ကျွန်မ ကလေး မျက်ရည် တစ်ဖက် ကျနေလို့ ကျွန်မ ကလေး မျက်လုံး တစ်ဖက် မျက်ဝပ် အမြဲ ပိတ် နေလို့

eye

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

– အမေး များပါတယ်
– အဖြစ် များလို့ပါ
– တစ်ဖက်ထဲ ဖြစ်နိုင်သလို ၂ ဖက်လဲ ဖြစ်နိုင်  ပါတယ်
– မွေးစ မျက်လုံးကို ကုထုံး မှားရင် ကလေး မျက်လုံး တစ်သက်လုံး ဆုံးရှုံးနိုင်လို့ ဒီပြဿဿဿ      နာလေး အကြောင်း ရေးပေးလိုပါတယ်။

(၁) သဘာဝ
ပုံပါအတိုင်း မျက်လုံးမှာ မျက်ရည် အိတ် လေးတွေ ရှိပါတယ်။ မျက်လုံးကို သဘာဝ အလျောက် သန့်စင်ပေး ဖို့ မျက်ရည်အိတ် လေးတွေက တာဝန်ယူပါတယ်။ ပုံမှန်မှာ မျက်လုံးကို ဆေးပြီးသား မျက်ရည်တွေက နှာခေါင်းမှတဆင့် လည်ပင်းထဲ စီးဆင်းပါတယ်။

(၂) ပြဿ      နာ
တစ်နှစ်အောက် ကလေးများမှာ မျက်ရည်အိတ်စီးဆင်းတဲ့ လမ်းကြောင်းလေး အပြည့် မပွင့်သေးလို့ မျက်ရည်က နှာခေါင်းထဲ မစီးပဲ မျက်လုံး အပြင်ကို ကျနိုင်ပါတယ်။

(၃) စိုးရိမ်ရလား
မ စိုးရိမ် ရပါ။ ကလေး ၆ လကျော် လာတာနဲ့ အမျှ မျက်ရည်ပြွန်လေး ပွင့်ပြီး ပြဿ      နာ ပြေလည် သွားမှာပါ။

(၄) မပွင့်ခင် ဘာလုပ် ပေးနိုင်သလဲ?
– မျက်လုံး နဲ့ နှာခေါင်းကြားက လမ်းကလေး ကို ဖွဖွ နှိပ်ပေးပါ။

– မျက်ဝပ် ထွက် လွန်းရင် မျက်ခွံတွေကို အဝတ် သန့်သန့် (သို့) ဝါဂွမ်းစ ဖြူဖြူ သန့်သန့်နဲ့ ရေနွေးနွေးလေး စွတ်ပြီ့း ပုံမှန် သန့်စင်ပေးပါ။

– တစ်နှစ် ကျော်လို့ မပိတ်ရင် လမ်းကြောင်းလေး ပွင့်ပေးဖို့ ကလေး ခွဲစိတ်ဆရာဝန်က ကိရိယာလေးတစ်ခုနဲ့ ချဲ့ပေးနိုင်ပါတယ်

ကလေးငယ် များရဲ့ မျက်ရည်အကြောင်း နားလည်နိုင်ကြပါစေ။

 

 Credit : နေနေမိုးဆွေ(Child Health Myanmar Page)