ရုံးသွားတဲ့ မေမေ၊ အလုပ်များသော မေမေ၊ အိမ်နေသော မေမေများ ကလေးအကြီး အသက်သိပ်မကွာသော မေမေများ အတွက် မိခင်နို့ စနစ်တကျ သိမ်းနည်း

နို့ညစ်တိုက်မယ် ၊ နို့ပိုတွေစနစ်တကျသိမ်းမယ်၊ ရုံးသွားတဲ့ မေမေ၊ အလုပ်များသောမေမေ၊ အိမ်နေသောမေမေများ ကလေးအကြီးအသက်သိပ်မကွာသောမေမေများ
နို့မုန့်မတိုက်ချင် အမေနို့ပဲတိုက်ချင်သောမေမေများ အတွက်

**နို့ညစ်တိုက်တဲ့အကျိုးကျေးဇူး
– ၃နာရီတခါထတိုက်တာထက် တခါတလေ နို့ညစ်ထားတော့ညပိုင်း ၆နာရီဆက်တိုက်အိပ်နိုင်ပါတယ်။ ကြားချိန်တချိန်ကို အမျိုးသားကကူညီတိုက်ပေးနိုင်တယ်။ သို့မဟုတ် နာစ်ကိုတိုက်ပေးနိုင်တယ်။
-ကလေးသောက်လို့ပိုတာညစ်ထားတော့ နို့ထွက်အားပိုတိုးလာပါတယ်။
-အပြင်သွားစရာရှိလဲ နို့ညစ်ထားတာတွေတိုက်နိုင်လို့ ကလေးကိုအိမ်မှာထားခဲ့သည်ဖြစ်စေ အပြင်ခေါ်သွားသည်ဖြစ်စေ ဝတ်ချင်တာဝတ်နိုင်ပါတယ်။ -နို့တိုက်ဖို့အဆင်ပြေတဲ့နေရာရွေးစရာမလိုပါဘူး။
-နို့အပိုတွေသေချာစနစ်ကျသိမ်းထားတော့ တချိန်နို့နည်းသည်သွာခဲ့ရင် ပြန်လည်အသုံးပြုနိုင်ပါတယ်။
-နို့ညစ်စက် နို့ထည့်အိတ်တွေ အပိုငွေကုန်ပေမယ့် နို့မုန့်ဖိုးထက်စာရင် ပိုသက်သာစေပါတယ်။ တကယ်လို့ ငွေကုန်ကျတာတူနေရင်တောင် မိခင်နို့ကပိုတန်ဖိုးမဖြတ်နိုင်ပါဘူး။

**နို့ညစ်တိုက်တာဆိုးကျိုးကတော့
– နို့ညစ်ဖို့ အချိန်ပေးရတယ် ဆေးကြော သန့်ရှင်းရေးဂရုစိုက်ရတယ်။
-သေချာခဲထားဖို့ ပြန်လည်နွေးဖို့တွေမှာ အဆင့်ဆင့် အလုပ်ရှုပ်စေတယ်။
-ဝမ်းလျောတာတွေကတော့ နို့ညစ်သိမ်းစဉ်နဲ့ နို့ပြန်နွေးချိန် မသန့်ရှင်းမှုကြောင့်ပါ။ မိခင်နို့ညစ်တိုက်လို့ဖြစ်တာမဟုတ်ပါ။ (မသန့်ရှင်းပဲ နို့ဗူးတိုက်လို့လျောတယ်လို့မပြောကြပါနဲ့)
-နို့ပုံမှန်ညစ်ပေးရပါတယ်။

**နို့ညစ်ဖို့လိုအပ်သည့်ပစ္စည်းများ
-လက်ညှစ် သို့ စက်ညစ်စက် (ပုံ(8)မှာ ကျမသုံးတဲ့ စက်ညှစ်စက်ပြထားပါတယ်၊ အရမ်းမနာပဲ နို့ထွက်ကောင်းတယ်)
-နို့သိမ်းရန်အိတ်
-နို့သီးခေါင်းလိမ်းခရင် (နို့ကိုမနာစေရန် လိမ်းထားပေးရပါတယ်၊ နို့နာလျှင် ကွဲလျှင် နို့ညစ်လို့မရပါ)
-နို့ဗူး
-နို့ဗူးပေါင်းစက် (နို့ဗူးကို မီးနဲ့ကြိုလဲရပေမယ့် အပူချိန်တွေမတူရင် နို့ဗူးတွေ ပျက်တတ်ပါတယ်)
– နို့ဗူး အခြောက်ထားရင် stand (ပေါင်းပြီးသားနို့ဗူးကို အဝတ်ဖြင့် သုတ်လို့မရပါ၊ အဝတ်တွေမသန့်ပါ )
-နို့ပြန်နွေးရန် ရေနွေးဖြင့် ခဏခဏစိမ်နေရလို့ နို့နွေးစက်လေးနဲ့ဆိုပိုအဆင်ပြေပါတယ်။
-နို့ဗူးဆေးရန်ဆပ်ပြာရည်၊ ဖော့
-နို့နွေးထားရန်ထည့်ရန်အပူခံအိတ်

**Cooler kit ပုံ (9)

ရုံးသွားတဲ့မေမေတွေက ညစ်ထားတဲ့နို့ကို cooler kit အိတ်ထဲထည့်သိမ်းပြီး အိမ်ပြန်ယူလာနိုင်ပါတယ်။ အထဲမှာရေခဲခြောက်ထုတ်ရှိပါတယ်။ ရေခဲခြောက်ထုတ်ကိုလဲ မသုံးခင်ခဲပြီးမှအိတ်ထဲထည့်သုံးပါ။
နို့သိမ်းရန် ညစ်ပြီးသော နို့ကို
ဇစ်ပါသော နို့သီးသန့်ထည့်သောအိတ်တွင် ထည့်ပြီး ရုံးမှာညစ်ထားတဲ့နို့ကိုခဏသိမ်းထားတာပါ။ရုံးမှာရေခဲသေတ္တာရှိရင် အသုံးပြုနိုင်ပါတယ်၊ ပြန်လာတဲ့လမ်းခရီးအတွက် cooler kit ( ရေခဲဗုံး) လိုအပ်ပါမယ်။ အိမ်ရောက်တာနဲ့ ရေခဲသေတ္တာထဲသိမ်းလို့ရပါတယ်

နို့အပြင်သို့ယူဆောင်ရာ
အပြင်ထွက်လို့ နို့တွေယူသွားရင်လဲထည့်ယူသွားနိုင်ပါတယ် ။ freezer ထဲထည့်တဲ့နို့ခဲထုတ်တွေကို ဒီထဲထည့်သယ်သွားပါတယ်။ ဒီအိတိထဲထည့်အပြင်သယ်သွားမယ့် နို့ရေခဲထုတ်ကိုတော့ ရေခဲသေတ္တာထဲပြန်သိမ်းလို့မရတော့ပါဘူး။
Cooler kit အိတ်ထဲထည့်ထားပြီးသောနို့က ၂၄နာရီအတွင်းတိုက်ရမှာပါ။

**နို့ခဲထုတ်များ ပြန်လည်အသုံးပြုပုံ

ပြန်လည်အသုံးပြုတဲ့အချိန်မှာ စည်းကမ်းချက်တွေ သန့်ရှင်းမှုတွေတော့ လိုက်နာမှ ကလေးဝမ်းမှာပျက်ဝမ်းလျောမဖြစ်ပါ။ ပြန်နွေးတဲ့အချိန် နို့ပျက်မပျက်ကိုသတိထားကြည့်ပါ။

နို့ညစ်ပြီး နို့သီးသန့်သိမ်းရသောအိတ်တွင် အချိန် ရက်စွဲ ပမာဏတွေ မှတ်ထားပါ။
နို့ညစ်ပြီးရင် ကိုယ်ငွေ့ကြောင့်နွေးတာကို အရင် အနွေးပြယ်အောင် အပြင်မှာပဲထားပါ
ရလျှင် ရေခဲသေတ္တာရိုးရိုးအခန်းမှာ နာရီဝက်ထားပီး ရေခဲသေတ္တာအခဲခန်းသို့ ပြောင်းရွေ့ပါ ဖရီဇာသီးသန့်ရှိလျှင် ဖရီဇာထဲသို့ရွေ့ထားပြီးအခဲခံပါ
freezer ထဲထည့်တာပါ။
စစချင်းထည့်ရင် အိတ်ကိုလဲထားရပါတယ်။ နေရာအရ ယူလို့လွယ်အောင် ဒေါင်လိုက်ပြန်စီထားတာပါ။ နို့သိမ်းထားသော နေရာများကိုခဏခဏမဖွင့်ပါနဲ့ သတ်မှတ်ထားသော အအေးလျော့ပြီး နို့ပျက်လွယ်မှာစိုးလို့ပါ။
ထုတ်ပီးမသုံးဖြစ်ရင်ပြန်သိမ်းလို့မရတော့ပါ။
နောက်ရက် တွေအသုံးပြုမယ့် နို့ကိုသိမ်းမည်ဆိုလျှင် အခဲခန်းထဲထည့်စရာမလိုပါ။ ရေခဲသေတ္တာရိုးရိုးအအေးခန်းတွင်သာထားနိုင်ပါတယ်။

**ညစ်ပြီးသားနို့များအား ထားနိုင်သော အချိန်အတိုင်းအတာများ ပုံ(1)

ရေခဲသေတ္တာထဲမထားပဲအပြင်မှာထားပီး ပြန်တိုက်လျှင် ၂နာရီမှ ၄နာရီအတွင်း
Cooler bag ဆိုလျှင် ၂၄နာရီအတွင်း
ရေခဲသေတ္တာရိုရိုးခန်းတွင်ထားပါက ၃ရက်မှ၈ရရက်
ရေခဲသေတ္တာ အခဲခန်းဆိုလျင်
၃လမှ၆လ
ဖရီဇာသီးသန့်နှင့်ဆိုလျှင် ၆လမှ တနှစ်ပါ
(သတိပြုရန်မှာ cooler kit ထဲမှ ညစ်ပြီးသားနို့များကို သယ်ဆောင်ပြီး အိမ်ရောက်ရင် အအေးခန်း အခဲပြန်လုပ်နိုင်ပေမယ့် ခဲထားသော နို့ထုတ်ကို အသုံးပြုမည်ဆိုပြီး cooler kit နဲ့ သယ်လာပြီးရင်တော့ အအေးခန်းထဲပြန်ထည့်မရပါ ၂၄နာရီအတွင်း သုံးရပါမည်။ )

အခြားသတိထားရမည့်အချက်များမှာ-
တံခါးအနီးတွင်မထားရပါခဏခဏ ဖွင့်လိုက်ပိတ်လိုက်လုပ်ရသောရေခဲသေတ္တာဆိုလျှင် ဖော်ပြထားတာထက် သက်တမ်းတိုပါတယ် မြန်မြန်ပြန်သုံးရပါမယ်။
နို့ဗူးကို ကလေးစစို့တတ်အောင် ဆေးရုံဆင်းအိမ်ရောက်ကတည်းက လေ့ကျင့်တိုက်ရပါမယ် ။ အမေနို့ကော နို့ဗူးကော မျှနေအောင် တိုက်မှပါ၊ ကလေးနို့ဗူးရွေးတယ်ဆိုတာ အကြီးတုန်းက ၃လမှစနို့ညစ်တိုက်လို့ အော်ရင်သနားချက်ချင်းနို့လှန်တိုက်ရာကနေ နို့ဗူးတိုက်ဖို့ ချွေးထွက်တယ်။ အငယ်တယောက်ကတော့ ဆေးရုံဆင်းစလေ့ကျင့်တော့ မအော်ဘူး။ နို့ဗူးလဲ avent /pigeon ၂မျိုလုံးစို့တယ်။ အမေနို့လဲ စို့တယ် အိပ်ခါနီးစို့လိုက်ရရင်ပိုကျေနပ်တယ်။ ဝမ်းပျက်ဝမ်းလျောက ကလေး၂ရောက်လုံးတခါမှမဖြစ်ဖူးပါ။ ဗူးတိုက်လို့ဝမ်းလျောတယ်ပြောကြသူများ သန့်ရှင်းမှုကို ပိုဂရုစိုက်ပေးကြပါ။

**ပြန်အသုံးပြု ပုံကတော့
မနက်ဖန်သုံးရန် ဒီညတွင်
အခဲခန်းမှ ရိုးရိုးခန်းသို့ပြောင်းပါ ။
အခဲပြယ်စေရန် ရေအေးဖြင့်အရင်စိမ်လဲရပါတယ်။ ရေကိုတဖြေးဖြေး အေးရာမှနွေးသွားတဲ့ရေဖြင့် သွန်လိုက်စိမ်လိုက် စိမ်ရင်း နို့ပြန်နွေးပါတယ်။
ရေအေးနဲ့စိမ်ပြီး နို့ဗူးနွေးစက်ရှိပါက နွေးနိုင်ပါတယ်။ အဓိကကတော့
နို့နွေးရာမှာ မီး၊မိုင်ခရိုဝေ့ဖြင့် နွေးလို့မရပါ။
အရမ်းအေးခဲနေတာကို အရမ်းပူအောင်ချက်ချင်းမလုပ်ပါနဲ့။
ခုပဲညစ်ထုတ်ထားတာကို ချက်ချင်းအခဲခံတာတွေမလုပ်ပါနဲ့။
နို့မှာရှိတဲ့အာဟာရဓာတ်ပြယ်သွားနိုင်ပါတယ်။
နို့မှာရှိသော အသက်ရှိသော ဆဲလ်များသေဆုံးသွားမှာပါ။
နို့ညစ်စက် နို့သိမ်းဖို့ဆိုရင် သန့်ရှင်းမှုတွေပိုဂရုစိုက်ရပါမယ်။
နွေးပြီးသားနို့တွေကို ၂နာရီမှအလွန်ဆုံး ၄နာရီအတွင်း တိုက်ပါ။ တိုက်လို့မကုန်ပါက ထပ်သုံးလို့မရတော့ပါ။

နို့သီးသန့်သိမ်းတဲ့အိတ်နမူနာပုံစံပါ။ ဒီလိုအလျားလိုက်ချပီး ခဲရတာပါ။ အသားငါးတွေနဲ့ရောသိမ်းလို့မရပါဘူး။

ဒုတိယကလေးမွေးတုန်းက မှတ်တမ်းပါ
နို့အပိုတွေစသိမ်းနေတာပါ ပုံ (5)
5 ရက်မြောာက် တဘက်- 60ml
6 ရက်မြောက် ၂ဘက်ပေါင်း 180ml
7 ရက်မြောက် ၂ဘက်ပေါင်း 210ml
?????
Fighting fighting fighting ???????????????

အမြင့်ဆုံး နို့ပိုညစ်သိမ်းနိုင်တာကတော့ တဘက်တည်းကို
500ml ပါ။ ပုံ ( 4& 5)

နို့များများထွက်အောင် ဘယ်လိုလုပ်မလဲ
-နို့ညစ်စက်ပဲအားကိုးလို့မရပါ၊ ကလေးစို့မှပိုထွက်တာပါ။ ကလေးက ညာဘက်စို့ရင် စို့ပြီးတာနဲ့ ဘယ်ဘက်ကိုညစ်တယ် သိမ်းတယ်၊ နောက်တကြိမ် ဘယ်ဘက်ကိုစို့စေတယ် ညာဘက်ကိုညစ်တယ် ၊ အဲလိုနဲ့ နို့ထွက်များလာစေပါတယ်၊
-ပုံမှန်ကလေးကို တိုက်ပေး သို့ ညစ်ပေနေမှ ပိုထွက်ပါမယ်။ နို့က စို့တာဖြစ်ဖြစ် ညစ်လိုက်လို့ထွက်နေသရွေ့ နို့ကပိုပိုထွက်ပါတယ်။
-ကလေးငယ်တုန်း နို့ထွက်များသူများ ကလေးစို့ပြီးသားဘက်မှ နို့ကျန်နေလျှင် ကုန်အောင် ညစ်ထုတ်ပေးပါ၊
-ကိုယ်ဝန်ရှိစဉ် နို့သီးခေါင်းသန့်ရှင်းရေး၊ နို့ကိုနှိပ်နယ်ပေးခြင်းပြုလုပ်ပါ။
-နို့ရည်ကြည်ကို ကိုယ်ဝန်၇လမှစ ထွက်မထွက် ညစ်ကြည့်ပါ။
-နို့ကြောင်းရှင်းအောင် နို့ထွက်ကောင်းအောင် ကိုယ်ဝန်ရှိစဉ် နှင့် နို့တိုက်စဉ်တလျှောက် ကိုယ်ဝန်သည်နှင့် နို့တိုက်မေမေများသောက်ရသော တီးများ၊ နို့မှုန့်များ သောက်ပေးပါ။ (ကျမသောက်သော နို့ကြောင်းရှင်း နို့လိုင်တီးကို ပုံ(7)မှာပြထားပေးပါတယ် ကိုယ်ဝန်၇လမှ နို့တိုက်နေသရွေ့သောက်နိုင်ပါတယ် နို့တိုက်မိခင်အတွက်သီးသန့်ပါ ကျမလက်စွဲ နို့လိုင်တီးပါ)
-နို့ထွက်ကောင်းစေသော အစားအသောက်များစားပါ။ အခွံမာသီး နှင့် တခြားအာဟာရရှိသည်များ အစုံစားနိုင်ပါတယ်။
-မီးဖွားပြီးချိန် ရေအေးမသောက်ပဲ နို့လိုင်တီး ကြက်စွတ်ပြုတ်ရည်၊ အစရှိတာတွေ ရေအစားသောက်ပေးတယ် တရက်ကို အရည်က ၃လီတာလောက်သောက်ဖြစ်တယ်။
-ကိုယ်ဝန်စရှိစဉ်မှ နို့တိုက်နေသရွေ့ ကိုယ်ဝနိဆောင်အားဆေးတွေသောက်ပါတယ်။ (အိုဂျီကိုမေးပါ)

အားလုံးအဆင်ပြေကြပါစေ။

မေတ္တာဖြင့်
မာမီအိုင်း