' /> ကလေးတို့အတွက် အာလူးကြော် – Burmese Baby

ကလေးတို့အတွက် အာလူးကြော်

Mcdonald’s က french fries 🍟 ကြိုက်တဲ့သမီးအတွက် Homemade အာလူးတစ်လုံးကိုကြော်ပေးလိုက်တယ် သန့်ရှင်းလတ်ဆတ်တယ် အရည်အသွေးမှီတယ်

အာလူးအကြီးတစ်လုံးကိုအခွံခွ
အချောင်းလေးတွေရွယ်တူလှီး
အဖြူတွေကုန်အောင် ရေအထပ်ထပ်ဆေး ရေအေးအနည်းဆုံး တစ်နာရီလောက်စိမ်ထား
ရေစစ် ရေစုတ်တစ်ရှူးလေးနဲ့သုတ်
ဆီကိုမြုတ်အောင်ထည့်ပြီး ဆီပူလာပြီဆိုထည့်ကြော် အပေါ်ယံလေးတင်းလာပြီဆို ဆယ် ဆီစစ်(အိုးကျပ်အောင်မကြော်ရ နှစ်ခါခွဲကြော်ပါတယ်) နောက်တစ်ခါပြန်ကြော် ရွှေရောင်သန်းရင် ဆယ်ပြီး ဆီစစ် (နှစ်ကြိမ်ကြာ်ရမှာပါ)ဆားလေးနည်းနည်းလေးဖြူးပြီး ခွက်ထဲမှာခလောက်လိုက်ယုံပဲ
အေးသွားလည်းအပေါ်လေးကကျွတ်အထဲကအိအိလေးပါ။