က​လေးငယ် ​နဲ့ ကြက်​စွပ်​ပြုတ်

ခ1

 

c2

 

 

 

 

 

 

 

ဒီတစ်ခါမှာ တော့ သားသားကို ကိုယ်တိုင် လုပ်ကျွေးပေးခဲ့လို့ သိလိုက်ရတဲ့ ကြက်စွပ်ပြုတ်ရဲ့ အစွမ်းသတ္တိလေး အကြောင်းကို ပြောပြပေးချင်ပါတယ်ရှင်…

အမေရိကန် အခြေစိုက် အစားအသောက်နဲ့ ကျန်းမာရေး အဖွဲ့ကြီးကနေ ကြက်စွပ်ပြုတ်သည် ?ကလေးများရဲ့ အသက်ဝိဥာည် ?လို့တောင် စာတမ်း ထုတ်ဝေထားတာကို Google ကနေလေ့လာဖူးပါတယ် …သားသားကို ဆန်ပြုတ်ကျဲကျဲလေးစပြီးတိုက်တဲ့အချိန်ကနေစပြီး နေ့စဉ်ကြက်ရိုးစွပ်ပြုတ်ကို တစ်နေ့မပြတ်လုပ်ကျွေးလာခဲ့တာ အခုဆိုသားသား တစ်နှစ်နဲ့ ဆယ့်တစ်လသားအထိပဲဆိုပါတော့…. ကြက်စွပ်ပြုတ်လို့ပြောရမယ့်အစား ကြက်ရိုးစွပ်ပြုတ်လို့ ပြောထားတာကတော့ တကယ့်ကို မြန်မာကြက်စစ်စစ်ရဲ့

?ကြက်လည်ဆစ်ရိုး
? ကြက်ဒူးရိုး
? ကြက်နံရိုးတွေကိုပဲ စုပြီး၃ရည်လောက် မီးအေးအေးနဲ့ပြုတ်ပြီး အသားတင်ကျန်တဲ့ စွပ်ပြုတ် နှစ်ခွက်စာ အရည်ကို ဆိုလိုခြင်းဖြစ်ပါတယ်… အလုပ်တစ်ဖက်နဲ့မေမေတွေ အတွက်အကြံပြုချင်တာကတော့ ပေါင်းအိုးသုံးရင်လည်းကောင်းတာပါပဲ အဓိကကတော့ ကြက်ရိုးတွင်းချဉ်ဆီ တကယ့် အသွေးအသား ကဓာတ်တွေအကုန်ထွက်သွားဖို့ပါပဲ…သားသားက အဲ့လို ကြက်ရိုးပြုတ်ရည်ကို နေ့စဉ်မပြတ် စွဲစွဲလန်းလန်းကိုသောက်ပါတယ် ကြက်ပြုတ်ရည်မပါရင် ထမင်းမစားပါဘူး…ကျွေးကာစကတော့ ညှီတဲ့ဓာတ်ရှိတော့ နည်းနည်းငြင်းချင်ပါတယ်… ကလေးသဘာဝပေါ့နော်…ရက်လေးခြားကျွေးလိုက် ရက်ဆက်ပြန်ကျွေးလိုက်ကျင့်ပေးတော့ ခုဆို တစ်ရက်မှပြတ်လို့မရပါဘူး… လုပ်နည်းကလည်းသိပ်လွယ်ပါတယ်ရှင့်…

?ကြက်သွန်ဖြူလေး ဓားပြားရိုက်.. ဂျင်းသေးသေးလေး ဓားပြားရိုက်ပြီးထည့်ရုံပါပဲရှင့်?

ကြက်ရိုးပြုတ် ရည်ရဲ့အစွမ်းကြောင့် သားသားက တစ်နှစ်နဲ့ တစ်လမှာလမ်းစလျှောက်ပါတယ်…တစ်နှစ်နဲ့ 5လမှာ စကားတွေ ပလစ်ဆန်အောင်ပြောတတ်နေပါပြီ…တစ်နှစ်နဲ့ ရှစ်လမှာ အရောင်တစ်ချို့ကိုခွဲခြားတတ်နေပါပြီ…ကြက်ရိုးစွပ်ပြုတ်မှ တင်မဟုတ်ပါဘူး မည်သည့်အာဟာရဖြစ်တဲ့ အစားအစာပဲဖြစ်ဖြစ် ကိုယ်တိုင်အိမ်မှာလုပ်ကျွေးနိုင်ရင် အကောင်းဆုံးပါပဲ…
သားသားက ၁၀လအရွယ်ကနေစပြီး ကိုယ်ပူဖျားနာလို့ ဆေးခန်းသွားပြရတာမျိုးမရှိပါဘူး… ကာကွယ်ဆေးထိုးချိန် ဆရာဝန်မကြီးနဲ့ ကျန်းမာရေးစစ်တဲ့အခါမျိုးမှာ သားသားက စကားတွေပြောနေတာတွေ့တော့ ဆရာဝန်မကြီးက သူ့ကို နေ့စဉ်ပုံမှန်ကျွေးနေကျဘာအစားအစာရှိလဲလို့ မေးပါတယ် ကြက်ရိုးပြုတ်ရည်ပါလို့ ဖြေလိုက်တော့… Good တဲ့… ထပ်ပြီးမေးပါသေးတယ် ဆိုင်ကဝယ်ကျွေးတာလား အိမ်မှာကိုယ်တိုင်ပြုတ်တာလားလို့ထပ်မေးပါတယ်…အိမ်မှာပဲ ကိုယ်တိုင်ပြုတ်ကျွေးတာပါလို့ပြောတော့ ကျွန်မလိုချင်တာ အဲ့ဒီ့အဖြေပဲတဲ့… ကလေးတွေရဲ့ ကြီးထွားမှု ဥာဏ်ရည်ထက်မြက်မှုတွေဟာ သူတို့စားသုံးနေတဲ့ အစာအာဟာရကြောင့်အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်တဲ့… ကဲ မေမေတို့ရေ ဒီနေ့တော့ ဒီလောက်ပဲနော် နောက်တစ်ခါကျရင်တော့ ကလေးအာဟာရနဲ့ ဥာဏ်ရည် ဥာဏ်သွေးအကြောင်းလေး ကိုယ်လေ့လာထားတာလေးတွေကိုပြန်လည် မျှဝေပေးပါဦးမယ်ရှင့်…
သားသားမီးမီးလေးများ အားလုံး ဥာဏ်ထက်ပျော်ရွှင်ပြီး
ပညာတတ်ကြီးတွေဖြစ်ကြပါစေနော်
#@Tom Tom