ချိစ် ပေါင်မုန့်ကင်
|မတ်တပ်ပြေး အရွယ်ကလေးတွေ အစာပြေပဲဖြစ်ဖြစ် မနက်စာပဲဖြစ်ဖြစ် စားလို့ကောင်းတဲ့ ချိစ်ပေါင်
ပေါင်မုန့် ၂ချပ်
ချိစ် ၂ပြား
ခရမ်းချဉ်သီး ၁လုံး (အလုံးသေး တာလေးကိုသုံး
ကြက်သွန်နီ ၁ခြမ်း (နှုတ်နှုတ်စင်းထားပါ။)
ငရုတ်ကောင်း အနည်းငယ်
ချိစ်ပြားတွေကို ခြေထားပါ။
ခရမ်းချဉ်သီး နှင့် ကြက်သွန်နီကို ထောပတ်ထည့်ကာ အနည်းငယ် နွမ်းတဲ့အထိကြော်ပေးပါ။
ဒယ်ပြားထဲမှာ ပေါင်မုန့် မျက်နှာပြင် တစ်ဖက်ကို အပူပေးပါ။
ညိုလာလျှင် ဖယ်ထုတ်ပါ။
ပန်းကန် တစ်ခု ထဲမှာ ချိစ် ခရမ်းချဉ်သီး ကြက်သွန် ငရုတ်ကောင်းတွေကို သမအောင်နယ်ပါ။
ပေါင်မုန့် တစ်ချပ်ပေါ်မှာ နယ်ထားတဲ့ ချိစ်တဝက်ကို ဖြန့်ထည့်ပါ။
ခုနက အပူပေးထားတဲ့ ပေါင်မုန့် ဘက်ခြမ်းမှာထည့်ပ
ဒယ်ပြားကို မီး အနေတော်နဲ့ အပူပေးကာ ပေါင်မုန့်ထည့်ပါ။
ချိစ် ထည့်ထားတဲ့ ဘက်ကို အပေါ်မှထားပါ။ ခဏအဖုန်းအုပ်ထားပါ။
၂မိနစ်လောက်နေမှ ဖွင့်ကြည့်ပါ။ ချိစ်တွေ အရည်ပျော်သွားလျှင် ကျက်ပါပြီ။
ကြွပ်ကြွပ် ရွရွလေးနဲ့ ကလေးရော လူကြီးပါ ကြိုက်မှာပါ။
Credit : Kit Kit ‘s Mom Yummy House