ငှက်ပျောပူတင်း

အနံ့ မွှေးမွှေးလေးနဲ့ အတွင်းထဲက ပျော့ပျော့ အိအိလေးနဲ့ စားလို့ အရမ်းကောင်းတဲ့ ငှက်ပျောသီးချိစ် ပူတင်းလေးကို ကစ်ကစ်လေးကတော့ အရမ်းကြိုက်ပါတယ်။
အဟာရလည်းပြည့်ဝလို့ မေမေတို့လည်း လုပ်ကျွေးကြည့်ပါဦးနော်။

* Oven မရှိရင်လည်း ရေနွေးလေးနဲ့ ပေါင်းလို့လည်းရပါတယ်။*

 

banana cake 2

ကြက်ဥ ၂လုံး
အကာ နဲ့ အနှစ်သက်သက်စီ ခွဲထားပါ။
ငှက်ပျောသီး ၂လုံး
ချိစ် ၂တုံး
ထောပတ် လက်ဖက်ရည်ဇွန်း ၂ဇွန်း
နွားနို့ ၁၀ml
ကျက်အောင် ကြို ထားပါ။
သကြား လက်ဖက်ရည်ဇွန်း ၃ဇွန်း

banana cake 3

ငှက်ပျောသီး နဲ့ သကြားကို ကြေအောင် မွှေပေးပါ။

banana cake 4

ချိစ်ထည့်ကာမွှေပါ။

banana cake 5

ကြက်ဥအနှစ်ထည့်ကာ မွှေပေးပါ။
banana cake 6
နွားနို့ ထဲကို ထောပတ်ထည့်ကာ ထောပတ်အရည်ပျော်အောင် ခဏအပူပေးပြီးမှ ငှက်ပျောသီးအနှစ်ထဲထည့်ကာမွှေပါ။
ငှက်ပျောသီးအနှစ်ကို ကျွန်မကတော့ Hand Mixer ကို အသုံးပြုပြီးမွှေပါတယ်။
လက်နဲ့မွှေရင်တော့ ၅မိနစ်မှ ၁၀မိနစ်ခန့် သေချာလေး နာနာမွှေပါ။
banana cake 7
ကြက်ဥအကာကိုလည်း ပွလာအောင်မွှေပါ။
၁၀မိနစ်ခန့် နာနာခလောက်ပါ။
အကာထဲမှာ အနှစ်ရောပါသွားရင် ပွမလာပဲ အရည်တွေပဲ ဖြစ်နေမှာပါ။
ကြက်ဥခွဲ ကတည်းက သေချာလေး ခွဲပေးပါ။
banana cake 8
ကြက်ဥအကာတွေထည့်ကာ မွှေပါ။
banana cake 9
အသာအယာလေး သမအောင်မွှေပါ။
Oven ကို ၁၅၀°C နဲ့ ၁၀မိနစ်ခန့် ကြိုအပူပေးထားပါ။
banana cake 11
မုန့်ဖုတ်မယ့် ခွက်ကလေးတွေထဲကို ထည့်ပါ
Oven မှာ ၁၅ မိနစ် ခန့် ဖုတ်ပါ။
banana cake 10
အတွင်းထဲကလည်း ပွပွ အိအိလေးနဲ့ စားကောင်းလို့ ကလေးတွေ အရမ်းကြိုက်ကြမှာပါ။