စကားပြော နောက်ကျသော ကလေးများ အတွက် သုံးသပ် သင့်သော အချက်များ။
|? ကလေးက ၁ နှစ်ခွဲရှိပြီ စကားတစ်လုံးစ နှစ်လုံးစပဲပြောသေးတယ်။
? ကလေးက ၃ နှစ်ကျော်ပြီ စကားတစ်လုံးမှ မပြောဘူး။ဘယ်လိုလုပ်ရမလဲ။
? ကလေးက မေးရင်မဖြေဘူး။ စကားသိပ်မပြောဘူး။ တခြားကလေးတွေနဲ့ သိပ်မဆော့တတ်ဘူး။
? ကလေးစကားမပြောလို့ မူကြိုထားလိုက်တယ်။
? ကလေးစကားမပြောဘူး။ ကြက်ဖင်ဆီဖူးကျွေးရမယ်ပြောတ
? ကလေး စကားမပြောလို့ ဗေဒင်ဆရာ သွားမေးတာ ငါးအကောင် တစ်ရာ လွှတ်ရမယ်ပြောလို့ လုပ်ပြီးပြီး ပြောပြီလားလို့ စောင့်နေတယ်။
? ကလေး စကား မပြောလို့ သိုက်ကလာတယ်ပြောတယ်။ အမှားလုပ်ထားလို့ တဲ့ ။ဘိုးတော်ကို ၅၀၀၀၀တန် ပွဲပေးရမယ်။
? ကလေး စကားမပြောတာ ဗေဒင် ဆရာက ပြောတယ်။ မူးမြစ်ရေကို တိုက်ရမယ်တဲ့ ။
? ကလေး က မျိုးရိုးလိုက်တာ။ သူအချိန်တန်ရင် သူ့ဖာသာပြောလိမ့်မယ်။စောင့်
အထက်က စကားတွေကို ဖေဖေ မေမေတို့ ကြားဖူးသလိုရှိပါသလား? ကိုယ်တိုင်ကော တွေးဖူး၊လုပ်ဖူး ပါသလား?။
ကလေးစကားပြောအောင် ကြက်ဖင်ဆီဖူး ကျွေးချင်ကျွေးလို့ရပါတယ်။ ကြက်ဖင်ဆီကနေ ကလေးက အသားဓါတ်နဲ့ အဆီဓါတ်တော့ ရမှာပါ။ စကားပြောဖို့ ဦးနှောက်ကို ဘာမှ အထောက်အကူ မပြုနိုင်ပါဘူး။
ယတြာခြေတာနဲ့ ပွဲပေးတာတွေက မိမိတို့ရဲ့ ယုံကြည်ရာမို့ သေချာမပြောတတ်ပေမယ့် စကားပြောတယ်ဆိုတာ ဦးနှောက်ရဲ့ အလုပ်ဖြစ်တာမို့ ကလေးတို့ စကားပြောလာဖို့ လေ့ကျင့်ပေးမယ့်နည်းလမ်းတွေ
ဘာသာစကားဆိုတာ ဦးနှောက်ရဲ့ အလုပ်သက်သက်ပါ။ ဘာသာစကားတစ်ခုကို တတ်မြောက်ဖို့ အမြင်၊အကြား၊ အပြုအမူတွေကနေ သင်ယူရတာပါ။ ဒါတွေကို အလုပ်လုပ်ရတဲ့ ဦးနှောက်ရဲ့ အာရုံကြောအစိတ်အပိုင်းလေးတေ
ကလေးတစ်ယောက်ဟာ ၂ နှစ် ၃ နှစ်ကျော် လာလို့ စကားမပြောသေးရင် တစ်ခုခု လိုအပ်ချက်ရှိနေလို့ပါ။ ကလေးဟာ မျိုးရိုးလိုက်လို့ စကားပြောနည်းရင် သူသိပ်စကားမပြောဘဲ စကားပြောနည်းတာပဲ ရှိပါမယ်။ သူလိုအပ်လို့ ပြောရမယ့် စကားကို ပြောတတ်ရပါမယ် ပြောတတ်သင့်ပါတယ်။ ဒါကြောင့် စကားမပြောသေးရင် စောင့်မနေဘဲ သူဘာလိုအပ်လဲလို့ သိအောင် လုပ်ပြီး ဖြည့်ဆည်းကူညီပေးသင့်လှပါတယ
ကလေးဟာ ရုပ်ပိုင်းဆိုင်ရာ ဖြစ်တဲ့ နား၊ မျက်စိ၊ခံတွင်းစတာတွေ ပုံမှန် ကောင်းမွန်တယ်။ အာရုံကြောပိုင်းဆိုင်ရာ ရောဂါ ( autism, speech delay, ADHD)အထွေအထူးမရှိဘူး ဆိုရင် ကလေးရဲ့ နေ့စဉ်ဘဝ ကို ပြန်သုံးသပ်သင့်ပါတယ်။
⁉️ကလေးပတ်ဝန်းကျင်က လူတွေက ကလေးကို ဘယ်လိုဆက်ဆံနေကြပါလဲ။
⁉️ကလေးဟာ တစ်နေ့တစ်နေ့ ဘယ်လို activity ရှိပါသလဲ။
⁉️ဘာသာစကား တစ်မျိုးထက်ပိုပြီး ကလေးက ကြားနေရတာလား။
⁉️ကလေးရဲ့ fine motor skill( လက်ချောင်းကလေးတွေရဲ့ အနုစိတ် တိုးတက်မှု) gross motor skill( ခြေလက်တွေရဲ့ သန်မာတိုးတက်မှု) တွေ အားလုံး အဆင့်အလိုက် ကိုက်ညီပါလား။
⁉️ကလေးဟာ အစားအစာကို သေချာ ဝါးစားတတ်တာ၊ဆပ်ပြာ ပူဖောင်း မှုတ်တတ်တာ၊ ပါးစပ် အနေအထားအမျိုးမျိုးနဲ့ အသံများ ပြုလုပ်တတ်တာ စတဲ့ အပြုအမူများ ပြုလုပ်ပြီး ခံတွင်းရှိ ကြွက်သားများ သန်မာမှု ရှိပါသလား။
ဒါတွေကို မိဘများ သုံးသပ်သင့်ပါတယ်။ ၂ နှစ်ခွဲ ၃-နှစ် ဖြစ်လာလို့ ကလေးဟာ စကား ကောင်းကောင်းမပြောသေးဘဲ နောက်ကျနေပြီဆိုရင် သူစကားပြောလာအောင် သူ့ဦးနှောက်ကို stimulateလုပ် နိုးဆွရမှာပါ။ သင်ကြားပေးရမှာပါ။ အလိုလို ဖြစ်မလာနိုင်ပါဘူး။ ခေါင်းကိုက်ရင် ခေါင်းကိုက် ပျောက်ဆေးသောက်ရသလို၊ သောက်လိုက်ရင် သက်သာသွားသလို စကားမပြောရင် ပြောလာအောင် နည်းလမ်းလေးတွေနဲ့ ( မျှော်လင့်ချက်အပြည့်နဲ့) ကလေးကို ကူညီပေးရင် သင်ကြားပေးရင် သက်သာလာပါလိမ့်မယ်။
ကလေးဟာ အိမ်မှာနေတဲ့ အချိန်တော်တော်များများမှာ အမေ(သို့) ကလေးပြုစုသူနဲ့ပဲ နေရတယ်။ အဲဒီပုဂ္ဂိုလ်ကလည်း စကားနည်းတယ်။ ကလေးကို ထမင်းကျွေး သန့်ရှင်းလုပ်ပေးတာလောက်ပဲရ
ကလေးကို တီဗီ၊ဖုန်း၊တပ်ဗလက်တွေပေးထာ
ကလေးဟာ မုန့်၊ ရေ၊ကစားစရာ၊ စာအုပ်စတာတွေကို တောင်းဆိုစရာမလို အရာရာ မိဘက အရမ်းလိုက်လုပ်ပေးနေတာမျိုး
သာသာစကားတစ်မျိုးထက်ပိုကြား
တစ်ချို့ ကလေးတွေက အမြင်အာရုံ ( visual learning) နဲ့ သင်ယူတတ်ပြီးတစ်ချို့က အကြားအာရုံ ( auditory learning)နဲ့ သင်ယူပါတယ်။ ဥပမာ – စာအုပ်လို့ သင်ပေးရင် visual learner က စာအုပ်ဆိုပြီး ကိုင်ပြ၊ပုံပြ မှ ပိုမှတ်မိပါတယ်။ သားပြေးလာလို့ ပြောရင် ပြေးဆိုတာကို ကလေးသိအောင်၊ လုပ်တတ်အောင်၊လိုက်ပြောအောင
⭐️
⭐️
⭐️ကလေးစကားမပြောသေးလို့ မူကြိုသွားထားလိုက်တယ် ဆိုရာမှာလည်း မူကြိုက ကလေးရဲ့ အခြေအနေပေါ်လိုက်ပြီး ဆက်ဆံသင်ကြားပေးရင်တော့ ကလေးအတွက် အကျိုးရှိပြီး ပိုအဆင်ပြေနိုင်ပါတယ်။ပုံမှ
မေတ္တာဖြင့်
ယုငယ်(နီတိုးလေးမေမေ)
၆ ဇန်နဝါရီ ၂၀၁၅