ကလေး နှင့် Baby walker

ပုံမှာ ပြထားသော ဘီးတပ် လှည်းလေးများကို Baby Walker ဟုခေါ်သည်။ အချို့က လမ်းလျှောက် ထိုင်ကွင်းဟု မြန်မာမှုပြုသည်။ Baby Walker များက

(၁) လမ်းလျှောက်မမြန်စေပါ။

လမ်းမလျှောက်တတ်သေးသော ကလေးများကို Baby Walker ထဲထည့်ပေးထားလျှင် လမ်းလျှောက်အတတ်မြန်သည်ဟု အချို့မိဘများထင်ကြသော်လည်း Baby Walker ကြောင့် ကလေး၏ ကိုယ်တိုင်လမ်းလျှောက်နိုင်စွမ်း ပိုနောက်ကျနိုင်သည်ဟု သုသေတနအချို့မှ တွေ့ရှိသည်။

(၂) စိတ်မချရပါ။

Baby Walker ထဲမှ ကလေးက ဘီးတပ်ထားသော လှည်း၏ အရှိန်ကို မထိန်းနိုင်၍ အိမ်ထောင်ပရိဘောဂများနှင့်တိုက်မိခြင်း၊ လှေကားပေါ်မှ လျှောကျခြင်း၊ အိမ်တံခါးဖွင့်ထားလျှင် အိမ်ပြင်ရောက်သွားခြင်းများ ဖြစ်တတ်ပါသည်။

(၃) အန္တရာယ်ရှိပါသည်။

Baby Walker ပေးသုံးခြင်းကြောင့် ဆေးရုံရောက်လာသော မတော်တဆထိခိုက်မှုအများစုမှာ ခေါင်းကွဲခြင်း၊ ခြေလက်အရိုးကျိုးခြင်းများဖြစ်ပါသည်။

Baby Walker အမြင့်ပေါ်မူတည်ပြီး ပုံမှန်တွင် မမှီသော ပစ္စည်းကို ကလေးက လက်လမ်းမှီသွား၍ အပူလောင်နိုင်ပါသည်။ အမြင့်တွင်တင်ထားသော လူကြီးဆေး၊ ပိုးသတ်ဆေးများ ယူဆော့ပြီး ပါးစပ်ထဲထည့်မိ၍ အဆိပ်သင့်ခဲ့ဖူးသော ကလေးများရှိပါသည်။

အကျဉ်းချုပ်ဆိုရလျှင် အန္တရာယ်ရှိပြီး စိတ်မချရသော Baby Walker များ ဝယ်သုံးမည့်အစား ဖျာတစ်ချပ်/ စောင်တစ်ထည်ခင်း၍ ကလေးကို ပေးဆော့သည်က ပိုစိတ်ချရပါလိမ့်မည်။

#နေနေမိုးဆွေ (Child Health Myanmar)
Photo Credits to Googles
Reference- Wikipedia, Better Health Victoria, Raising Children Network

#babywalker