ကလေး တစ်ဦးရဲ့ ဘဝအစ မှတ်တိုင်များ
|၂ လ- ပြုံးပြနှုတ်ဆက်ရင် ပြန်ပြုံးပြ, ခေါင်း နည်းနည်း ပိုထိန်းနိုင်
၎ လ- လက်ချောင်း ပါးစပ်ထဲထည့်, ဝမ်းလျားမှောက်ပေးရင် ခေါင်းလေးထောင် ဖို့ကြိုးစာ
(ပုံ ၃ က မှောက်ပေးလျှင် ခေါင်းထောင်ခြင်းကို ပြသည်။ မှောက်နိုင်သည်လို့ မဆိုလိုပါ)
၆ လ- မိဘကို ရေးတေးတေး တွေ့ရရင် ကို ပြုံးပျော်, ပက်လက်မှ မှောက်ခုံ, မှောက်ခုံမှ ပက်လက်လှန်တတ်, ထိန်းပေးမယ်ဆို ထိုင်နိုင်မယ်, မှောက်ပေးထားရင် ကိုယ်ကို လှိမ့်ဖို့ကြိုးစား, ဗိုက်ကို အားပြုပြီး တွားသွားဖို့အားထုတ်, လက်က ပစ္စည်းကို ကြမ်းပြင်နဲ့ ဆောင့်ဖို့ကြိုးစားပြီ
၇ လ-၈ လ – မထိန်းပေးလည်း ထိုင်နိုင်ပြီ,
တွားသွားတာ ပိုအဆင်ပြေလာပြီ
၉ လ- တံတောင်နဲ့ ဒူး ကို အားပြုပြီး တွားစသွား, မေမေ, မာမား, မမ, ပါပါး, တာ့တာ စသော နှစ်လုံးတွဲလေးများထဲမှ တစ်လုံးလောက် စတင်ရေရွတ်
၁၀ မှ ၁၂ လ- လက်ဆွဲကူရင် မတ်တပ်ရပ်ဖို့ ကြိုးစားမယ်, ပရိဘောဂပစ္စည်းတွေ အားပြုပြီး မတ်တပ်ရပ်ဖို့ကြိုးစားမယ်, ခြေ ၂ လှမ်း ၃ လှမ်း စလှမ်းမယ်, လက်မနဲ့ လက်ညှိုးထဲ ပစ္စည်းကိုင်နိုင်ပြီ, လက်ကလေး ဝှေ့ရမ်းပြီး တာ့တာလုပ်တတ်ပြီ, လက်ညှိုးထိုးတတ်ကောင်းထိုးတ
၁ နှစ်ခွဲ- လမ်းကောင်းကောင်းလျှောက်ပြီ
၂ နှစ် – ထိုင်ရာမှ ထဖို့ ကိုယ့်ကိုကိုယ် အားကိုးပြီ, လမ်းလျှောက်ရင် ကွေ့တတ်ပြီ, ပစ္စည်းကိုင်ရင်း လမ်း လျှောက်ကြည့်မယ်, စကားလုံးလေးများ များစွာတတ်ပြီ
၃ နှစ်ခွဲ- ၄ နှစ်- ဗိုယ်အုံးသီး (၃ ဘီး စက်ဘီး) စီးတတ်ပြီ, လှေကားတက်မယ်, ဖြေးဖြေး ပြေးမယ်, ခြေစုံ ခုန်မယ်, ဘောလုံးပစ်တတ်ပြီ, ဖမ်းတတ်ပြီ, လက်ဆေးတတ်ပြီ, စကားကို တစ်ကြောင်းစီ စ ပြောတတ်ပြီ, သူများပြောရင် တော်တော်နားလည်ပြီ, စာလုံးလေးများ ရေးဖတ်သင်လို့ အဆင်ပြေပြီ
၅ နှစ်- ခြေတစ်ပေါင်ကျိုးခုန်, စကား များစွာပြောတတ်ပြီ, မေးခွန်းလေးတွေ မေးလာမယ်, အကောင်းဆုံးဖြေဖို့ ကြိုးစားပြင်ဆင်ထားပါလော့။ ?
“မှတ်ချက်”
အပေါ်မှာ ပြောထားသည်ထက် စောပြီးလုပ်တတ်သော သားသားမီးမီးများရှိလျှင် ဝမ်းမြောက်ပျော်ရွှင်ပါ။
အပေါ်မှာ ပြောထားသည်ထက် သင့်ကလေးက တစ်နေရာရာတွင် နောက်ကျ နေသည်ရှိသော် ၂ လ လောက် စောင့်ကြည့်ပါ။ အထူးသဖြင့် လမစေ့ဘဲ မွေးလျှင် ၃ လလောက် ပုံမှန်ထက် ပို စောင့်ကြည့်ပါ။ တိုးတက်မှု မရှိဘူးဟု စိုးရိမ်လျှင် တတ်ကျွမ်းသော ဆရာဝန်နှင့် တိုင်ပင်စစ်ဆေးပါ။
***ကလေးများ လျှောက်လှမ်းသော လမ်းတွင် မှတ်တိုင်တစ်ခုစီသို့ ရောက်ချိန်လေးများ အနည်းငယ် ကွာဟနိုင်သည်။ အထူးသဖြင့် ကလေးတစ်ဦးနှင့်တစ်ဦး စကားစပြောသောအချိန်က အလွန်ကွာခြားနိုင်ပါသည်။ ***
မြန်မာကလေးများ မှတ်တိုင်လေးတွေ အသီးသီးဆီသို့ အဆင်ပြေပြေ လျှောက်လှမ်းရောက်ရှိပြီး ကျန်းမာရေး အခက်အခဲများ ကျော်ဖြတ်နိုင်ကြပါစေ။
Credit : #နေနေမိုးဆွေ ( Child Health Myanmar Page)
-Share ကိုနှိပ်၍ လွတ်လပ်စွာ မျှဝေနိုင်ပါသည်။
Photo credits to Google Images