သင့် ရင်သွေးကို ခက်ထန် ကြမ်းတမ်းသောသူ မဖြစ်အောင်

 ရင်သွေးငယ်လေးတွေ ကျောင်းမတက်မီ အသက် (၁) နှစ် (၂) နှစ်အရွယ်ဟာ မိဘတွေဆီက သင်ယူနေတဲ့ အရွယ်ပါ။ မိဘဆိုတာ ရင်သွေးငယ်တိုင်းရဲ့ စံပြ အတုယူ ဖွယ်လို့ စိတ်မှာစွဲနေတဲ့ အရွယ်ပေါ့။ အဲဒီအရွယ်မှာ မိဘက ဘာပဲသင်သင် နူးညံ့မှုနဲ့ သင်ပေးဖို့ သိပ်အရေးကြီးပါတယ်။ သွားပြောင်အောင်တိုက်တာ၊ အစာစားရင် မဖိတ်အောင် အသံ မမြည်အောင်စားတာ၊ လမ်းလျှောက်ရင် ညင်သာအောင်လျှောက်တာ၊ အမှိုက်ပြစ်ရင် သတ်မှတ်နေရာ မှာပြစ်တာတွေကို စိတ်ရှည်စွာ သင်ပေးဖို့ လိုပါတယ်။ အဲဒီလို သင်ပေးနေတာဟာ စည်းကမ်းတ ကျသင်ယူတတ်အောင် လေ့ကျင့်ပေးနေတယ်လို့ မိဘက စိတ်ထား တတ်ဖို့လိုပါတယ်။ ဆူတာ၊ ငေါက်တာ၊ အသံကျယ်ကျယ်နဲ့ အော်ပြီးလုပ်ခိုင်းတာ၊ ရိုက်ပြီး လေ့ကျင့်ပေးတာတွေ လုံးဝမလုပ်သင့်ပါဘူး။ ခဏခဏ အရိုက်ခံ၊ ကြမ်းတမ်းစွာ အဆက်ဆံခံရတဲ့ကလေးတွေဟာ ခန္ဓာကိုယ်နာကျင်မှုနဲ့အတူ ရင်တွင်းမှာပါ နာကျင်မှု ဖြစ်ပြီး သူတစ်ပါးအပေါ်မှာလည်း ကြမ်းတမ်းစွာ ဆက်ဆံ တတ်တဲ့ ကလေးဆိုးလေးတွေ ဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးမှုများစွာ၊ ပျော်ရွှင်မှုကင်းမဲ့စွာ ကြီးပြင်းလာရတဲ့ကလေးတွေဟာ သူတစ်ပါးအပေါ်မှာလည်း ကိုယ် မေတ္တာမရခဲ့တဲ့အတိုင်း မေတ္တာနဲ့တုန့်ပြန်ဖို့ မစဉ်းစားတော့တဲ့ သဘာဝကို ပိုင်ဆိုင်သွားတတ်ပါတယ်။ အဲဒီ ဆိုးသွမ်းလူငယ်လေးတွေရဲ့ဘဝဟာ နောက်ဆုံးမှာတော့ ရာဇဝတ်သားအဖြစ် ရောက်သွားတာကို စိတ်မကောင်းစွာ တွေ့မြင်ရတတ်ပါတယ်။ ဒါကြောင့်မို့ ကလေးတွေ သင်ယူတတ်တဲ့အရွယ်မှာ အကောင်းနဲ့ အဆိုး၊ အကျိုးနဲ့အပြစ်ကို အမြဲဒွန်တွဲပြီး စိတ်ရှည်နူးညံ့စွာ ပြုစုပျိုးထောင်ပေးကြပါလို့ တိုက်တွန်း အကြံပြုလိုက်ပါတယ်။ ဘဝတိုက်ပွဲတွေနဲ့ လုံးပမ်းနေရလို့ ပင်ပန်းတာမှန်ပေမယ့် ရင်သွေးငယ်လေးတွေ အပေါ်မှာတော့ သက်ရောက်မှု မကြမ်းတမ်းစေအောင် သူငယ်ချင်းတွေအတွက်လည်း Share ပေးပါနော်။


 Credit : Bio-Life Myanmar