ချက် ကြွေခြင်း

• မွေးပြီးတာနဲ့ ကလေးချက်ကို သားဖွားဆရာမက
ပလပ်စတစ်ညှပ် ကလေးနဲ့ ညှပ်လိုက်ပါတယ်။

• ၂-၃ ရက်မြောက်မှာ ချက်ဖူးကလေးက ခြောက်ပြီး
ပိတ်သွားပါပြီ။ အဲဒီအချိန်မှာ ညှပ်ကို ဖြုတ်လို့ ရပါပြီ။

• အဲဒီချက်ဖူးကလေးက တဖြည်းဖြည်း မဲလာပြီး
ကျုံ့လာပါလိမ့်မယ်။

• ၁-၂ ပတ်အတွင်း အဲဒီချက်ဖူးကလေးက ကြွေသွား
ပါလိမ့်မယ်။

• ၂ ပတ်ကျော်လို့မှ မကြွေသေးရင် သားဖွား
ဆရာမ(သို့) ဆရာဝန်နှင့်ပြပါ။

• ချက်ကြွေပြီးလျှင် အရည်ကြည်လေး စို့နေတာကို
တွေ့ရတတ်ပါတယ်။ အဲဒီ အရည်က အနည်းငယ်
စီးကပ်ခြင်း। အညိုရောင်သန်းခြင်း। အနည်းငယ် အနံ့
ထွက်ခြင်း တို့ဖြစ်နိုင်ပါသည်။ အဲဒါပုံမှန်ပါပဲ။

• ပုံမှန်မဟုတ်တာက ချက်အရေပြား နီရဲခြင်း। ပြည်ထွက်ခြင်းတို့ ဖြစ်ပါတယ်။ ပိုးဝင်သွားတဲ့ လက္ခဏာပါ။ ကလေးဆရာဝန်နဲ့ အမြန်ပြသရန် လိုအပ်ပါတယ်။

ပိုးမဝင်အောင် ဘယ်လိုလုပ်ကြမလဲ?
————————–—–
• မကြွေသေးသော ကလေးချက်ဖူးကို မလိုအပ်ပဲ မထိ
ပါနဲ့။

• ထိရန်အကြောင်း ရှိလျှင်လည်း လက်ဆေးပြီးမှ ထိပါ။

• ချက်ဖူးနေရာ မသန့်ရှင်းပါက-
ဆူအောင်ပြုတ်ထားသော ရေနွေးကို အအေး
ခံပြီး ဆေးပေးနိုင်သည်။ ဆပ်ပြာ। ပိုးသတ်ဆေး।
ဘီတာဒင်း। အရက်ပြန် ဘာမှသုံးစရာမလိုပါ။ ပတ်
တီးလည်း အုပ်စရာမလိုပါ။

• ကလေးရေချိုးပေးပြီလျှင် ချက်ဖူးကလေး( မကြွေ
သေးပါက) ကိုခြောက်အောင်ပြုလုပ်ပေးပါ။ လေသ
လပ်( air-dry) မကြာခဏ လုပ်ပေးလျှင် အခြောက်
မြန်ပါသည်။ ဒါကြောင့် ချက်ဖူးကို ဘောင်းဘီ।
nappy। diaper များဖြင့် မအုပ်မိပါစေနှင့်။

• အကယ်၍ ချက်ဖူးပေါ်သို့ ကလေး၏ ဆီးနှင့်ဝမ်းများ
ပေသွားပါက ဆပ်ပြာနှင့်ရေဖြင့် ဆေးရန် လိုအပ်
သည်။ ရေကလည်းသန့်ဖို့ လိုသလို। ဆပ်ပြာက
လည်း မပြင်းဖို့လိုပါသည်။ ကလေး၏ မစင်တွင်
အဆီများသောကြောင့် ရေတခုတည်းဖြင့် ဆေးလျှင်
မပြောင်ပါ။

• ချက်ဖူးကလေး ကြွေပြီး အရည်စိုနေတာက ၁-ပတ်
ကျော်လာလျှင် ဆရာဝန်နှင့် ပြသပါ။

———

စိုးမိုးကျော် ( Child Health Myanmar Page )