တူနာ ပေါင်မုန့်လိပ်

၁နှစ် အထက် ကလေးတွေ အတွက်ပါ။ ၁နှစ်အောက် ကလေးတွေကို လုံးဝ မကျွေးပါနဲ့။

တူနာ ငါး ၁ဗူး ( Ready တူနာဗူးကို ၃ပုံ ၂ပုံပဲသုံးပါ့မယ်)
ဥနီအခွံခွှာပြီး ခြစ်ပြီးသား စားပွဲဇွန်း ၂ ဇွန်း
ဂေါ်ဖီရွက် ၂ရွက် ( နှုတ်နှုတ်စင်းပါ )
မရို့နိ ( Mayonnaise) စားပွဲဇွန်း ၂ ဇွန်း
ပေါင်မုန့် ၄ချပ်

ဥနီနဲ့ ဂေါ်ဖီကို ၁၀ မိနစ်လောက် အောက်ကရေနွေးငွေ့နဲ့ပေါင်းပါ။
တူနာ ဗူးထဲက အရည်တွေကို သွန်ကာ ရေသေချာစစ်ပါ။ စကာထဲမှာ အပေါ်ကနေ ဇွန်းနဲ့ဖိကာ အရည်တွေခြောက်နေအောင် စစ်ပါ။ Microwave မှာ  ၁မိနစ်လောက် အပူပေးပါ။
ပန်းကန် တစ်ခုထဲမှာ ဥနီ ဂေါ်ဖီ တူနာ မရို့နိ ထည့်ကာ သမအောင်နယ်ပါ။
ပေါင်မုန့်ကို ဘေးသားတွေ လှီးကာ ပြားအောင်လှိမ့်ပါ။
ပြီးလျှင် နယ်ထားတဲ့ တူနာတွေကို ၄ပုံပါ။
၁ပုံကို ပေါင်မုန့် ၁ချပ်ပေါ်မှာဖြန့်တင်ပြီး လိပ်ပါ။ ပြီးလျှင် Plastic Wrap နဲ့ ထုပ်ပါ။ ကျန်တဲ့ ပေါင်မုန့် ၃ချပ်ကိုလည်း ထိုနည်းအတိုင်းလုပ်ပါ။
ရေခဲသေတ္တာထဲမှာ ၁နာရီလောက်ထည့်ထားပြီးမှ ဓားနဲ့ တစ်ခုကို ၃ပိုင်းလောက်ပိုင်းပါ။

အိမ်မှာတော့ သမီးလေးတင်မဟုတ်ပဲ မေမေရော ဘွားဘွားရော စားပါတယ်။

*** ကလေးကို ၁လိပ်ထက်တော့ ပိုမကျွေးပါနဲ့နော်။ Tuna ကို ဒီနေ့မှ စကျွေးတာမို့လို့ သမီးကိုတော့ နည်းနည်းပဲကျွေးပါတယ်။ **