စကားပြော နောက်ကျသော ကလေးများ အတွက် အထောက် အကူပြု နည်းလမ်းများ.။
|မျက်လုံးခြင်းဆုံနိုင်မှု( eye- contact)
လူ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံ ရာမှာ မျက်လုံးချင်း ဆုံပြီးပြောဆို ဆက်ဆံနိုင်မှု
လူမှု ဆက်ဆံရေးမှာ eye- contact က အရေးကြီး တဲ့ အတွက် eye-contact အားနည်းရင် လူလူချင်း ဆက်ဆံရေးမှာ အားနည်း နိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေဟာ သူတို့ မျက်နှာလေးတွေ ငုံ့ထားတာပဲဖြစ်ဖြစ်၊ သူတို့စိတ်ဝင်စားတာလေးတွေ လုပ်နေ တာပဲ ဖြစ်ဖြစ် နေတတ်ကြတော့ eye- contact နည်းတတ်ပါတယ်။ တချို့ လူကြီးတွေလည်း eye- contact နည်းတာ ၊အခက်အခဲ ရှိတာ တွေ့ဖူးပါတယ်။ စကားပြောရင် မျက်လုံးချင်းဆုံကြည့်နိုင်
⭐️ စကားပြော နောက်ကျသော ကလေးများမှာ eye- contact အားနည်းတာကို ပိုပြီး တွေ့ရတတ်ပါတယ်။သူတို့လေးတွေ
✅သူတို့ကြည့်လေ သူတို့ သင်ယူလေပါပဲ။ ( The more they look the more they learn)
**************************
ကျွန်မတို့ရဲ့ ကလေးတွေ ဘယ်လောက်ကြည့်လဲ ၊ ဘယ်လောက်သင်ယူသလဲ ၊ နားလည်သလဲ၊ မြင်လိုက်တာကို ဘယ်လို ဆင့်ပွားသဘောပေါက်လဲ စတာတွေကိုလည်း ထည့် စဉ်းစားရမှာပါ။မျက်လုံးချင်
ကလေးတွေရဲ့ အာရုံစူးစိုက်နိုင်မှု ကြာချိန်(attention span) ကိုလည်း တိုးစေပါတယ်။ ကလေးက မျက်လုံးခြင်းဆုံကြည့်လာမယ်
နည်းလမ်း
*********
၁- eye- contact ကို တိုက်ရိုက်တောင်းဆိုပါ။
**************************
မိမိ ကို ကလေးက ကြည့်ဖို့ တောင်းဆိုပါ။ ကစားရင်းပဲ ဖြစ်ဖြစ်၊ ကလေးက တစ်ခုခု တောင်းလို့ ပေးရင်ပဲဖြစ်ဖြစ်၊ စာအုပ်တူတူ ဖတ်ရင်းပဲဖြစ်ဖြစ
ဥပမာ- တူတူကစားရင်း ကလေးကို ” သမီး / သားလေး မျက်လုံးလေးက လှလိုက်တာ၊ မေမေ့ကို ကြည့်ရင်မေမေ ကပျော်တာပေါ့၊ ထပ်ကြည့်ပါဦး”
– အရုပ်ကို မပေးခင် “သား မေမေကို ကြည့်၊ ဟော .. ဟုတ်ပြီ… သားက ဒီကားလေးကြိုက်တာလား… အနီလေးနော်” ( ကား, အနီရောင် , ကြိုက် .. စတဲ့ စကားလုံးတွေကို သူကြည့်တဲ့ အချိန်မှာမှ ဖြည်းဖြည်းပြောပြီး သင်ပေးလိုက်တာပါ)
– ကလေးက ရေဘူးကို လက်ညှိုးထိုးပြီး တောင်းတယ်ဆိုပါစို့ ….” သမီးလေးက မေမေကို ကြည့်ပါဦး….” ကြည့်ပြီဆိုမှ ” ဒါလိုချင်တာလာ.. ရေ..ဘူး” ကလေးက ဆက်ကြည့်နေမယ်ဆိုရင်..လည်ပင
⭐️ဒီနေရာမှာ ကလေးကြည့်လာပြီဆိုမှ ရေဆာလားကို မေးတယ်…သူကြည့်လာတာကို မေမေက ပြုံးပြီး ကျေနပ်ပုံပြရင်း ရေဆာ ဆိုတာနဲ့ ရေသောက် ဆိုတာကို ထပ် သင်ပေးနိုင်ပါတယ်။ ကလေးကို စကားပြောရာမှာ မမြန်စေဖို့လည်း အရေးကြီးပါတယ်။
၂- သွယ်ဝိုက်ပြီး eye- contact ကို တောင်းဆိုပါ။
**************************
ကလေးရဲ့ အကြည့်ကို သွယ်ဝိုက်ပြီးတောင်းဆိုပါ ။ ကလေးက မိမိကို မကြည့်ဘဲ သူလိုချင်တဲ့ ကစားစရာကို သာလက်ညှိုးထိုးနေတယ်ဆိုပါတော
” သမီး ဘယ်သူ့ကို တောင်းနေတာလဲ… မေမေ မသိဘူး… မေမေ့ကို တောင်းတာလား” ဆိုပြီး မိမိရဲ့ မျက်လုံးကို ကြည့်ဖို့ ညွှန်ပြပေးပါ။ #နီတိုးလေးမေမေ
၃- eye- contact အတွက် နေရမယ့် အနေအထား
**************************
⭐️ကလေးကို မျက်လုံးခြင်းဆုံကြည့်အောင်
စကားပြောတဲ့အခါ ကလေးက ထိုင်နေရင် ကလေးနဲ့ အတူ ထိုင်ပြီး ပြောတာမျိုး၊ ကလေးက လိုချင်တာကို တောင်းရင်လည်း မပေးခင် eye -contact ကို ရအောင် တောင်းဆိုရမှာဖြစ်ပေမယ့် ကလေးက ကြည့်ရလွယ်မယ့် အနေအထားကို ကိုယ်က ယူထားတာမျိုး လုပ်ရမှာပါ။
⭐️” သားလေးကြည့်တာ မေမေ ကြိုက်တယ်” လို့ပြောပေမယ့် ကလေးက မော့ကြည့်ယူရမယ့် မတ်တပ်အနေအထားဆို ကလေးက မကြည့်ချင်ပါဘူး။ သူ့အတွက် အခက်အခဲ ဖြစ်နိုင်ပါတယ်။နဂိုထဲက မျက်လုံးခြင်းဆုံမှု အားနည်းတဲ့ ကလေးဆိုရင် ပိုဆိုးပါတယ်။ မေမေက ကြည့်ပါပြောပေမယ့် သူ့အတွက် ခက်နေတဲ့အပြင် မေမေက မတ်တပ်ကြီးရပ် ၊ ဒါမှမဟုတ် အနောက်ဘက် ၊ ဘေးဘက်မှာဆို ကလေးက မကြည့်ပါဘူး။ ဒါကြောင့် ကလေးကြည့် ရလွယ်မယ့် အနေအထားမှာ မိမိတို့က နေရမှာပါ။ မျက်လုံးခြင်းဆုံ ကြည့် ချင်လာအောင် encourageလုပ်ရမှာပါ။ အားပေးရမှာပါ။
၎- ကလေးကိုပေးမယ့် အရာကို မိမိတို့ရဲ့ မျက်လုံးနားမှာ ထားပေးပါ။
**************************
ကလေးက တောင်းဆိုလာတဲ့ အရာမှန်သမျှကို မိမိ ရဲ့ မျက်လုံးနားမှာ ထားပြီးမှပေးပါ။ စားစရာ၊နို့၊အရုပ်၊ဘောလုံး၊
ကလေးက မုန့်ကို အာရုံစိုက်ပြီး မေမေ့ကို မကြည့်ဘဲမုန့်ကိုပဲ ကြည့်နေပေမယ့် ပြုံးပြီး အမူအယာလေးနဲ့ ပြောနေတဲ့ မေမေ့ရဲ့ မျက်နှာ(သို့)မျက်လုံး ကြည့်လာဖို့ရာ ဒီအနေအထားက ပိုပြီး ဖြစ်နိုင်ချေများစေပါတယ်။ သူ့အတွက် လွယ်သွားပြီလေ။ တခါမကြည့် နှစ်ခါ မကြည့်ပေမယ့် ပြုလုပ်ဖန်များလာရင် ကြည့်လာမှာပါ။
” ရော့ …ဒီမှာ သားဘောလုံး” …” နို့ဘယ်သူစို့မှာလဲ” စသဖြင့် ပြောနိုင်သလို ဘာမှမပြောဘဲ ပြုံးပြပြီး ပစ္စည်းကို မျက်လုံးနဲ့ တစ်တန်းထဲထားပေးပြီး ကိုင်ထားရင် ကလေးက စိတ်ဝင်စားပြီး မေမေတို့ကို ကြည့်လာမှာပါ။
၅- ကလေးက မျက်လုံးခြင်းဆုံကြည့်လာရင်
**************************
အစပိုင်းမှာ ရယ်စရာကောင်းတယ်လို့ ထင်စရာရှိပေမယ့် ကလေးက ကြည့်လာတဲ့ အချိန်တိုင်းမှာ ဝမ်းသာပေးပါ။ အောင်ပွဲခံပေးပါ။ လက်ခုပ်လက်ဝါးတီးပြီးပျော်ေ⭐️ ဒါဟာ တကယ့် ကို အခြေခံကျတဲ့ စိတ်ပိုင်းဆိုင်ရာ အချက်ပါ။ ကလေးပြုလုပ်တဲ့ အသေးအဖွဲလေးဆိုပေမယ့် သူပြုလုပ်တာကို အသိအမှတ်ပြုမယ့်သူ၊ ဝမ်းသာမယ့်သူရှိတယ်ဆိုတာ ကလေးကို ပြတာဖြစ်ပါတယ်။
မိဘ(သို့ မဟုတ်)ကလေးနဲ့ အနီးကပ်အနေများတဲ့ သူက ကလေးက မျက်လုံခြင်းဆုံပြီး ကြည့် လာတဲ့ အကြိမ်တိုင်းအကြိမ်တိုင်းမှ⭐️သူရဲ့ အကြည့်က ဘယ်လောက်ထိ ထိရောက်မှုရှိသလဲဆိုတာ ကလေးကို သိစေပါ။ ကလေးက မျက်လုံးခြင်းဆုံတာ များလာပြီ… Eye- contact များပြီဆိုရင်တော့ သင်သမျှ စကားတွေကို သူပိုနားလည်ပြီး မှတ်မိဖို့ အလားလာကောင်းလာပြီပေါ့….
ဒီနေရာမှာ မိမိကလေးရဲ့ အသက်အရွယ် နဲ့ လိုက်တဲ့ စကားလုံး ၊နည်းလမ်းများ သုံးပြီး ဝမ်းမြောက် ပျော်ရွှင်ပေးဖို့ လိုပါတယ်။ ငယ်သေးတဲ့ ကလေး၊ အသံကျယ်တွေကို သိပ် မယဉ်ပါးတဲ့ ကလေးတွေကိုတော့ အရမ်းအော်ပြီး ဝမ်းသာမပြဖို့တော့ လိုတာပေါ့နော်။
✅ အချိန်ပေးပါ။
**************
တစ်နေ့ကို ၁၅ မိနစ်လောက် အချိန်ပေးပြီး ကလေးနဲ့ 1:1 တစ်ယောက်ချင်း အချိန်သုံးပါ။ ဒီအချိန်ဟာ ရေချိုးချိန်၊ အိပ်ယာဝင်ချိန်၊ စာဖတ်ပြချိန်၊ ထမင်းကျွေးချိန် တွေလည်း ဖြစ်နိုင်ပါတယ်။ ကလေး နဲ့ ကစားချိန် ၊ ဒီအတိုင်းလေးပဲ သူနဲ့ တူတူနေချိန်တွေမှာလည်း ပြုလုပ်လို့ရပါတယ်။ ရိုးရိုးတန်းတန်း ကစား၊ရေချိုးနေရင်းပဲ မျက်လုံးခြင်းဆုံနိုင်မှု ကို အားပေးတဲ့ activities တွေ ထည့်လိုက်လို့ရပါတယ်။ ဒီ ၁၅ မိနစ်ဆိုတဲ့ အချိန်မှာ ကလေးက မိမိနဲ့ ပိုပြီး မျက်လုံးခြင်းဆုံလာအောင် အားပေးပြီး ကလေးရဲ့ တိုးတက်လာမှုကို မှတ်သားထားလို့ရပါတယ်။
✅မျက်လုံးခြင်းဆုံနိုင်မှုကို
**************************
▶️တူတူ ပုန်းတန်း ကစားတာဟာလည်း မျက်လုံးခြင်း ဆုံနိုင်မှုကို အားပေးပါတယ်။ ငယ်သေးတဲ့ ကလေးတွေဆို စောင်လေးပဲဖြစ်ဖြစ် ၊ ပဝါလေးနည်းပဲ ဖြစ်ဖြစ် မေမေတို့ရဲ့ မျက်နှာကို ကွယ်ထားမယ်။ ဒါမှ မဟုတ် ကလေးရဲ့ မျက်နှာကို ကွယ်ထားပြီး ပဝါကို ဖြည်းဖြည်းချင်း ဆွဲချတာပဲဖြစ်ဖြစ် ၊ ပဝါနောက်က ထွက် ဟန်ပြုတာပဲဖြစ်ဖြစ် အချိန်ဆွဲထားပြီး ကလေးက မိမိကို စိတ်ဝင်စားအောင် အသံနေထားလေးလုပ်ပြီး ” တူ…………….ဝါး” ဆိုပြီးဆော့ပေးနိုင်ပါတယ်။ အင်္ဂလိပ်လိုဆို peek-ka -boo ပေါ့ ။ ” peek- ka … Peek… Ka …….boo ” ဆိုပြီးအသံရှည် ဆွဲပြီးမှ boo ရပါမယ်။ eye- contact အားနည်းတဲ့ ကလေးတွေ အတွက် ရိုးရိုးလေးနဲ့ ပျော်စရာကောင်းပါတယ်။
▶️ မေမေတို့ လက်ညှိုးလက်မ ကို ဝိုင်းပြီးပဲ ဖြစ်ဖြစ် ၊ တစ်ရှုးထဲ က ကတ္ထူလိပ်လေးနဲ့ပဲ ဖြစ်ဖြစ် ၊ စက္ကူ ဖြူ ကိုပဲ လိပ်ကိုင်ပြီးပဲ ဖြစ်ဖြစ် ပြုလုပ်ပြီး မေမေ (သို့)ကလေးနဲ့ နေသူက ” ဟော….မြင်ရတယ်နော် …ဒီထဲကနေ မြင်ရတယ်….” ဆိုပြီး ကလေးစိတ်ဝင်စားမယ့် လေသံလေးနဲ့ ပြောပေးပြီး မှန်ပြောင်းလို ကြည့် ပြီး ကစားလို့ ရပါတယ်။ ကလေးက စိတ်ဝင်စားပြီး တဖက်က ချောင်းကြည့်တာပဲ ဖြစ်ဖြစ် ၊ သူလက်ကလေး လိုက် ဝိုင်းပြီး ကြည့် တာပဲ ဖြစ် ပြုလုပ် ရင်တော့ မေမေတို့ ကလေးရဲ့ eye- contact ရပြီပေါ့။ ကလေးက စိတ်ဝင်စားပြီး ကစားလာရင် တော့ ကစားနည်းကို ဆက်ပြီး ကစားလို့ရပါပြီ။ ကလေးက တစ်ချက်ပဲကြည့်ပြီး လှည့် သွားရင် လည်း စိတ်မညစ်ပဲ သူစိတ်ဝင်စားမယ့် အကြောင်းအရာ လေသံမျိုးလေးနဲ့ ကလေးစိတ်ဝင်စားအောင် ဆွဲဆောင်လို့ရပါသေးတယ်။ တခါမရရင် နောက်တခါ ကလေးက ကြည့်မှာပါ။
▶️ကလိထိုးတမ်း ကစားတာ ၊ ပြေးတမ်းလိုက်တမ်းကစားတာကလည
ဆပ်ပြာ ပူဖောင်းမှုတ်ခြင်းကလည်း ကလေးရဲ့ စိတ်ဝင်စားမှုကို ရစေပါတယ်။ ကလေးက မိမိကိုယ် ကြည့်လာပြီ ဆိုရင်လည်း ပျော်ပေးဖို့ မမေ့ပါနဲ့နော်။ ဆပ်ပြာပူဖောင်းမှုတ်တာဟာ ခံတွင်းက ကြွက်သားများကို လည်းသန်မာအောင် အားပေးပါတယ်။ဒါကြောင့် ကစားသင့်ပါတယ်။
▶️ကတ္ထူ စာရွက် ( သို့) ရိုးရိုးစာရွက်မှာ မျက်နှာ ဝင်ဆန့်အောင် အပေါက်ဖောက်ပြီး အပေါက်ရဲ့ ပတ်ပတ်လည်မှာ ဆံပင်၊ ဦးထုပ် စတာတွေ ဆွဲပြီး မေမေ တို့က မျက်နှာလေး သွင်းပြီး ဆွဲထားတဲ့ ဇာတ်ကောင်အတိုင်း ကလေးကို စကားပြော၊ ပုံပြင်ပြောလို့ ရပါတယ်။ ထူးဆန်းပြီးအဝိုင်းလေးက ထွက်နေတဲ့ မေမေတို့ရဲ့ မျက်နှာကြောင့် ကလေး က စိတ်ဝင်စားပြီး ကြည့် လာနိုင်ပါတယ်။ ကလေးရဲ့ စိတ်ဝင်စားမှုကို ရပြီဆိုရင်တော့ မေမေ တို့ ကတ္ထူဝိုင်းလေးက နေပြီး ကလေးတို့နဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့လို့ရပြီပေါ့။ #နီတိုးလေးမေမေ
ဥပမာ – မေမေ က စက္ကူ အဝိုင်းလေးရဲ့ အပေါ်မှာ သူနာပြု ဦးထုပ်လေး ဆွဲထားတယ်ဆိုပါတော့ ။” မင်္ဂလာပါ။ ကျွန်မ က သူနာပြု ဆရာမ ဝေဝေ ပါ။ လူနာတွေကို ပြုစုပါတယ် ။ ကျွန်မက ဆေးခန်းလာတဲ့ လူနာတွေကို သွေးလည်းတိုင်းပေးတယ်။ ဆေးလည်း ထိုးပေးပါတယ်… ဪ ဒီက အကို ကြီးက ဘာများဖြစ်လို့ပါလဲ ?” စသဖြင့် ကိုယ့်ကလေး စိတ်ဝင်စားမယ့် အကြောင်းလေး ရွေးပြောပြီး ကစားနိုင်ပါတယ်။ ဒီလိုပဲ ဇာတ်ရုပ် အမျိုးမျိုးလုပ်လို့ရပါတယ်။
▶️လက်ချောင်းလေးတွေ ထိုးပြီး ကစားလို့ရတဲ့ finger puppets ရုပ်လေးတွေနဲ့ ကစားတာဟာ ကလေးတွေရဲ့ စိတ်ဝင်စားမှုကို ရနိုင်ပြီး eye- contact တွေ တပုံ တပင်ရနိုင်တဲ့ ကစားနည်းပါပဲ။
▶️ မေမေတို့က ဦးထုပ်ဆန်းဆန်းတွေ၊အကြီးကြ
အခု ကစားနည်းတွေရဲ့ အဓိက ရည်ရွယ်ချက်က မျက်လုံးဆုံနိုင်မှု အဓိက ဖြစ်လို့ ကလေးက ပျော်ပြီးစိတ်ဝင်စားပြီး ကြည့်ဖို့ အဓိကပါ။ ကစားနည်းရဲ့ အမှားအမှန်က အဓိက မကျလို့ ကိုယ်စိတ်ကြိုက် ချဲ့ပြီး ကစားလို့ ရပါတယ်။
⭐️
⭐️
⭐️ကလေးနဲ့ ၁:၁ တစ်ယောက်ချင်း ကစားမယ့် အချိန်မှာ ဖုန်း၊ တီဗီ စတဲ့ electronic ပစ္စည်း ၊ ဘတ္ထရီနဲ့ ကစားရတဲ့ ကစားစရာတွေကို သိမ်းထားဖို့ လိုပါမယ်။ ဒါမှမဟုတ် ပိတ်ထားရပါမယ်။ဒါမှ ကလေးရဲ့ အာရုံ မပျံ့ပဲ စိတ်ဝင်စားမှု အပြည့် ရမှာပါ။ ဒီကစားစရာတွေဟာ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့ကို လူလူချင်း ကစားနည်းတွေလောက် မစေ့ဆော်နိုင်ပါဘူး။ ဒါကြောင့် ဖွံ့ဖြိုးမှုနောက်ကျသော ကလေးများကို electronic ကစားစရာများ ပေးမကစားသင့်ပါဘူး။ လူလူချင်းကစားတာ၊ရိုးရိုး အရုပ်တွေနဲ့ စိတ်ကူးယဉ် ကစားတာမျိုးတွေက ကလေးရဲ့ ဦးနှောက်ကို ပို ဖွံဖြိုးစေနိုင်ပါတယ်။
Source : မေတ္တာဖြင့်
ယုငယ်(နီတိုးလေးမေမေ)
၁၈ ဖေဖော်ဝါရီ ၂၀၁၆
Photo; Internet