ငါး အသားလုံး ( တစ်နှစ် အထက် ကလေးများ အတွက်)
|ကလေး တွေ အများစုက အပြင်မှာ ရောင်းတဲ့ ငါး အသား လုံးကြော် ကြက် အူချောင်းကြော် အသားပြားကြော်တွေကို နှစ်သက်ကြတာ တွေ့ရပါတယ်။
မတ်တပ် ပြေးအရွယ်တွေက အစ ကျောင်းတတ်နေတဲ့ ကလေးတွေ အထိကြိုက်ကြပါတယ်။
လွယ်ကူ မြန်ဆန်တဲ့ ငါးအသားလုံး လုပ်နည်းလေးကို ပြန်လည်မျှ ဝေပေးပါရစေနော်။
ငါးကြင်း အသား(ငါးကြင်းခြစ်)
ကြက် သွန်ဖြူ ၄မွှာ
ကြက် သွန်နီ ၁လုံး
သကြား လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆား အနည်းငယ်
ပြောင်းဖူး မှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း
ငါးကြင်းခြစ်ထဲက အရိုးတွေ ပါမှာစိုးလို့ အရိုးရှာ အရင် ဖယ်ပစ်လိုက်ပါတယ်။
ရေနည်းနည်းနဲ့ အလုံး လိုက်ဆေးလိုက်ပါတယ်။
ကြက်သွန်ဖြူ ကြက်သွန်နီကို အခွံခွှာ ရေဆေးကာ သေးသေး လှီးထားပါ။
ငါးအသား တွေကို အသားကြိတ် စက်ထဲမှာ ထည့်ပါ။ ဆား သကြား ကြက်သွန်တွေထည့်ကာ ၂မိနစ်လောက်ကြိတ်ပါ။
ပြောင်းကော်မှုန့် ထည့်ကာ အသားတွေ စီးလာတဲ့ အထိကြိတ်ပါ။ ၃မိနစ်လောက်ကြိတ်ပါတယ်။
ပြီးလျှင် အလုံးလေးတွေလုံးကာ ရေနွေးလေးနဲ့ ၁၀မိနစ်ခန့်စိမ်ထားပါ။
မီးဖိုပေါ်မှာ အိုးတစ်လုံးနဲ့ ရေနွေး ဆူပွက်လာတဲ့ အထိတည်ပါ။
ရေနွေးစိမ် ထားတဲ့ ငါးအသားလုံး တွေကို ထည့်ကာ ပြုတ်ပါ။
၁၀မိနစ် ခန့်ပြုတ်ပြီးလျှင် ငါးအသားလုံးတွေ ရေပေါ်မှာ ပေါ်လာလျှင် ကျက်ပါပြီ။
စကာထဲမှာ ထည့်ကာ ရေစစ်ထားပါ။
ရေစစ်ပြီ ဆိုလျှင် ဗူးသန့်သန့် တစ်ခုထဲမှာ ထည့်ကာ ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။
ကြော်စားလည်း စားလို့ကောင်းသလို ကင်စားလည်း စားလို့ကောင်းပါတယ်ရှင်။
Hot Pot ထဲမှာလည်း ထည့်စားနိုင်ပါတယ်ရှင်။
Credit : KitKit’s Mom Yummy House