ကလေးများ စကားပြော နောက်ကျနေပြီလား? ကလေးတို့ စကားပြော နောက်ကျတယ်လို့ ဘယ်လို သိနိုင်မလဲ။
|**************************
မိဘ တိုင်းက ကိုယ့်ရဲ့ ကလေးလေးတွေ ပြောလာမယ့် ပထမဆုံး စကားလုံးတွေကို စိတ်လှုပ်ရှားစွာ စောင့်စားတတ်ကြပါတယ်။ ကလေးက စကားပြောနောက်ကျရင် မိဘတွေအနေနဲ့ စိုးရိမ်စရာ၊ပူပန်စရာတွေဖြစ
ကလေးများ ပုံမှန်စကားပြောခြင်း။
**************************
ကလေး တစ်ယောက်နဲ့ တစ်ယောက်ဟာ ဖွံဖြိုးမှု မတူပါဘူး။ ယေဘုယျ အားဖြင့်တော့
– ကလေးဟာ အသက် တစ်နှစ်အရွယ်မှာ စကားလုံး တစ်လုံးပြောနိုင်သင့်ပါတယ်။
-အသက် ၁၈လ ကနေ ၂ နှစ် မှာတော့ စကားလုံး ၂- လုံးတွဲ ပြောနိုင်နေသင့်ပါတယ်။( ဥပမာ= မန်မန်စား၊ ရေသောက်၊ ကောင်းတယ်၊ ပေးပါ)
-အသက် ၃- နှစ် မပြည့်ခင်မှာတော့ စကားလုံး သုံးလုံးပါ စာကြောင်းပြောနိုင်နေပါပြီ။
ပုံမှန်အားဖြင့် ၁၈ လ ကလေး တစ်ယောက်ဟာ စကားလုံး ၅၀-၁၀၀ လောက် ပြောနိုင်တတ်ပေမယ့် သူနားလည်နိုင်တာကတော့ အဲဒီထက်ပိုပါတယ်။ ကလေးရဲ့ အမူအယာ လုပ်ပုံတွေ၊ ညွှန်ကြားပြောဆိုတာတွေကို လိုက်လုပ်တာတွေကို ကြည့်ပြီးတော့လဲ ကလေးတစ်ယောက်ရဲ့ နားလည်နိုင်စွမ်းနဲ့ ဆက်ဆံနိင်စွမ်းကို အကဲခတ်နိုင်တာမို့ စိုးရိမ်စရာ အကြောင်းက နည်းပါးပါတယ်။
ဘာကြောင့် စကားပြောနောက်ကျတာလဲ။
**************************
မျိုးရိုးဗီဇနဲ့ ကလေးရဲ့ ပင်ကိုယ် စရိုက်ကြောင့်လဲ စကားပြောနောက်ကျနိုင်ပါတယ်။
ဥပမာ- ကလေးက ရေခွက်တင်ထားတဲ့နားလာနေတာကိ
အဲဒီအစား…. ကလေးလာနေရင် သူရေလိုချင်မှန်းမေမေ သိပေမယ့် ” သားဘာလိုချင်လို့လဲ” ဆိုပြီး သူ့ကို မေးပါ။ပြီးတော့ စက္ကန့်အနည်းငယ်စောင့်ပေးပါ။
သားယောက်ျားလေးများက မိန်းကလေးထက် စကားပြောနောက်ကျတတ်ပါတယ်။ ၁၆လ သားမှာ ယောက်ျားလေးများက စကားလုံး ၃၀ ပြောနိုင်နေရင်၊ မိန်းကလေးများက ၅၀ လောက်ပြောနိုင်တတ်ပါတယ်။
လမစေ့ပဲမွေးသော ကလေးများ၊ပျမ်းမျှကိုယ်အလေး
အကယ်၍ ကလေးရဲ့ ပထမနှစ်အတွင်းမှာ နားထဲရေဝင်တာကြာတာမျိုး၊ နားနာခြင်း( ear infection) ဖြစ်ထားတာမျိုးဆိုရင် ကလေးရဲ့ အကြားအာရုံကို အားနည်းစေနိုင်တတ်ပါတယ်။ ဒီလိုနဲ့ ကလေးဟာ စကားပြောရမယ့် အရွယ်မှာ အခက်အခဲဖြစ်ပြီး စကားပြောနောက်ကျစေနိုင်ပါတယ
ကလေးတစ်ယောက်ဟာ စကားပြောတာနောက်ကျတယ် ဒါပေမယ့် သူရဲ့ တခြား ဖွံ့ဖြိုးတိုးတက်မှုတွေ က ပုံမှန်တိုးတက်နေတယ်ဆိုရင် ကလေးဟာ အခြားစွမ်းရည်တွေကို အာရုံစူးစိုက်နေတာဖြစ်နိုင်
စကားပြောနောက်ကျခြင်း( speech delay) ဖြစ်နေနိုင်တယ်တဲ့ လက္ခဏာများ
**************************
အသက်၂-နှစ်မတိုင်ခင် ကာလမှာ စကားမပြောသေးရင် သာမန်ပဲလို့ စဉ်းစားလို့ရပါသေးတယ်။ဒါပေမ
အသက် ၁-နှစ်မှာ
***************
ကလေး သံလေးနဲ့ ဗလုံးဗထွေးပြောတာ၊ မပီကလာ ရယ်စရာကောင်းတဲ့ စကားတွေပြောတာမျိုး လုံးဝမရှိဘူး။ ဖေဖေ မေမေ တို့ စကားပြောတဲ့အခါ နားလည်တဲ့ ပုံစံမပြဘူး တုံ့ပြန်မှုမရှိဘူး။
အသက် ၁၈-လမှာ
***************
ကလေးဟာ အနည်းးဆုံး စကားလုံး တစ်လုံး တောင် မပြောသေးဘူး။
အသက် ၂-နှစ်မှာ
**************
ကလေးဟာ စကားလုံး နည်းနည်းလေးပဲပြောတယ်။ အများအားဖြင့် တိုးတိုးလေး မသဲကွဲပဲ ပြောပြီး၊ လက်ညှိုးထိုးပြီးပဲ ဆက်ဆံမှုကို လုပ်တယ်. ဒါမှမဟုတ် ကလေးဟာ သူရဲ့ စကားပြောစွမ်းရည် လျော့ကျလာတယ်။ ( အရင်က ပြောနေကျ စကားလုံးတွေကို မပြောတော့တာမျိုး၊ အရင်ကနည်းနည်းပါးပါးပြောပြီ
အသက် ၂ ၁/၂ နှစ်မှာ
****************
ကလေးဟာ အ၊အီ၊အို စသည်ပဲ အသံထွက်ပြီး စကားလုံး အပြည့်စုံ အသံမထွက်ခြင်း (သို့) စကားလုံး ၅၀ ခန့် မပြောတတ်ခြင်း။
အသက် (၃)နှစ်မှာ
***************
ကလေးရဲ့ အသံထွက်ကို လူစိမ်းများ နားမလည်ခြင်း။ (သို့) စကားလုံး ၂လုံးသာ ပါတဲ့ စကားကိုပြောတတ်ခြင်း။ဥပမာ- ရေသောက်၊ စားချင်၊
ဘာလုပ်မလဲ?
************
ကလေးဟာ Late bloomer နှောင်းပန်းလေးများဆိုရင်လည
အသက်၂နှစ်မတိုင်ခင်မှာ ကလေးတွေဟာ လူကြီးတွေရဲ့ အသံကို နားထောင်ပြီး စကားလုံးတွေ သင်ယူတာပါ။ ဒါကြောင့် ကလေးကို အသံထွက်ပြီးစာဖတ်ပြတာ၊သီချင
ထင်ရှားသော စကားပြောနောက်ကျသူများ။
**************************
ဖေဖေ မေမေတို့ အနေနဲ့ ကလေးစကားမပြောသေးဘူးလားလို့
Gary Becker, Nobel Prize-winning economist
Albert Einstein, theoretical physicist
Julia Robinson, the first woman president of the American Mathematical Society
Arthur Rubinstein, piano virtuoso
Edward Teller, physicist and nuclear power pioneer
ကလေးတစ်ယောက်ချင်းစီတိုင်းက
မေတ္တာဖြင့်
နီတိုးလေးမေမေ။
Ref; http://www.parenting.com/
Photo; Internet