ကလေး အချင်းချင်း အနိုင်ကျင့်ခြင်း

 ကလေးတွေနဲ့ အမြဲထိတွေ့ ဆက်ဆံနေရတဲ့ သူတွေ အနေနဲ့ ကလေးအချင်းချင်း အနိုင်ကျင့်ခြင်းနဲ့ ပတ်သက်လို့ ဆုံးမသွန်သင်ရ ဖြေရှင်းရတာတွေ မကြာခဏ ကြုံဖူးကြမှာပါ။ ကိုယ်ကာယပိုင်းဆိုင်ရာသာလွန်တဲ့ ဒါမှမ ဟုတ် ရွယ်တူအပေါင်းအသင်းအုပ်စုတောင့်တဲ့ ကလေး တစ်ဦးဦးက အခြားကလေးတစ်ဦးဦးကို အချိန်အတော်ကြာအောင် ထပ်ကာထပ်ကာ မနှစ်မြို့ဖွယ် မခံသာဖွယ် ဖြစ်အောင် ပြောဆိုဆက်ဆံတာ၊ လှောင်ပြောင်တာ၊ ရုပ်ပိုင်း ဆိုင်ရာ ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိအောင် လုပ်နေတာတွေဟာ အနိုင်ကျင့်ခြင်းတွေဖြစ်ပါတာ။ ရိုက်တယ်၊ ကန်တယ်၊ ရန်စတယ်၊ ခြိမ်းခြောကတယ် ၊ ထပ် တလဲလဲ လှောင်ပြောင်နေတယ် ဆိုတာတွေကို တိုက်ရိုက် အနိုင်ကျင့်ခြင်းလို့ခေါ်ပါတယ်။ နောက်တစ်မျိုးက သွယ်ဝိုက် အနိုင်ကျင့်ခြင်းဆိုတာလည်းရှိပါသေးတယ်။ ရွယ်တူအပေါင်း အသင်း အုပ်စုလိုက်ကြီးက ကျဉ်ဖယ်ထားတာ၊ တခြားသူ ငယ်ချင်းတွေနဲ့ မခင်အောင် အမြဲ လိုက်နှောက် ယှက်တာမျိုး တွေကိုတော့ သွယ်ဝိုက် အနိုင်ကျင့်ခြင်း ဖြစ်ပါတယ်။

အနိုင်ကျင့်ခံရရင်
သုတေသနတွေအရဆိုရင် အနိုင်ကျင့်ခြင်းဟာ အနိုင်ကျင့်ခံရတဲ့ ကလေးကို အနိုင်ကျင့် ခံရပြီး အချိန်အတော်ကြာတဲ့ အထိ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထား မှုတွေ နိမ့်ပါးသွားစေတတ်ပါတယ်။ သူငယ်ချင်း အပေါင်း အသင်းတွေနဲ့ ပေါင်းသင်းဆက်ဆံလိုစိတ်မရှိပဲ တစ်ကိုယ် တည်းနေ နေတတ်ပါတယ်။ ဆိုးဆိုးရွားရွား စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိတဲ့ အခါမှာ စိတ်ဓာတ် အလွန်အမင်းကျဆင်း နိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ ကျောင်းသင်ခန်းစာ များမှာ စိတ်ပါဝင်စားမှုမရှိတော့တာ ၊ အမှတ်တွေကျ ဆင်း လာတာနဲ့ ကျောင်းကြောက်ခြင်း၊ ကျောင်းမတတ် လိုခြင်း တွေ ဖြစ်လာတတ်ပါတယ်။ ဒါကတော့ အနိုင်ကျင့်ခံရတဲ့ ကလေးရတဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။ အနိုင်ကျင့်တဲ့ ကလေး အနေနဲက ကလည်း သူ့ကို အချိန်မှီ မပြုပြင် ပေးဘူးဆိုရင် သူ့ရဲံ ခွန်အား သို့မဟုတ် အားသာချက်တွေကို တလွဲ အသုံးချတဲ့သူ၊ သူတပါးနဲ့ ညီတူမျှတူ ပူးပေါင်းဆောင်ရွက်ရာမှ ရတဲ့ ပျော်ရွင်ကျေနပ်မှု တွေကို မခံစားနိုင်တဲ့ မရတဲ့ သူဖြစ်လာနိုင်ပါတယ်။ အနိုင် ကျင့်ခံရတာလည်းမဟုတ်၊ အနိုင်ကျင့်တဲ့ သူလည်းမဟုတ်ပဲ အနိုင်ကျင့်ခြင်းကို တွေ့နေရတဲ့ ကလေးတွေရဲ့ စိတ်ထဲမှာ တောင်မှ စိတ်ကျဉ်းကျပ်ရတာ၊ မလုံခြုံတဲ့ ခံစားမှုမျိုး ရှိတာတွေ ဖြစ်စေတတ်ပါတယ်။

တားဆီးနိုင်တဲ့အရာ
Dan Olweus လို့ခေါ်တဲ့ ကလေးစိတ်ပညာရှင် တစ်ဦးဟာ ကလေးတွေကြားမှဖြစ်ပွားလေ့ရှိတဲ့ အနိုင် ကျင့်ခြင်းနဲ့ ပတ်သက်ပြီးတော့ သုတေသနများစွာ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့သုတေသန စာတမ်းလေး တစ်ခု အရဆိုရင် မူလတန်းနဲ့ အလယ်တန်းအရွယ် ကျောင်းသားလေးတွေရဲ့ ၁၅% ခန့် (၇ဦးမှာ တစ်ဦးခန့်) ဟာ အနိုင်ကျင့်ခြင်းကြုံဖူးကြတယ်လို့ ဆိုပါတယ်။ ဒါပေ မယ့် စိတ်ချမ်းသာစရာ အချက်တစ်ခုကတော့ အနိုင်ကျင့် ခြင်း မဖြစ်ပွားအောင် ကျောင်းတွေ၊ လူကြီးမိဘ၊ ဆရာ တွေက တားဆီးလို့ ရပ်တန့်လို့ ရတယ် ဆိုတာပါပဲ။

သတိထားမိ သေချာသိမှ
ကလေးအနိုင်ကျင့်ခံနေရတာကို မိဘတွေအနေနဲ့ သတိထားကြည့်ရင် သိနိုင်ပါတယ်။ ကလေးရဲ့ အ၀တ်အစား တွေ ပေရေနေတာ။ ကျောင်းက ပြန်လာရင် မျက်နှာမ ကောင်းတာ၊ ကျောင်းမသွားချင်တာ ၊ အတန်းဖော်တွေနဲ့ သိပ် မဆက်ဆံလိုတာတွေရှိလာရင် ကလေးကို ဘာကြောင့် လဲ မေးသင့်ပါတယ်။ များသောအားဖြင့် အနိုင်ကျင့်ခံရတဲ့ ကလေးတွေဟာ စကားနည်းတဲ့ သူ၊ အေးအေးနေတတ်သူ အပေါင်းအသင်းနည်းသူ ဒါမှမဟုတ် ကိုယ်ကာယ ခွန်အားငယ်သူ ဖြစ်တတ်ပါတယ်။ တချို့ ကလေးများဟာ အနိုင်ကျင့်ခံရပေမယ့် မိဘဆရာတွေကို မပြောပဲနေတတ် ကြပါတယ်။

အနိုင်ကျင့်သူ
အနိုင်ကျင့်တတ်တဲ့ ကလေးတွေရဲ့ စရိုက်နဲ့ ပတ်သက်လို့ သုတေသနလေးတွေမှာ အကြောင်း အရင်းလေးတွေကို တင်ပြထားကြတာကလည်း မှတ်သားဖွယ် ကောင်းပါတယ်။ Olweus (1993) ကတော့ အနိုင်ကျင့်တဲ့ ကလေးတွေဟာ ကလေးအပေါ် ဂရုစိုက်မှု၊ နွေးထွေးမှုပေးတာ နည်းတဲ့ မိသားစုတွေက ဖြစ်နေတတ်ပါ တယ်။ သူတို့ကိုယ်တိုင်လည်း ကြီးသူတွေ ရဲ့ အနိုင်ကျင့်ခံခဲ့ ရဖူးလေ့ရှိပါတယ်။ များသောအားဖြင့် ကိုယ်ကာယပိုင်း ပိုသန်းစွမ်းသူ လည်းဖြစ်လေ့ရှိပါတယ်လို့ ဆိုပါတယ်။ အနိုင်ကျင့်တတ်တဲ့ ကလေးဟာ သူ့ကို ထောက်ခံတဲ့ သူငယ်ချင်း သုံးလေးဦးလောက် အမာခံ ရှိနေတတ်ပါတယ်။ အဲဒီအုပ်စုထဲက ကလေးတွေကလည်း အနိုင်ကျင့်ခြင်းကို အားပေးထောက်ခံနေတတ်ပါတယ်။

အနိုင်ကျင့်ခြင်းမဖြစ်စေဖို
အနိုင်ကျင့်ခြင်းဖြစ်ပွားတဲ့ အခါ အနိုင်ကျင့်တဲ့ ကလေးကို ရိုက်လိုက် ဆူလိုက်တာက ပြဿနာကို ခဏတာပဲ ပြေလည်သွားစေနိုင်တယ်လို့ သြစတေးလျှ တောင်းပိုင်းတက္ကသိုလ် ပညာရေးဌာန ပါမောက္ခ Ken Rigby
ရဲ့ အနိုင်ကျင့်ခြင်းဆိုင်ရာ သုတေသန စာတမ်းလေးမှာ ဆို ထားပါတယ်။ ပြစ်ဒဏ်ပေးရုံသာပေးခြင်းဟာ တန်ပြန် လက်စားခြေမှုကိုပါ ထပ်ဖြစ်စေတတ်ပါတယ်။ ဆရာ မိဘတွေ အနေနဲ့ကလည်း သူတို့ တွေကို အချိန်တိုင်းမှာ စောင့်ကြပ်နေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူးလို့ ဆိုပါတယ်။ အဓိကကတော့ ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ထက် လူမှုရေးပိုင်းဆိုင်ရာ ၊ ကိုယ်ကျင့်ပိုင်းဆိုင်ရာဖိအားတစ်ခုခု (Moral or Social Pressure) သူ့ကိုပေးခြင်းက ထိရောက်မှု ရှိမှာပါလို့ သူက ဆိုပါတယ်။ ဆိုလိုတာကတော့ အနိုင်ကျင့်တဲ့ ကလေးမှာလည်း သူလေးစားတဲ့ ချစ်တဲ့သူငယ်ချင်း၊ ဆရာ မိဘတွေရှိတာပါပဲ။ သူတို့ အနေနဲ့ သူအနိုင်ကျင့်တာကိုလက်မခံဘူး ဆိုတာပြသပေးဖို့ လိုပါတယ်။ တဖက်က လေးရဲ့ ခံစားချက်တွေကိုလည်း သူစာနာတတ်အောင် ပြောဆိုသွန်သင်ပေးဖို့ လိုပါတယ်။ တစ်ခါတလေမှာတော့ အနိုင်ကျင့်သူကလေးရဲ့ မိဘတွေနဲ့ လည်းဆွေးနွေးသင့်ပါတယ်။ အနိုင်ကျင့်ခြင်း မဖြစ်ပွားစေဖို့ အနိုင်ကျင့်ခြင်း ဖြစ်ပွားတတ်တဲ့ အခန်း၊ နေရာတွေမှာ ကြီးကြပ်စောင့်ကြည့်ပေးတာလည်း လိုအပ်တယ်လို့ အခြား စာတမ်းတစ်ခုမှာတွေ့ရပါသေးတယ်။

နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ခုက အနိုင် ကျင့် ခြင်းကို လက်မခံတဲ့ ကျောင်းပတ်ဝန်းကျင်၊ အနိုင် ကျင့်ခြင်းဟာ အင်မတန်ရှက်စရာ ကောင်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ လက်ခံထားကြတဲ့ ကျောင်း၊ စာသင်ခန်း၊ ပတ် ၀န်းကျင်တစ်ခုဖြစ်အောင် ဖန်တီးပေးဖို့လည်းလိုပါတယ်။ Ken ပြောတဲ့ နောက်ထပ် အချက်တစ်ခုကတော့ ကလေးတွေ သာလျှင် သူတို့ ဘယ်လိုကြုံတွေ့ခံစားနေရ တယ်ဆိုတာကို အသိဆုံးဖြစ်ပါတယ်။ ဘယ်လို အနိုင်ကျင့်တယ် ဘယ်လို ကျဉ်ဖယ်ထားကြတယ် ဆိုတာကို သူတို့ ဆီက နေ သေချာနားထောင်ဖို့လည်း လိုပါတယ်။ တစ်ခါတလေမှာ အနိုင်ကျင့်တဲ့ ကလေးတွေဟာ ဆင်ခြေလည်းအပေးကောင်းကြပါတယ်။ အနိုင်ကျင့်ခံရတဲ့ ကလေးကိုတောင်မှ ပြန်စွဲချက်တင်တတ်ကြပါသေးတယ်။ ဒီလို အခါမျိုးမှာ ကလေးတွေ ဘယ်လိုတွေ့ကြုံခံစားရ တယ် ဆိုတဲ့ အချက်ကို သေချာသိနေဖို့လိုပါတယ်။ အရေးအကြီး ဆုံးကတော့ ကလေးတွေကို ကိုယ်ချင်းစာနာနားလည် စိတ်ဝင်အောင် သင်ကြားပေးဖို့ လိုပါတယ်ခင်ဗျား။
Ref
Bullying among children and young people by Olweus and Solberg
ရန်နိုင်စိုးညွန့် (မဟာဝိဇ္ဇာ)