(၃) လမှ (၆)လ အရွယ် ကလေးငယ်များ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းစွာ ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်မလဲ

၁. ပွေ့ဖက် နမ်းပေးဖို့လိုတယ်

ကလေးငယ်နဲ့ ထိတွေ့ပြီး ရင်းနှီးမှု တည်ဆောက်ဖို့ လိုအပ်ပါတယ်. ကလေးတွေက သူတို့ရဲ့ ဗိုက်ကို လေနဲ့ မှုတ်တာ အင်မတန် နှစ်ခြိုက်ပါတယ်…

၂. ပြုံးပြပါ

သင့်ကလေးရဲ့ မျက်လုံးကို ကြည့်ပြီး ပြုံးပြတာဟာ သင်ရဲ့ အချစ်တွေနဲ့ ဂရုစိုက်မှုကို ဖော်ပြတဲ့ နည်းလမ်းတစ်မျိုးပါပဲ ….. ဒါကြောင့် ပြုံးပြဖို့ မမေ့နဲ့နော်

၃. ဆူညံသံလေးတွေ ပြုလုပ်ပါ

သူတို့ ခေါင်းတွေ ဟိုဘက် ဒီဘက်လှည့်လာအောင် အသံမြည်တဲ့ အရုပ်လေးတွေအသုံးပြုပါ…..သူတို့က အသံလာရာ အရပ်ကို လိုက်ရှာရင်း အသံမြည်တဲ့ အရုပ်လေးကို စိတ်ဝင်တစား လိုက်ရှာပါလိမ့်မယ်..ဒါဟာ ကလေးငယ်များရဲ့ ခေါင်းလေ့ကျင့်ခန်း တစ်မျိုးလို့ ပြောလို့ရပါတယ်

၎. လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ပေးပါ

ကလေးတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရအောင် ကြမ်းပြင်ပေါ်မှာ ချပေးထားဖို့ လိုအပ်ပါတယ်…ပုခက်၊ ကွင်းထိုင်ခုံ စတဲ့ နေရာတွေက သင့်ကလေးအတွက် လွတ်လွတ်လပ်လပ် လှုပ်ရှားဖို့ အခက်အခဲရှိပါတယ်…. သင့်ကလေး လှုပ်ရှားမှုနဲ့ ပတ်သတ်ပြီး တိုးတက်ချင်တယ်ဆိုရင် ပုခက်တို့ လမ်းလျှောက်ကွင်းထိုင်ခုံတို့ ထဲမှာ အကြာကြီး မထားဖို့ အကြံပေးပါရစေ….

၅. အရုပ်ကလေးတွေသုံးပြီး မြူဆွယ်ပါ

ကလေးငယ်တွေရဲ့အရှေ့ သို့မဟုတ် အပေါ်မှာ အန္တရယ်မဖြစ်တဲ့ အရုပ်လေးတွေ တွဲလျောင်းချိတ်ထား ပေးပါ။ အရုပ်လေးတွေ အပေါ်မှာ ချိတ်ထားပေးရင် ကလေးငယ်ရဲ့ ကျောအောက်မှာ ဖော့ချပ်လေးတွေ ခင်းထားပေးဖို့ လိုအပ်ပါတယ်…. ဒီလို ချိတ်ထားပေးတဲ့ အကျိုးရလဒ်ကတော့ ကလေးငယ်လေးတွေက သူတို့ မျက်လုံးတွေနဲ့ သဘောကျတဲ့ အရာဝတ္ထုကို အာရုံစိုက် ကြည့်တတ်လာပြီး အဲ့သူ့လက်ကလေးတွေနဲ့ ဖမ်းမိအောင် ကြိုးစားလာမှာပဲ ဖြစ်ပါတယ်… ဒါ့အပြင် သူတို့ ခြေထောက်လေးတွေနဲ့ အရုပ်ကို သွားကန်တတ်ပြီး ခြေထောက်လှုပ်ရှားမှု အတွက်ပါ အထောက်အကူဖြစ်ပါတယ်….

၆. ထိုင်ခိုင်းပါ

ကလေးငယ်အတွက် ထိုင်တာက အင်မတန် သက်တောင့်သက်သာ ရှိတာမို့ C ပုံသဏ္ဍာန် ရှိတဲ့ ကူရှင် သို့မဟုတ် ခေါင်းအုံးတွေ အများကြီးရဲ့အလယ်မှာ ပေးထိုင်ပါ။ ဒီလို ပေးထိုင်ခြင်းအားဖြင့် ပြုတ်ကျပြီးထိခိုက်မဲ့ အန္တရယ် က နေ စိုးရိမ်စရာ မလိုတော့ပဲ ကလေးငယ်ကို လည်း သူ့ရဲ့ ကြွက်သားတွေ အသုံးပြုပြီး ထိန်းညှိ တတ်တဲ့ အလေ့အကျင့် ကို ပါ လေ့ကျင့်ပြီးသား ဖြစ်ပါတယ်။