သာ တဲ့ သား

သာတဲ့သား
*********

? သားလေးကို မွေးပြီး ကတည်းက မေမေ့နို့ချိုတွေ အာဟာရ ပြည့်အောင် မေမေ တသက်လုံး မကြိုက်တာ တွေတောင် စားခဲ့တာ သူများထက် သာပြီး သားပို ဖွံ့ထွား အောင် မဟုတ်ပါဘူး သား။ သားလေးကို မေမေ ချစ်တဲ့ မေတ္တာ သက်သက် နဲ့ မိခင်နို့ရဲ့ အကျိုးတွေ သားလေး အားလုံး ခံစားနိုင်အောင်လို့ပါ သား။

? သားလေး အစားစား တတ်လာတော့ မေမေ ဂရုတစိုက် အစုံကျွေးတာ သူများ ထက်သာအောင် မေမေက သားကို ဂရုစိုက်တာ မဟုတ်ပါဘူး သား။ သားလေး အာဟာရတွေ အစုံရပြီး မွေးစတုန်းက သားထက် သားလေးပို ဖွံထွားလာေ
အာင်လို့ပါ သား။

? သားလေး အချိန်မှန် မအိပ်ချင်ရင် မရမက နည်းမျိုးစုံသုံးပြီး အိပ်အောင်လုပ်ရတာ သားလေးကိုမေမေက သူများထက် သားက အချိန်မှန် အိပ်တတ်ပါတယ် ဆိုတာပြောနိုင်ဖို့ မဟုတ်ဘူးနော် သား။ သားလေး ဉာဏ်ကောင်း ကျန်းမာအောင်လို့ပါသား။

? သားကို ထမင်း ကိုယ့်ဘာသာ စားခိုင်းတာ သားလေးကို သူများထက် သာအောင် မေမေ သင်ပေးတာ မဟုတ်ပါဘူး သား။ သား ကိုယ့်အား ကိုယ်ကိုး တတ်အောင်လို့ပါ။

? သားကို ပုံပြ ရုပ်ပုံတွေနဲ့ မေမေ စာလုံးရယ် အသံထွက်ရယ် ပစ္စည်း အစစ်ရယ် စသင်ပေးတာ သားကို သူများ ထက်သာအောင်လို့ မဟုတ်ဘူးနော် သား။ သားအရင်က မသိတာတွေ သိအောင်လို့ မေမေ ပြောပြတာပါသား။

? သားမှာ မရသေးတဲ့ ဖွံ့ဖြိုးမှု မိုင်တိုင်တွေ ရအောင် လေ့ကျင့်ပေးတာ သူများထက်သာအောင်လို့ မဟုတ်ပါဘူးသား။ သားဟာ သားရောက်ရမယ့် သားထက် နောက်ကျနေလို့ပါ။

? သားကို မူကြို ကျောင်းပို့တာ သူများထက် သာအောင် စာတွေ သင်ရအောင် မဟုတ်ပါဘူးသား။ သားရဲ့ အခုလက်ရှိ လူမှုရေးစွမ်းရည်ထက် ပိုသာအာင်လို့ပါသား။

? သား တခြားကလေးကို ရိုက်လိုက်တာကို မေမေ တောင်းပန်ခိုင်းတာ သူများထက် လိမ္မာသိတတ်စေချင်လို့ မဟုတ်ပါဘူးသား။ သားအရင်က လိမ္မာတာထက် ပိုလိမ္မာလာအောင်၊ကိုယ့်အမှားကို ကိုယ် သိအောင်ပါသား။

? သားကို အရောင်ခြယ်တာတွေ လုပ်ခိုင်းတာ သူများထက် သားပုံပိုဆွဲတတ်အောင်မဟုတ်ပါဘူးသား။ သား ဦးနှောက်အတွက် လိုအပ်လို့ပါသား။

? သားကို အင်္ကျီ ကိုယ့်ဟာကိုယ် ဝတ်ခိုင်းတာ၊ ပန်းကန် ကိုယ့်ဟာကိုယ် ဆေးခိုင်းတာ သူများထက် သားလိမ္မာတယ်လို့ ပြချင်လို့ မဟုတ်ပါဘူးသား။ သား အရင်က ကိုယ့်အားကိုယ်ကိုးတတ်တာထက် အခုပိုပြီး ကိုယ့်အားကိုယ်ကိုးတတ်လာပြီဆိုတာ သားသတိထားမိအောင်ပါသား။

? သားကို မြို့တွေ၊ ဘုရားတွေ၊ ပြတိုက်တွေ စတဲ့ နေရာတွေကို လိုက်ပို့တာ သူများထက် သားရောက်ဖူးတယ်လို့ ပြောနိုင်ဖို့ မဟုတ်ပါဘူးသား။ သားရဲ့ အရင်က ဗဟုသုတတွေထက် အခု ဗဟုသုတတွေပိုများလာတာကို သား သိနိုင်ဖို့ပါသား။

? သားကို စာတွေဖတ်ခိုင်းတာ ၊ လေ့ကျင့်ခန်းတွေ လုပ်ခိုင်းတာဟာ သူများထက် သာတော်အောင်မဟုတ်ပါဘူးသား။ သား ဘဝ ရပ်တည်နိုင်ဖို့ ထိုက်သင့်တဲ့ သိရမယ့် အရာတွေ အရင်ကထက် ပိုသိလာအောင်လို့ပါသား။

? စာမေးပွဲမှာ အမှတ် ရအောင် မေမေ အားပေးတာ သူများထက် သာအောင်မဟုတ်ပါဘူးသား။ သားအမှတ် ဘယ်လောက်ရရ မေမေက ဂုဏ်ယူပြီးသားပါ။ သား အမှတ်နည်းတာကို ခံယူလက်ခံပြီး သားအခုအမှတ်ထက် သားပိုများအောင် လုပ်နိုင်တယ်ဆိုတာ သားသိစေချင်လို့ပါသား။

? ဘာသာစကားတွေ လေ့ကျင့်နိုင်ဖို့ သင်ထောက်ကူတွေ ပံ့ပိုးတာ သူများထက်သာအောင် မဟုတ်ပါဘူးသား။ သားအရင်က စကားမပြောတတ်ခင်ကထက်စာရင် သားအခု သုံးမျိုးပြောနေပြီ ဆိုတာ သားသတိထားမိစေချင်လို့ပါသား

? ကျောင်းက test တွေ ဂရုတစိုက် လုပ်ခိုင်းတာ သူများထက်သာအောင်မဟုတ်ပါဘူးသား။ သားအရင် လက test ထက် အခုလ test မှာ သာအောင်လုပ်နိုင်တယ်ဆိုတာ သားသိစေချင်လို့ပါသား။

ဖေဖေ မေမေတို့ မရှိတော့ရင် လူ့လောကကြီးကို တစ်ယောက်တည်းလျှောက်ရတဲ့အခါ သားဟာ သားထက် အမြဲသာနေဖို့နဲ့ ဘဝကို ကျေနပ်ပျော်ရွှင်နေဖို့သာ အရေးကြီးတာပါသား။ သားရဲ့ သာအောင်လုပ်ရမယ့် ” သူများ” ဆိုတာ သားကိုယ်တိုင်ပဲသားလေး။ ဒါပေမယ့် သားလေး သူများထက် အမြဲသာနေတာ တစ်ခုတော့ ရှိတယ်။ အဲဒါကတော့…… ဖေဖေ မေမေက သားကို သူများထက် အမြဲတမ်း ပိုချစ်တယ်ဆိုတာပါပဲ။ ?

 

Credit : နီတိုးလေးမေမေ။