Cot Death(Cot= ပုခက်, Death=သေခြင်း= ပုခက်ထဲသေခြင်း)

-အနောက်နိုင်ငံက ဘာသာပြန် ဆောင်းပါးတွေကိုဖတ်ပြီး တချို့မိဘများ စိတ်ပူလို့ မေးကြပါတယ်. ကျွန်မကလေး ပုခက်နဲ့ အိပ်လို့ရလား?

-Cot death ဆိုတာ “ဘာရောဂါမှ မရှိတဲ့ ၁ နှစ်အောက် ကလေး အိပ်ပျော်ရင်း သေသွားတဲ့ ပြဿနာပါ.” ။ ပုခက်နဲ့ သိပ်ရင် သေတယ်လို့ ဘာသာပြန်ရေးသူတွေကြောင့် နားလည်မှုလွဲသူတွေ များနေပါတယ်။

-၆ လ အောက် ကလေးငယ်များမှာ အဖြစ်များပြီး သေတဲ့အကြောင်းရင်းရှာမတွေ့ပါဘူး။

-မိခင်နို့တိုက်ကျွေးရင် ကာကွယ်နိုင်ပြီး မိဘ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကလေး အဝလွန်ခြင်းနဲ့ စပ်ဆက်မှု ရှိကြောင်း တွေ့ရှိရပါတယ်။

-ဘယ်လို ကာကွယ်မလဲဆိုတော့
*ကလေးနဲ့ တစ်ခန်းထဲအိပ်ပါ။

*တစ်အိပ်ရာထဲ အလွန်နီးကပ်စွာ မအိပ်ပါနဲ့။

*အိပ်နေသော ကလေးကို စောင် အနှီး အထူကြီး ပတ်ပေးတာ ရှောင်ပါ။

*အိပ်တဲ့ အခန်း လေဝင်လေထွက်ရှိပါစေ။

*ပက်လက်ကုလားထိုင်နဲ့ ဆိုဖာ ဆက်တီခုံများပေါ် အိပ်ပျော်နေသော ကလေးကို ဘယ်တော့မှ မချထားခဲ့ပါနဲ့။

*ကလေးအိပ်ရာထဲတွင် ကလေးကိုယ်ကို ဖိနိုင်သော နှာခေါင်းနှင့် ပါးစပ်ကို ပိတ်မိနိုင်သော အရုပ်ကြီးများ ထည့်မထားပါနဲ့။

*၆ လအောက် ကလေးများကို ပက်လက်ပဲ ပေးအိပ်ပါ။ မှောက်သွားလျှင် သတိနှင့်ပြန်လှည့်ပေးပါ။ မှောက်သွားလျှင် မျက်နှာ ဖိမိပြီး အသက်ရှူရပ်နိုင်ပါတယ်။ ၆ လ ကျော် သော ကလေးများက ကိုယ်တိုင် လိမ့်တတ်ပြီဖြစ်၍ အသက်ရှူ မရတာနဲ့ သူတို့ ဦးနှောက်က ကိုယ်ခန္ဓာကို ပြန်လှည့်ဖို့ အလိုလို သတိပေးပါလိမ့်မယ်။

အာရှနိုင်ငံများတွင် မိဘနှင့် ကလေးငယ် တစ်ခန်းထဲ အိပ်သော ရိုးရာ အလေ့အထကြောင့် ဤ ပြဿနာ အလွန်နည်းပါသည်။ စိတ်သိပ်မပူပါနှင့်။ ပုခက်က ကလေး ပြုတ်မကျနိုင်သော၊ ခေါင်းနှင့် ခြေလက်များ မညှပ်မိနိုင်သော၊ လုံခြုံစိတ်ချရသော ပုခက် ဖြစ်နေသရွေ့ သိပ်နိုင်သည်။

#နေနေမိုးဆွေ -Child Health Myanmar Page
#naynaymoeswe