပြန်ဖြစ်သည်။ အောက်ပါ အချက်များ စစ်ဆေးပြုပြင်ပါ။
(၁) အိမ်မှာ ထူနေသော ဖုန်
(၂) အိမ်မှာ ဆေးလိပ်သောက်သူ
(၃) အိမ်မှာ ထွန်းတဲ့ ခြင်ဆေးခွေ
(၄) လူထူထပ်ရာ ကလေး ကို ခဏခဏ
ခေါ်သွား မိလား
(၅) မိဘ ကလေးထိန်းသူများ လက်ပုံမှန်ဆေးရဲ့လား။
အားလုံး စစ်ပြီးပြီ။ အားလုံး သန့်ရှင်း သည်။ စိတ်မပူပါနှင့်။ လူကြီးအားလုံး နှာစေးသော ကလေး ဘဝမှ ကြီးပြင်းလာခဲ့သည်။
ထပ်၍ သတိပေးလိုသည် ။ကလေး နှာစေး၍ အန္တရာယ်မရှိ။ နှာစေး အအေးမိ တုပ်ကွေးဆေးများ ချောင်းဆိုးပျောက်ဆေးများသေ
မှတ်ချက် ၆ ပတ်အောက် ကလေးများ၏ နှာရည်သည် အနောက်သို့ စီးဆင်းမှု မဖွံဖြိုးသေး၍ အရှေ့သို့ကျသည်မှာ သဘာဝ ဖြစ်ပါသည်။ ဆေးမလိုပါ။
=========================
“အပိုဆု”
အရင်ရေးဖူးသော post တစ်ခု ပြန်ကူးပေးမည်။
ကလေးများ နှာစီး နှာပိတ်တာ အဖြစ်များတဲ့ အကြောင်းတွေကတော့
၁။ အန္တရာယ် သိပ်မရှိတဲ့ virus ကူးစက်ခြင်း
၂။ ဆောင်းတွင်းလေ ခြောက်သွေ့ခြင်း
၃။ လေထု ညစ်ညမ်းခြင်း/ ဖုန်ထူခြင်း
၎။ မိဘ အုပ်ထိန်းသူများ အနီးအနားတွင် ဆေးလိပ် သောက်ခြင်းတို့ ဖြစ်ပါတယ်။
ကလေး နှာစီးတာ နှစ်ပတ် ထက်ကြာရှည်ပြီး အနံ့ဆိုးသော နှာရည် အစိမ်းရောင် ပျစ်ပျစ်များ ထွက
Credit : နေနေမိုးဆွေ ( Child Health Myanmar Page)