အိမ်ထောင်ရေး အချစ်နဲ့ သားသမီး ပျိုးထောင်ရေး

အချစ်တွေ အားလုံးထဲမှာ မိသားစု အချစ်ဟာ အရေးကြီးဆုံး လို့ ထင်မိပါတယ်။ မိသားစုထဲမှာ အချစ်တွေ ဝေဆာမှ မိသားစု သာယာပြီး သားသမီးများ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်နဲ့  ကြီးပြင်းကြရမှာ ဖြစ်ပါတယ်။ မိသားစု အထဲမှာ ဖခင်နဲ့ မိခင်တို့ရဲ့ အချစ်ဟာ အရေးကြီးဆုံး ဖြစ်ပါတယ်။

၁။ မိဘများ အိမ်ထောင်ရေးမှာ ချစ်ခင်ကြရင်

အိမ်ထောင်ရေးသာယာရင် ကလေးကို ပတ်ဝန်းကျင်ကောင်းပေးနိုင်ပါတယ်။ ဒီလိုမိသားစုထဲမှာ ကလေးများ ပိုမိုငြိမ်းချမ်းကြပါတယ်။ ပွင့်လန်းကြပါတယ်။ ကလေးများက မိဘတွေကို အတုယူတော့ ကိုယ်တိုင်လည်း အိမ်ထောင်ရေးအပေါ် အကောင်းမြင်တတ်ပါတယ်။

၂။ မိဘ အိမ်ထောင်ရေးမှာ အေးစက်ရင်

မိဘများ အချင်းချင်း အေးတိအေးစက်နဲ့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တော့ ကလေးများဟာလည်း အတ္တဆန်တတ်ပါတယ်။ တယူသန် တစွတ်ထိုး လုပ်တတ်ပါတယ်။

၃။ အမေအားကောင်းပြီး အဖေအားပျော့သော မိသားစု

မိသားစုတစ်ခုလုံး အမေ့ခြေ အမေ့လက်၊ နေရာတကာ အမေ့သြဇာ ဖုန်းလွမ်းနေတော့ သားဖြစ်သူများဟာ သတ္တိနည်းခြင်း၊ သိမ်ငယ်တတ်ခြင်း၊ ပျော့စိစိ ဖြစ်ခြင်း ဖြစ်တတ်ပါတယ်။ သမီးဟာ အမေ့ကို အတုခိုးတော့ အမေ့လိုပဲ သြဇာပြလာတတ်ပါတယ်။

၎။ အိမ်ထောင်ကွဲ မိသားစုများ

အိမ်ထောင်ကွဲ မိသားစု သားသမီးများဟာ မိဘများရဲ့ အချစ်ကို လုံလုံလောက်လောက် မရှိလေတော့ အေးတိအေးစက် နိုင်လွန်းခြင်း၊ လုံခြုံမူ မရှိသလို ခံစားရခြင်းများ ဖြစ်တတ်ပါတယ်။ ပြသနာကလေးများ အများဆုံးမွေးထုတ်ပေးတဲ့ မိသားစုများ ဖြစ်လာတတ်ပါတယ်။ ပြစ်မူကျူးလွန်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အကြမ်းဖက်တတ်ခြင်း စတဲ့ လူမမယ်အများစုဟာ အိမ်ထောင်ကွဲမိသားစုနဲ့ သက်ဆိုင်နေတတ်ပါတယ်။

၅။ လင်မယာ အပြန်အလှန် အပြစ်တင်သောမိသားစု

အငြင်းအခုန်သန်တဲ့ မိသားစုမျိုးဖြစ်ပါတယ်။ မင်းအဖေတော့ဘာဖြစ်တယ်။ မင်းအမေတော့ ဘာဖြစ်တယ်နဲ့ ကလေးကို မိမိဘက်ပါအောင် စည်းရုံးကြပါတယ်။ ကလေးအတွက်တော့ အဖေမကောင်းသလိုလို၊ အမေပဲ မကောင်းသလိုလို၊ ဘာကိုယုံရမှန်းမသိတော့ပဲနဲ့ ပျော်ရွှင်မူကင်းမဲ့နေတတ်ပါတယ်။ နောက်ဆုံး မိဘကို လုံးဝမလေးစားတော့ပဲ ကိုယ်ကိုယ်တိုင်လည်း မိသားစုအပေါ် နောင်အရွေယ်ရောက်လာရင် အိမ်ထောင်ရေး အပေါ် ယုံကြည်မူ မရှိတော့ပေ။

၆။ မိဘများ ရန်ဖြစ်တဲ့ မိသားစု

လင်နဲ့ မယား လျှာနဲ့သွား မကြာမကြာ ထိမိခိုက်မိ တတ်တယ်ဆိုပေမဲ့ လင်မယားရန်ဖြစ်ခဲ့ရင် သားသမီးများ အတွက် မိုးပြိုတော့မဲ့ အလားဖြစ် တတ်ပါ တယ်။ ကျောင်းဆင်းရင် အိမ်ကိုလည်းမပြန်ချင်၊ ဘယ်သွားရမှန်းလည်းမသိ၊ လမ်းမှာဝေလေလေနဲ့ အလွန်ပျက်စီးလွယ်ပါတယ်။ ဒီလိုအိမ်ထောင်စုမျိုးမှာ
သားသမီး များဟာ တဖြည်းဖြည်းနဲ့ အကြမ်းဖက်လာတတ်ပါတယ်။ အော်ငေါက် လာတတ်ပါတယ်။

နောက်ဆုံး ပြောချင်တာကတော့ သားသမီးကို တကယ်ချစ်ရင်၊ တကယ် ထူးချွန်အောင် ပျိုးထောင်ချင်ရင် အိမ်ထောင်ရေးကို ကောင်းမွန်အောင် ထိန်းသိမ်းရမှာဖြစ်ပါတယ်။

Ref: WeChat

Credit Sr Aung Ko Latt